ပတ်ဝန်းကျင် လေသန့်စနစ် Audi စမ်းသပ်


ပတ်ဝန်းကျင် လေသန့်စနစ် Audi စမ်းသပ်

 

TO GET INSTANT UPDATE 
Join Telegram Channel 
https://t.me/Guid4U

 

မြို့ပြလေထု ညစ်ညမ်းမှုကို တစ်နည်းတစ်လမ်းဖြင့် ဖြေရှင်းပေးဖို့ Audi က စမ်းသပ်အဖြေရှာနေပါတယ်။ 
ကားမောင်းနှင်နေစဉ်နှင့် အားသွင်းနေစဉ် ပတ်ဝန်းကျင်လေထုကို သန့်စင်ပေးဖို့ Audi က ၎င်းထံ ယာဉ်ပစ္စည်းပေးသွင်းသူ Mann+Hummel နှင့် လက်တွဲပြီး စမ်းသပ်မှုများ ဆောင်ရွက်နေပါတယ်။ 
Mann+Hummel က လေစစ်၊ လေဆန်ကာ အထူးပြု လုပ်ကိုင်တဲ့ လုပ်ငန်း ဖြစ်ပါတယ်။
ရှေ့ပြေးစမ်းသပ်မှု စီမံကိန်းကို ၂၀၂၀ မှာ စတင်ခဲ့ပါတယ်။ လက်တွေ့စမ်းသပ်မှုများကို ၂၀၂၄ အထိ ၄ နှစ်ခန့် လုပ်ဆောင်ပါမယ်။ 
လက်တွေ့ကျကျ သုံးစွဲနိုင်တဲ့ အဆင့်ဖြင့် Audi အီးဗီကားများမှာ မပါမဖြစ် ထည့်သုံးမယ်လို့ Audi ရဲ့ ဖွံ့ဖြိုးရေးဌာနမှူး စီမံကိန်း မန်နေဂျာ Fabian Groh က ပြောကြားပါတယ် 
  

Audi လေသန့်စနစ်က လေထြထဲမှ အမှုန်အမွှားများကို နည်းလမ်းနှစ်သွယ်ဖြင့် သန့်စင်မှာ ဖြစ်ပါတယ်။ ကားမောင်းနှင်နေစဉ် လေကိုခွင်းပြီး ရှေ့သို့ ရွေ့လျားစဉ် တိုးဝင်လာတဲ့ လေများကို လေစစ်များဖြင့် စစ်ပေးမှာ ဖြစ်ပါတယ်။ ကားဘက်ထရီ အားသွင်းနေစဉ် ပန်ကာဖြင့် လေကို စုပ်သွင်းယူပြီး လေစစ်များဖြင့် စစ်ပေးမှာ ဖြစ်ပါတယ်။ 

 

 


သာမန်အားဖြင့် ကားကို ရပ်နားထားစဉ်မှာတော့ လေစစ်တဲ့အလုပ်ကိုလည်း ရပ်နားထားပါတယ်။ 
တစ်ချိန်က ကားမီးခိုးမှ အမှုန်အမွှားများကြောင့် မြို့ပြလေထု ညစ်ညမ်းစေခဲ့ပါတယ်။
နောင်တစ်ချိန်မှာ ကားတွေက မြို့ပြလေထုကို သန့်စင်ပေးကြတော့မှာ ဖြစ်ပြီး ကားတွေ များလေ မြို့ပြလေထု ပိုသန့်လေ ဖြစ်မယ်လို့ Fabian Groh က ပြောကြားပါတယ်။
Source gizchina

Read 181 times