တပ်မတော်ခန်းမတွင် ကျင်းပမည့် Auto & Power Expo Myanmar 2017


Auto Expo Myanmar(2017)ပြပွဲကြီးတွင် နိင်ငံ(၈)နိင်ငံမှ အင်ပြည့်အားပြည့်ပါဝင်ပြသမည်ဖြစ်သည်။

အိန္ဒိယထိုင်း ၊ တရုတ် ၊ ကိုရီးယား ၊ မလေးရှား ၊ ဗီယက်နမ် ၊ မြန်မာ ၊ ထိုင်ဝမ် တို့မှ ှပြပွဲဝင်ရောက်ပြသသူပေါင်း(၁၂၀)မှပြခန်းပေါင်း(၁၇၃)ခန်းတို့ဖြင့်စည်ကားသိုက်မြိုက်စွာခင်းကျင်းပြသမည်ဖြစ်ပါသည်။

ထိုပြပွဲကြီးမ ှလုပ်ငန်းရှင်များတစ်ဦးနှင့်တစ်ဦးကုန်သွယ်မှုဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲများ(၁၀၀၀)ကျော်ရှိမည်ဟုခန့်မှန်း၍အပိုပစ္စည်းအစိတ်အပိုင်းများနှင့်ပါဝင်ပစ္စည်းများအမေရိကန်ဒေါ်လာ(၂၅)သန်းကျော်ဖိုးအရောင်းအဝယ်ဖြစ်မည်ဟုခန့်မှန်းထားပါသည်။

Auto Expo Myanmar(2017)တွင် ပြပွဲပြသသူများထဲမှနာမည်ကြီးများဖြစ်သည့် HER CHEE INDUSTRIAL နှင့် UNI AUTO PARTS MANUFACTURE တို့ပါဝင်အားဖြည့်ထား၍ Power Myanmar (2017) တွင် TAYA (VIETNAM) , ELECTRIC WIRE & CABLE ,

GOOD WILL INSTRUMENT , ALLIS ELECTRIC , ETEREBRIGHT SOLARCORPORATION and MYANMAR TATUNG COMPANY တို့ပါဝင်မည်ဟုသိရပါသည်။

ယခုနှစ်ပြပွဲကြီးတွင် ပထမဦးဆုံး ထိုင်းနိင်ငံနှင့် အခြားနိင်ငံများလဲပါဝင်ကာပြသသွားမည်ဖြစ်ပါသည်။

Taiwan Excellence Pavillion နေရာတွင် ထိုင်ဝမ်နိုင်ငံ၏ အကောင်းဆုံးဆုရ ထိုင်ဝမ်ကုန်ပစ္စည်းအမှတ်တံဆိပ်(၃၀)ကျော်မှ ထုတ်ကုန်ပေါင်း(၆၀)ကျော်ကိုသီးသန့်နေရာတစ်ခုဖြင့်ပြသသွားမည်ဖြစ်ပါသည်။

အဆိုပါကဏ္ဍကြီးနှစ်ခုကို TWTC(Taopei World Trade Center Co.,LtD) နှင့် Yorkers Trade & Marketing Co.,LtD တို့မှပူးတွဲကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။

MIA မှ ပြပွဲအားပူးပေါင်းအားဖြည့်ထားသည့်အပြင် UMFCCI ၊ MAMDA နှင့် AGTI တို့ကလည်းအထောက်အပံ့ပေးတားပါသည်။

သတင်းစာရှင်းလင်းပွဲဧ။် ရည်ရွယ်ချက်မှာယခင်မျိုးဆက်တွင်အကြောင်းအမျိုးကြောင့်ယခုလိုပွဲမျိုးရှားပါးခဲ့သောကြောင့်မျိုးဆက်သစ်လူငယ်တို့ကိုအခွင့်အရေးရခိုက်တွင်စိတ်ပါဝင်စားစွာလေ့လာစေလိုခြင်းဖြစ်သည်။  

 
Read 650 times