ကားတွေထဲမှာမပါမဖြစ် Airbag systemရဲ့ စတင်မူ


 

ကားတွေထဲမှာမပါမဖြစ် Airbag system နည်းပညာရဲ့ စတင်မူက 1952 ခုနှစ် တနင်္ဂနွေနေ့တစ်နေ့ မှာ ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုတစ်ခုကနေ စီးဆင်းလာတယ်လို့ Airbag system ရဲ့ inventor John W. Hetrick က မှတ်ချက်ပေးထားပါတယ်။ သူ့မိန်းမနဲ့သမီးကားမောင်းသွားချိန်မှာ သမင်တစ်ကောင်ကိုရှောင်ဖို့ ဂျောက် ထဲထိုးဆင်းမိပြီး မတော်တဆဟန်ချက်မထိန်းနိုင်လိုက်တဲ့အခါ၊ မိဘနှစ်ယောက်လုံးက သမီးကိုကာကွယ်ဖို့ လက်တွေကိုအလိုအလျောက် ဒိုင်းကားတစ်ခုအဖြစ်နဲ့လည်းကာခဲ့ရပါတယ်လို့ထုတ်ဖော်ပြခဲ့ပါတယ်။

မတော်တဆမှုဖြစ်ပြီးချိန်မှာတော့ Hetrick က  “ကားအရှေ့ဘက် Dashboard ထဲကနေ တစ်ခုခု ထွက်လာပြီး နောက်တစ်ခေါက်သာ ငါ့ကားတစ်နေရာရာတိုက်မိလို့ ဒဏ်နည်းနည်းလျှော့ပေးနိုင်မဲ့အရာတစ်ခုခုထွက်လာရင်ကောင်းသား” ဆိုတဲ့အကြံပေါ်လာပြီး အဲဒီအကြံကို အကောင်အထည်ဖော်မယ့် မူကြမ်းပုံများကို တစ်ခါတည်း ဆွဲထုတ်ခဲ့တယ်လို့ ဆိုပါတယ်။

သူ့အကြံက ဒုတိယမြောက်ကမ္ဘာ့စစ် ကာလထဲက တွေ့မြင်ခဲ့ရတဲ့မတော်တဆမှုတစ်ခုကနေလည်း အကြံတွေရခဲ့ပါတယ်။ တိုက်ပွဲအတွင်း Torpedo(ရေအောက်အ‌မြှောက်)တစ်လုံး ပြုပြင်နေစဉ် အတွင်းရှိ Compressed Air ချက်ချင်းပွင့်ထွက်သွားပြီး Canvas Cover ဟာ မျက်နှာကျက်ထိပျံသွားတာကို မြင်တွေ့ခဲ့ခြင်းက Airbag system ကိုအကောင်အထည်ဖော်ဖို့တစ်လှမ်းနီးကပ်လာစေခဲ့တယ်လို့ သိရပါတယ်။

Hetrick ရဲ့ မူလ Airbag Patent မှာ Spring-loaded Trigger Mechanism တစ်ခု အသုံးပြုထားပေမယ့် လက်တွေ့အသုံးချမယ်ဆိုရင် အလုပ်မလုပ်နိုင်တဲ့ အခက်အခဲရှိစေခဲ့ပြီး သူ့ဖန်တီးမှုကနေ ဘယ်လို စီးပွားရေးအကျိုးအမြတ်မျိုးမှ မရရှိခဲ့ပါဘူး။ ယနေ့ခေတ် Airbag တွေက Sodium Azide၊ Potassium Nitrate နဲ့ Silicon Dioxide တို့ကြား Chemical Reaction ကနေ ထွက်လာတဲ့ Nitrogen Gas ကို အသုံးပြုပြီး စက္ကန့်ပိုင်းအတွင်း အလွန်မြန်ဆန်စွာ ဖောင်းတက်လာစေပါတယ်။

ဒီ Airbag systemရဲ့ ပထမဦးဆုံး Head-on Collision(မတော်တဆ) အဖြစ် စာရင်းဝင်ဆယ်တန်းမှတ်တမ်းမှာတော့ 1990 ခုနှစ် Culpeper, Virginia တွင် ဖြစ်ပွားခဲ့ပြီး ကားမောင်းသူနှစ်ဦးလုံး အနာအနည်းငယ်သာ ရခဲ့ကြောင်း မှတ်တမ်းပြုထားပါတယ်။

Read 188 times