ဗီယက်နမ်မှ Airlios က လျှပ်စစ်ကားပျံ ပြသ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ဗီယက်နမ်နိုင်ငံ ဟံနွိုင်မြို့အခြေစိုက် Airlios က ၂၀၂၄ ခုနှစ်တွင် စီးပွားဖြစ် ရောင်းချရန် စီစဉ်ထားသည့် ပျံသန်းနိုင်သော လျှပ်စစ်ကားကို သရုပ်ပြခဲ့ပါသည်။
Flying-car ယာဉ်ပျံကို ကုမ္ပဏီအမည် Airlios ဟု ပေးထားပြီး တစ်ယောက်စီး ယာဉ်ပျံဖြစ်ပါသည်။
မြေပြင်မှ ထောင်လိုက် အထက်သို့ ၁၀ မီတာ အမြင့်သို့ ရောက်အောင် ၁၀ စက္ကန့်ဖြင့် ပျံတက်နိုင်ပါသည်။ အဆိုပါအမြင့်သို့ ရောက်ပြီးသည့်အခါ ရှေ့သို့ ပြင်ညီအလိုက် တစ်နာရီ ကီလိုမီတာ ၁၀၀ အမြန်နှုန်းအထိ ပျံသန်းနိုင်ပါသည်။
ဆန္ဒရှိပါက အမြင့် ၁၂၀ မီတာအထိ တက်နိုင်ပါသည်။ ၄၄ ထပ် အဆောက်အဦ အမြင့်ဝန်းကျင်အထိ ပျံတက်နိုင်ခြင်း ဖြစ်ပါသည်။
ယာဉ်တွင် ဘက်ထရီ ၈ ထုပ် ပါပြီး 30-kilowatt ဖြင့် အားသွင်းရပါသည်။ အားသွင်းချိန် အကြာဆုံး ၇~၉ မိနစ် ဖြစ်ပါသည်။
ကိုယ်ထည်ကို အလူမီနီယမ်သတ္တုစပ်နှင့် ကာဘွန်ဖိုင်ဘာတို့ဖြင့် တည်ဆောက်ထားသည်။
လူမှ ထိန်းကျောင်း၍ ဖြစ်စေ၊ အလိုအလျောက်ဖြစ်စေ ပျံသန်းနိုင်ပါသည်။
နမူနာထုတ်လုပ်ထားသည့် ယာဉ်ပျံသည် ၃၃ ကီလိုမီတာခရီးကို ယာဉ်ပျံအတက်အဆင်း ကြာချိန်အပါအဝင် မိနစ် ၂၀ ကြာမြင့်ပါသည်။
အမြင့် ကီလိုမီတာ ၁၂၀ အထိ တက်ပြီး ပျံသန်းခဲ့ခြင်း ဖြစ်ပါသည်။
၎င်းနမူနာယာဉ်ပျံကို ခရီးမိုင်အားဖြင့် ကီလိုမီတာ ၁,၀၀၀ ၊ ပျံသန်းကြာချိန်အားဖြင့် နာရီ ၁၀၀ စမ်းသပ်ထားပါသည်။
"အခု ပရောဂျက် ၇၀-၈၀% ပြီးသွားပါပြီ" ဟု ကုမ္ပဏီ၏ နည်းပညာအရာရှိချုပ် Mai Thien Vu က VnExpress မီဒီယာသို့ ပြောကြားခဲ့သည်။
"ကျွန်တော်တို့ ၂၀၂၃ နှစ်ကုန်မှာ Airlios စီးပွားဖြစ် ဗားရှင်းအသစ်ကို စတင်ပျံသန်းရန် လျာထားပါတယ်" ဟု ၎င်းက ပြောကြားသည်။
Airlios မှ မန်နေဂျာများနှင့် အင်ဂျင်နီယာများသည် လွန်ခဲ့သည့် ငါးနှစ်ခန့်က ပျံသန်းနိုင်သော ကားများ ဖန်တီးရန် စတင်စဉ်းစားခဲ့ကြကြောင်း ၎င်းက ပြောကြားပါသည်။
စီစဉ်ထားသည့်အတိုင်း ပျံသန်းနိုင်ခဲ့လျှင် Airlios သည် အရှေ့တောင်အာရှတွင် ပထမဆုံး ပျံသန်းနိုင်သည့် ကားပျံ ဖြစ်လိမ့်မယ်။
ပုံမှန်ဗားရှင်းသည် $81,000 ခန့်ကျသင့်မည်ဖြစ်သည်။
Airlios သည် $99,000 အထိ တန်ဖိုးရှိသော အခြားသော မော်ဒယ်များကိုလည်း ရောင်းချမည်ဖြစ်သည်။
အရှေ့တောင်အာရှတွင် စင်ကာပူ၊ မလေးရှားနှင့် အင်ဒိုနီးရှားတို့သည် အနာဂတ်တွင် ပျံသန်းနိုင်သော တက္ကစီဝန်ဆောင်မှုကို စတင်ရန် စီစဉ်နေပါသည်။
Source vnexpress
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U