ဖောင်းကြွနံပါတ်ပြားဖိုး ၉၀၀ဝိ/- သာ ကျသင့်မည်


ဖောင်းကြွနံပါတ်ပြားဖိုး ၉၀၀ဝိ/- သာ ကျသင့်မည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ကညန မှ  ဖောင်းကြွနံပါတ်ပြားပုံစံအသစ်များ ပြောင်းလဲတပ်ဆင်ရာတွင် ပိုင်ရှင်ကိုယ်တိုင်လာရောက်သူ များအတွက် သီးသန့်နေရာခွဲခြားဆောင်ရွက်ပေးလျက်ရှိကြောင်း အသိပေး ထုတ်ပြန်ချက်ကို ဖော်ပြအပ်ပါသည်။



ကညန အနေဖြင့် လိုအပ်ချက်အရ ဖောင်းကြွနံပါတ်ပြားအသစ် ပြောင်းလဲတပ်ဆင်ခြင်းကို အချိန်မီကြိုးပမ်းလက်ခံဆောက်ရွက်ပေးလျက်ရှိပါသည်။ လုပ်ငန်းလာရောက်ဆောင်ရွက်သူများ သက်သာလွယ်ကူအဆင်ပြေချောမွေ့စေရေး ဝန်ထမ်းများအနေဖြင့် အချိန်ပိုများ ဆင်း၍ လက်ခံဆောင်ရွက်ပေးလျက်ရှိပါသည်။

 လက်ရှိအခြေအနေတွင် လုပ်ငန်းလာရောက်ဆောင်ရွက်သူ များပြားသည့်အတွက် အချို့သော ယာဉ်ပိုင်ရှင်များသည် အကျိုးဆောင်(ပွဲစား)များအား အပ်နှံဆောင်ရွက်မှုများရှိပြီး မလိုအပ်ဘဲ ငွေကြေးပိုမိုကုန်ကျလျက်ရှိကြောင်း ကြားသိရပါသည်။

အကျိုးဆောင်(ပွဲစား) များကြောင့် ငွေကြေးပိုမိုကုန်ကျခြင်း၊ ယာဉ်မှတ်ပုံတင်စာအုပ်နှင့် သက်သေခံလက်မှတ်များ ပျောက်ဆုံး ခြင်း၊ ဖောင်းကြွနံပါတ်ပြားအသစ်ထုတ်ယူရန် အချိန်ပိုမိုကြန့်ကြာနှောင့်နှေးခြင်း စသည့် မလိုအပ်သော နောက်ဆက်တွဲပြဿနာများရှိလာနိုင်သည်ကိုလည်း သတိပြုစေလိုပါသည်။

ဖောင်းကြွနံပါတ်ပြားအသစ် လဲလှယ်လိုသူများအနေဖြင့် ကိုယ်တိုင်ဖြစ်စေ၊ စိတ်ချယုံကြည် ရသူ ဆွေမျိုးသားချင်း၊ တပည့်သားမြေးတစ်ဦးဦးကိုဖြစ်စေ ယာဉ်မှတ်ပုံတင်စာအုပ်၊ သက်သေခံ လက်မှတ်တို့နှင့်တကွ စေလွှတ်ဆောင်ရွက်ပါက ဖောင်းကြွနံပါတ်ပြားဖိုး ၉၀၀ဝိ/- ကျပ်သာ ကျသင့်မည်ဖြစ်ပါသည်။

ကညန ဝန်ထမ်းများအနေဖြင့် လုပ်ငန်းဆောင်ရွက်သူပြည်သူများ အဆင်ပြေချောမွေ့ စေရေး အတွက် ကောင်တာများထပ်မံခွဲထုတ်၍ လက်ခံဆောင်ရွက်ပေးခြင်း၊ ပိုင်ရှင်ကိုယ်တိုင် လာရောက်သူများအတွက် သီးသန့်ကောင်တာများဖွင့်လှစ်၍ လက်ခံဆောင်ရွက်ပေးခြင်း၊ ရုံးသို့ လုပ်ငန်းလာရောက်ဆောင်ရွက်သူအားလုံး လုပ်ငန်းပြီးစီးသည်အထိ ရုံးချိန်နောက်ပိုင်း တွင်ဖြစ်စေ အချိန်ပိုဆင်း၍ လက်ခံဆောင်ရွက်ပေးခြင်း၊ ဖောင်းကြွစက်ရုံအနေဖြင့်လည်း လူအင်အားထပ်တိုးခန့်ထားခြင်း၊ နံပါတ်ပြားရိုက်စက်များ အသစ်ထပ်မံတိုးချဲ့ တပ်ဆင်ခြင်း၊ နေ့ဆိုင်း/ညဆိုင်းများခွဲ၍ ရုံးပိတ်ရက်ပါမကျန် တတ်နိုင်သမျှ အချိန်မီပြီးစီးအောင် ရိုက်နှိပ် ပေးခြင်းတို့ဖြင့် အထူးအလေးထားဝန်ဆောင်မှုပေးလျက်ရှိပါသည်။

သို့ပါ၍ မလိုလားအပ်သည့် နောက်ဆက်တွဲ ဆိုးကျိုးများမဖြစ်ပေါ်စေရေးအတွက် လူမှု ကွန်ယက်များတွင် တရားမဝင်ကြေညာဆောင်ရွက်နေသည့် အကျိုးဆောင်များ/ပွဲစားများထံ လုပ်ငန်း အပ်နှံဆောင်ရွက်ခြင်းမပြုဘဲ ကိုယ်တိုင် သို့မဟုတ် စိတ်ချယုံကြည်ရသူတစ်ဦးဦး စေလွှတ်ဆောင်ရွက်ကြပါရန်နှင့် ဌာနအနေဖြင့် အတတ်နိုင်ဆုံးအဆင်ပြေအောင် ကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း လေးစားစွာအသိပေးကြေညာအပ်ပါသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 444 times