ကွင်း၄ကွင်း Audi လိုဂို ဒီဇိုင်းအသစ် ပြောင်းလဲ


ကွင်း၄ကွင်း Audi လိုဂို ဒီဇိုင်းအသစ် ပြောင်းလဲ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ကမ္ဘာပေါ်တွင် အမှတ်မိနိုင်ဆုံးသော လိုဂိုများထဲမှ တစ်ခုဖြစ်ပြီး မှတ်ဉာဏ်မှ ပြန်ဆွဲထုတ်ရန် အလွယ်ကူဆုံး လိုဂိုများထဲမှ တစ်ခုဖြစ်တဲ့ ကွင်း၄ကွင်း Audi လိုဂိုကို ဒီဇိုင်းအသစ် ပြောင်းလဲလိုက်ပါတယ်။
လိုဂိုအသစ်ကလည်း ယခင်လိုဂိုအတိုင်း ဆင်ဆင်တူပါတယ်။ ကွာခြားချက်ကတော့ ပြားလိုက်တာ ဖြစ်ပါတယ်။ ဆိုလိုချင်တာက လိုဂိုတံဆိပ်က ပုံသဏ္ဌာန်အားဖြင့် ယခင်နှင့် ယခု အတူတူပင် ဖြစ်သော်လည်း ယခုလိုဂိုအသစ်မှာ ပြားချပ်ချပ် flat logo ဖြစ်ပါတယ်။ အနားစောင်း ထိုးပေးထားတဲ့ ဖောင်းကြွသွင်ပြင် မရှိတော့ပါဘူး။


"ပိုမိုဖြူစင်၊ ပိုမိုလျှော့ချ၊ ပိုမိုတပြေးညီ" ဖြစ်သွားတယ်လို့ Audi ရဲ့ brand မဟာဗျူဟာရှင် Frederik Kalisch က ပြောကြားပါတယ်။
"တစ်ဘက်မှာ ကျယ်လောင်ပြီး အလွန်ရဲရင့်တယ်။ အခြားတစ်ဘက်မှာ တည်ငြိမ် ဖြူစင်သန့်ရှင်းတယ်' လို့ ဆိုပါတယ်။
အလျား အနံ အမြင့် အတိုင်းအတာ ၃ ခုမှာ လိုဂိုအသစ်က အတိုင်းအတာ ၂ ခုသာ ရှိပါတယ်။ ပုံပန်းသဏ္ဌာန် မပြောင်းလဲပေမဲ့ ခေတ်ဆန်သွားတယ်လို့ ဆိုပါတယ်။
"ကျွန်ုပ်တို့သည် ၄ ကွင်းကို နေရာတိုင်းမှာ အမြင်မှာ အတူတူပင် ဖြစ်စေလိုသည်။ မဂ္ဂဇင်း စာမျက်နှာမှာ၊ စမတ်ဖုန်းစခရင်မှာ၊ ဘေဘုတ်မှာ၊ ကားအပြင်မှာ၊ ကားအတွင်းမှာ ဘယ်နေရာမှာဖြစ်ဖြစ် အမြင်မှာ တူနေစေလိုပါသည်" လို့ Audi က ပြောကြားပါတယ်။
Audi လိုဂို ၄ ကွင်းက ကုမ္ပဏီ ၄ ခုကို ကိုယ်စားပြုပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀ ၊ ၁၉၃၂ ခုနှစ်မှာ ဂျာမနီမှ ကားများ ထုတ်လုပ်နေတဲ့ ကုမ္ပဏီ ၄ ခု Audi, DKW, Horch, Wanderer တို့ ပေါင်းစည်းလိုက်ကြပြီး ကုမ္ပဏီ တစ်ခုတည်းအဖြစ်  Auto Union AG ကို ထူထောင်ပါတယ်။ နောက်တော့ ကုမ္ပဏီအမည်ကို AUDI AG လို့ ပြောင်းလဲလိုက်ပါတယ်။ ကုမ္ပဏီ ၄ ခု လက်ချင်းချိတ်ထားတာကို ကွင်း ၄ ကွင်း ချိတ်ထားခြင်းဖြင့် ထင်ဟပ်ပြသထားတဲ့ ၄ ကွင်း လိုဂိုကို စတင်အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။
Source creativebloq
 

Read 5726 times