ထိုင်းမှာ Atto 3 ထက် Dolphin ရောင်းအား ပိုကောင်းခဲ့ဟု BYD ပြောကြား


ထိုင်းမှာ Atto 3 ထက် Dolphin ရောင်းအား ပိုကောင်းခဲ့ဟု BYD ပြောကြား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

ပြီးခဲ့သည့် ရက်ပိုင်းက ပြသခဲ့သည့်  40th Thailand International Motor Expo ကားပြပွဲတွင် BYD သည် အမှာစာ ၅,၄၅၅ စီး လက်ခံရရှိခဲ့ပြီး အမှာစာ တတိယအများဆုံး လက်ခံရရှိခဲ့သည့် ကားအမှတ်တံဆိပ် ဖြစ်ခဲ့ကြောင်း ဒီဇင်ဘာလ ၁၄ ရက်တွင် BYD က ကြေညာချက် ထုတ်ပြန်သည်။

ပထမအများဆုံးမှာ တိုယိုတာ (၇,၂၄၅ စီး) ဖြစ်ပြီး ဒုတိယအမျာဆုံးမှာ ဟွန်ဒါ (၆,၁၄၉ စီး) ဖြစ်ပါသည်။ 


 

BYD သည် Atto 3၊ Dolphin၊ Seal၊ Yangwang U8 နှင့် Denza N7  မော်ဒယ်ငါးခုကို ပြသခဲ့သည်။  Atto 3 သည် တရုတ်ပြည်တွင် Yuan Plus မော်ဒယ်အမည်ဖြင့် ရောင်းချသော မော်ဒယ်ဖြစ်ပြီး ပြည်ပဈေးကွက်များတွင် Atto 3 မော်ဒယ်အမည်ဖြင့်သာ ရောင်းချပါသည်။ ပြည်ပဈေးကွက်များသို့ အဦးဆုံး တင်ပို့ခဲ့သည့် မော်ဒယ် ဖြစ်ပါသည်။

အမှာစာ ၅,၄၅၅ စီး လက်ခံရရှိခြင်းသည် BYD  လျှပ်စစ်ကားများ၏ စွမ်းဆောင်ရည်နှင့် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုများကို ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုထားကြောင်းကုိ သက်သေ ပြသနေသည်ဟု  BYD Thailand မှ အထွေထွေမန်နေဂျာ Ke Yubin က ပြောကြားသည်။


 ငွေကြေးအရ ထိုက်တန်‌ေသာ တန်ဖိုးရှိခြင်း၊ နည်းပညာ ဆန်းသစ်တီထွင်မှုနှင့် ပြည်တွင်း ကားစီးသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းတို့ဖြင့် BYD အီးဗီများ၏ ထက်သန်သော ယှဉ်ပြိုင်နိုင်စွမ်းကို မှတ်ကျောက်တင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

 

BYD မော်ဒယ်များတွင် နိုဝင်ဘာလမှာ BYD Dolphin အရောင်းရဆုံး ဖြစ်ခဲ့သည်။  ထိုင်းနိုင်ငံ၏ အရောင်းရဆုံး လျှပ်စစ်ကားမော်ဒယ် ဖြစ်ခဲ့ပြီး ၂,၈၂၅ စီး ရောင်းချခဲ့သည်။ Atto 3  ဒုတိယနေရာကို ရရှိခဲ့ပြီး ၁၄၄၂ စီး ရောင်းချခဲ့သည်ဟု Ke က ပြောကြားသည်။


Atto 3 သည် ထိုင်း၊ စင်ကာပူ၊ နယူးဇီလန်၊ ဘရာဇီးတို့တွင် ရောင်းအား ဆက်လက်ကောင်းမွန်နေဆဲဟု BYD က ပြောကြားပါသည်။

ထိုင်းနိုင်ငံတွင် BYD သည် ထိုင်းပြည်တွင်းမှာ အီးဗီများ ထုတ်လုပ်ရန် စက်ရုံတစ်ရုံကို တည်ဆောက်လျက်ရှိသည်။
၂၀၂၃ ခုနှစ် မတ်လ ၁၀ ရက်နေ့တွင် BYD သည် ၎င်းစက်ရုံအတွက် ပန္နက်ချ အခမ်းအနား ကျင်းပခဲ့ပါသည်။ WHA Rayong 36 စက်မှုဇုန်တွင် တည်ရှိပြီး ဧရိယာစတုရန်းမီတာ ၉၆၀,၀၀၀ နီးပါး ရှိပါသည်။
နောက်နှစ် ၂၀၂၄ ခုနှစ်တွင် ထုတ်လုပ်မှု စတင်မည် ဖြစ်ပြီး တနှစ်လျှင် အစီးရေ တစ်သိန်းခွဲခန့် ထုတ်လုပ်နိုင်ပါသည်။ 


Source CnEVData 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 837 times