ထိုင်းပြည်တွင်း ပထမဆုံး ထုတ်လုပ်သည့် အိတ်ဆောင် အီးဗီ အားသွင်းကိရိယာ Anitech  စတင်ရောင်းချ 


ထိုင်းပြည်တွင်း ပထမဆုံး ထုတ်လုပ်သည့် အိတ်ဆောင် အီးဗီ အားသွင်းကိရိယာ Anitech  စတင်ရောင်းချ 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Anitech အမှတ်တံဆိပ်ဖြင့် အီလက်ထရွန်နစ်ပစ္စည်းများ ထုတ်လုပ်ခြင်းအတွက် ကျော်ကြားသော Smart ID Group သည် ထိုင်းနိုင်ငံ၏ ပထမဆုံးပြည်တွင်းတွင် ထုတ်လုပ်သော အိတ်ဆောင်လျှပ်စစ်ကားအားသွင်းကိရိယာကို ထုတ်ဖော်ပြသခဲ့သည်။

 Thai Industrial Standards လက်မှတ်ရရှိထားသော အရည်အသွေးမြင့် အားသွင်းကိရိယာကို Anitech EV-One ဟု အမည်ပေးထားသည်။ 
Smart ID Group သည် လူသုံးကုန် အီလက်ထရွန်းနစ်ပစ္စည်း ထုတ်လုပ်ရေးကဏ္ဍတွင် သက်တမ်း ၁၈ နှစ် ရှိပြီ ဖြစ်သည်။ 

ကုမ္ပဏီ တည်ထောင်သူနှင့် စီအီးအို Thomas Hongpakdee က ဘက်ထရီသုံး လျှပ်စစ်ကားများ battery electric vehicles (BEVs) နှင့် ပလပ်ထိုး အားသွင်း ဟိုက်ဘရစ် လျှပ်စစ်ကားများ plug-in hybrid vehicles (PHEVs) များ အကျုံးဝင်သည့် အီးဗီစျေးကွက်များသည် ထိုင်းပြည်တွင်းနှင့် နိုင်ငံတကာ နှစ်မျိုးစလုံးသည် အစီးရေ မြင့်တက်နေသည့် လမ်းကြောင်းပေါ်တွင် ရောက်ရှိနေသည်ဟု ပြောကြားသည်။ ကမ္ဘာ့ရောင်းအား အစီးရေ ၁၅ သန်း ရှိမည်ဖြစ်ပြီး နောက်နှစ်တွင် ၁၇.၉ သန်းအထိ ရှိလာမည်ဟု ၎င်းက ပြောကြားသည်။

Anitech အမှတ်တံဆိပ်ဖြင့် EV-One အားသွင်းစက်များ ထုတ်လုပ်ရန် တပ်ဆင်ရေးလိုင်းအတွက် တစ်နှစ်ကျော် အချိန်ယူပြီး ဘတ် ၅ သန်းကျော် ရင်းနှီးမြှုပ်နှံကာ အကောင်အထည် ဖော်ခဲ့သည်။
အရည်အသွေး ထိပ်တန်းထုတ်ကုန် ဖြစ်နေစေပြီး ရောင်းချပြီးနောက် ဝန်ဆောင်မှုများလည်း ဆက်လက်ပေးအပ်သွားမည်။
တစ်နှစ်လျှင် EV-One ခုရေ ၁,၀၀၀ ကျော် ရောင်းချရန် လျာထားသည်။
အီးဗီ ပိုင်ရှင်များအပြင် ထိုင်းနိုင်ငံတွင် အီးဗီထုတ်လုပ်သူများကိုပါ ရောင်းချနိုင်ဖို့ ရည်မှန်းထားသည်။ 

Anitech EV-One တွင် Type 2 charger head ကို သုံးထားပြီး power current ၄ မျိုး ချိန်နိုင်သည်။ ဈေးနှုန်းမှာ ဘတ် ၁၂,၉၉၀ ဖြစ်သည်။ တနှစ် အာမခံ ပေးသည်။ ရောင်းချပြီးနောက် ဝန်ဆောင်မှုများ ရာသက်ပန် ရရှိမည် ဖြစ်သည်။

Source Thaiger
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 1164 times