ထိုင်း အီးဗီစက်ရုံများအတွက် Aion ဘတ် ၆ ဘီလီယံ သုံးစွဲမည်


ထိုင်း အီးဗီစက်ရုံများအတွက် Aion ဘတ် ၆ ဘီလီယံ သုံးစွဲမည်

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

တရုတ်နိုင်ငံတွင် ဒုတိယအကြီးဆုံး လျှပ်စစ်ကားရောင်းချသူဖြစ်သည့် Guangzhou Automobile Corporation (GAC) ၏ လက်အောက်ခံ ကုမ္ပဏီခွဲ Aion သည် လာမည့် သုံးနှစ်မှ ငါးနှစ်အတွင်း ထိုင်းနိုင်ငံတွင် အီးဗီ နှင့် ဘက်ထရီ စက်ရုံများ တည်ဆောက်ရန်အတွက် ဘတ် ၆ ဘီလီယံ သုံးစွဲမည်။
ထိုင်းနိုင်ငံကို ထုတ်လုပ်မှုနှင့် ပြည်ပတင်ပို့မှုတို့အတွက် အခြေစိုက်တစ်နေရာအဖြစ် အသုံးပြုမည်။
“စက်ရုံတွေရဲ့ တည်နေရာအပြင် ပြည်တွင်းနဲ့ ပြည်ပ ဈေးကွက်နှစ်ခုစလုံးကို ရောင်းချပေးနိုင်ဖို့အတွက် ထုတ်လုပ်မှုစွမ်းရည်ကိုပါ ထည့်သွင်းစဉ်းစားနေပါတယ်”ဟု  Aion Automobile Manufacturing နှင့် Aion Automobile Sales (Thailand) မှ မန်နေဂျင်း ဒါရိုက်တာ Ocean Ma က ပြောသည်။

ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံပြင်ပတွင် GAC ရင်းနှီးမြှုပ်နှံသည့် ပထမဆုံးနိုင်ငံဖြစ်ကြောင်း Mr Ma က ပြောသည်။

"Aion က  အီးဗီ တိုးတက်မှု အလားအလာ ပောင်းနေတဲ့ အာဆီယံ ဒေသတွင်း  အထူးသဖြင့် ထိုင်းနိုင်ငံမှာ လုပ်ငန်းချဲ့ထွင်ရန် ကြိုးပမ်းနေပါတယ်" ဟု ၎င်းက ပြောကြားသည်။

Aion သည် ထိုင်းနိုင်ငံ၏ ထိပ်တန်း အီးဗီ အမှတ်တံဆိပ် ၃ ခုတွင် ပါဝင်ရန် ရည်မှန်းချက် ထားရှိသည်။
Aion Y Plus EV ကို စက်တင်ဘာလတွင် ထိုင်းနိုင်ငံမှာ  တရားဝင် စတင်ရောင်းချရန် စီစဉ်ထားသည်။
လောလောဆယ်တွင် GAC မှာ အီးဗီ မော်ဒယ် စုစုပေါင်း ခြောက်ခုရှိသည်။
တရုတ်ဈေးကွက် ထိပ်တန်း အမှတ်တံဆိပ် ၃ ခုတွင်  BYD သည် ပထမ၊ GAC သည် ဒုတိယနှင့် Tesla သည် တတိယ ဖြစ်သည်။
 GAC သည် ၂၀၂၃ ခုနှစ် ပထမခုနစ်လအတွင်း တရုတ်နိုင်ငံတွင် အစီးရေ ၂၅၀,၀၀၀ ရောင်းချခဲ့သည်။
ထိုင်းနိုင်ငံအတွက် Aion အရောင်းကိုယ်စားလှယ်မှာ Sharich Holding Co ဖြစ်သည်။ 
Sharich Holding ထူထောင်သူနှင့် စီအီးအို Apichat Leenutaphong က GAC အတွက် အရောင်းပြခန်း ၁၂ ခုမှ ၁၅ ခုအထိ ဖွင့်လှစ်ရန် အစီအစဉ်ရှိပြီး ယခုအခါ ၄ ခုအတွက် Aion ထံမှ အတည်ပြုချက် ရရှိထားသည်။
ပြခန်းတစ်ခုစီအတွက် Sharich Holding က ဘတ် ၁၅-၄၀ သန်း သုံးစွဲမည်ဟု Mr Apichat က ပြောကြားသည်။
Source bangkokpost 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 476 times