တောင်ပံဒီဇိုင်းအသစ်ဖြင့် မာန်ဝင့်ထည်မယ့် Aston Martin


တောင်ပံဒီဇိုင်းအသစ်ဖြင့် မာန်ဝင့်ထည်မယ့် Aston Martin


လျှပ်စစ်မော်တော်ယာဉ် ခေတ်ဦးဆီသို့ ကားထုတ်လုပ်ရေးလုပ်ငန်းများ မောင်းနှင်နေကြချိန်မှာ ပိုင်ရှင်လက်ပြောင်းခဲ့ပြီးသည့်နောက် စီမံခန့်ခွဲရေးအသစ်ဖြင့် ပြန်လည်လန်းဆန်းလာတဲ့ အိမ်စီးပြိုင်ကားလုပ်ငန်း Aston Martin က ခေတ်အဆက်ဆက် ကျော်ကြားခဲ့တဲ့ တောင်ပံတံဆိပ်တော်ကို လျှပ်စစ်ကားခေတ်သစ်သို့ ဝင်ရောက်ရန် ဒီဇိုင်း ပြောင်းလဲလိုက်ပါတယ်။ 

ပြန်လည်ပြင်ဆင်ထားတဲ့ တံဆိပ်တော်က ၁၉၃၂ ခုနှစ်မှာ ပေါက်ဖွားခဲ့တဲ့ Aston Martin တောင်ပံတံဆိပ်တော်မှာ “Aston Martin”  စာသားကို စည်းဝိုင်းခတ်ထားတဲ့ အဝိုင်း ဖြုတ်ချခဲ့ခြင်း၊ မျဉ်းတွေကြားမှာ အကွေးများထည့်ခြင်း စသဖြင့်  ခေတ်အဆက်ဆက် မွမ်းမံပြင်ဆင်လာခဲ့ကြတာကို အမွေဆက်ခံထားပါတယ်။ 


ပုံ

ယခုနောက်ဆုံး ဒီဇိုင်းရဲ့ လက်ရာရှင်က Peter Saville ဖြစ်ပါတယ်။ တံဆိပ်တော်ကို ပိုတက်ကြွအောင် မွမ်းမံထားတယ်လို့ သူက ဆိုပါတယ်။ 
အခုလို တောင်ပံတံဆိပ်တော်ကို ဒီဇိုင်းအသစ် ပြောင်းဖြစ်သွားခဲ့တာကက Aston Martin အတွက် ကြော်ငြာလှုပ်ရှားမှု အသစ်များ စတင်ဆောင်ရွက်ခဲ့ရာမှာ တံဆိပ်တော် မွမ်းမံဖို့လည်း အချက်တစ်ချက်အဖြစ် ပါဝင်ခဲ့ပါတယ်။ 

Aston Martin တောင်ပံတံဆိပ်တော်ကို သက်တမ်း ၂၀၃ နှစ် ရှိပြီဖြစ်တဲ့ တံဆိပ်အမျိုးမျိုး ထုတ်လုပ်ရေးလုပ်ငန်း Vaughtons က ပင်တိုင် ထုတ်လုပ်ပေးပါတယ်။ လုပ်ငန်းစဉ်တစ်လျှောက် လက်နှင့် လူရဲ့စွမ်းရည်တို့ကို အားကိုးအားထား ပြုထားပါတယ်။ တံဆိပ်လုပ်ငန်းစဉ် ပုံအချို့ကို အောက်မှာ ဖော်ပြပေးထားပါတယ်။ 

ဒီဇိုင်းအသစ် တောင်ပံ တံဆိပ်တော်ကို ၂၀၂၃ မှာ ထုတ်လုပ်မယ့် ရှေ့ခြမ်းမှာ အင်ဂျင်ထိုင်ထားမယ့် အိမ်စီးပြိုင်ကားမော်ဒယ်မှာ စတင်အသုံးပြုမှာ ဖြစ်ပါတယ်။ 
French Grand Prix ပြိုင်ကားပြိုင်ပွဲမှာ ပါဝင်တဲ့ Aston Martin F1 အဖွဲ့ရဲ့ ပြိုင်ကားတွေမှာလည်း ဒီဇိုင်းအသစ် တောင်ပံ တံဆိပ်တော်ကို တပ်ဆင်အသုံးပြုမှာ ဖြစ်ပါတယ်။ ၁၉၂၂ မှာ Aston Martin ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက်ပါဝင်ခဲ့ ပြိုင်ကားပြိုင်ပွဲ grand prix မှာ တပ်ဆင်ခဲ့တဲ သက်တမ်း နှစ် ၁၀၀ ရှိ တံဆိပ်တော်နှင့် အတူတွဲပြီး အသုံးပြုမယ်လို့ ဆိုပါတယ်။ 


ဗြိတိန် အခြေစိုက် Aston Martin က  ပိုင်ရှင်အသစ် လက်ထဲမှာ စီမံခန့်ခွဲရေးကိုလည်း လူလဲခဲ့ပါတယ်။ အီတလီ အိမ်စီးပြိုင်ကားလုပ်ငန်း Ferrari မှာ အကြီးတန်းရာထူးဖြင့်  လုပ်ကိုင်ခဲ့ဖူးတဲ့သူတွေကို ခေါ်ခန့်ထားပြီး စီအီးအို၊ နည်းပညာအရာရှိချုပ် စသည့် ရာထူးတာဝန်များ ပေးအပ်ထားပါတယ်။ 

 
အင်ဂျင်ကို နောက်ခြမ်းမှာ မထားဘဲ ရှေ့ခြမ်းမှာ ထားရှိတဲ့ ကားဒီဇိုင်းများဖြင့် အိမ်စီးပြိုင်ကားများကို ထုတ်လုပ်လျက် ရှိပြီး ဟိုက်ဘရစ်မော်ဒယ်ကို ၂၀၁၄ မှာ ထုတ်လုပ်ဖို့ အစီအစဉ် ရှိပါတယ်။ လျှပ်စစ်ကားကိုတော့ ၂၀၂၅ မှာ ထုတ်လုပ်မှာ ဖြစ်ပါတယ်။  ပထမဆုံး ထုတ်မယ့် အီးဗီမော်ဒယ်က အိမ်စီး ပြိုင်ကား ဖြစ်ကြောင်း အတည်ပြုပါတယ်။ နောက်တစ်နှစ် ၂၀၂၆ မှာ လျှပ်စစ် SUV  ထုတ်လုပ်ဖို့ ရည်မှန်းထားပါတယ်။ 

#MyanmarAutomobileGuide
Telegram Channel
https://t.me/Guid4U
Source: motorauthority

 

 

 

 

 

Read 712 times