ကိုရီးယားတွင် 42 Dot မောင်းသူမဲ့ ဘတ်စ်လိုင်း စတင်ပြေးဆွဲ


ကိုရီးယားတွင် 42 Dot မောင်းသူမဲ့ ဘတ်စ်လိုင်း စတင်ပြေးဆွဲ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်တွင် အများပြည်သူ သွားလာရေးအတွက် မောင်းသူမဲ့ ဘတ်စ်ကားလိုင်းကို သောကြာနေ့ (နိုဝင်ဘာ ၂၅)တွင် စတင်ပြေးဆွဲပါတယ်။ 
စမ်းသပ်အဆင့်ဖြင့် ပြေးဆွဲပေးတာ ဖြစ်ပြီး ယာဉ်မောင်း မပါတဲ့ ဘတ်စ်ပေါ်မှာ သက်သောင့်သက်သာဖြင့် လိုက်ပါစီးနင်းနိုင်အောင် စီစဉ်ပေးထားပါတယ်။ 
 ဘတ်စ်ကားက မီနီဘတ်စ် အရွယ်အစားဖြစ်ပြီး သာမန်မြင်နေကျ ဘတ်စ်ကားများနှင့် ပုံပန်းသဏ္ဍာန် ကွာခြားပါတယ်။ ကိုယ်ထည် အနားသတ်တွေက အကွေးများ ဖြစ်ပြီး ပြတင်းပေါက်တွေ ပိုကြီးပါတယ်။ 
.
42 Dot ပင်ကိုမောင်းနှင်ရေး လုပ်ငန်းမှ အကြီးအကဲ Mr Jeong Seong-gyun က တမင်  ပုံပန်းသဏ္ဍာန် ကွဲပြားအောင် ဒီဇိုင်းထုတ်ထားကြောင်း ပြောပြပါတယ်။ 
42 Dot ပင်ကိုမောင်းနှင်ရေး လုပ်ငန်းက လုပ်ငန်းသစ် အငယ်စား တစ်ခု ဖြစ်ခဲ့ပြီး ကားလုပ်ငန်းကြီး Hyundai က ဝယ်ယူခဲ့ပါတယ်။ 
ဘတ်စ်ကားက ဈေးကြီးတဲ့ အာရုံခံ sensor များ သုံးစွဲခြင်း မပြုဘဲ ကင်မရာနှင့် ရေဒါတို့ကို အသုံးပြုထားပါတယ်။ 
ကုမ္ပဏီရည်ရွယ်ချက်က ကုန်ကျစရိတ် သက်သာစွာဖြင့် နည်းပညာသစ်များကို လက်တွေ့အသုံးပြုနိုင်စေရေးဖြစ်ပြီး ထုတ်လုပ်မှုအပိုင်းမှာလည်း အခြားယာဉ်အမျိုးအစားများမှာပါ သုံးစွဲနိုင်တဲ့ပုံစံ ဖြစ်ရပါမယ်။ 
.
ယခုအခါ ဘေးကင်းရေးအတွက် စောင့်ကြည့်ပေးဖို့ ယာဉ်မောင်းတစ်စီး လိုက်ပါပေးပါတယ်။ ဘတ်စ်ကားက ပင်ကိုမောင်းနှင်စွမ်းရည်ဖြင့် မောင်းနှင်နေတာကို အသာစောင့်ကြည့်ပေးပါတယ်။ ဘတ်စ်ကား ပတ်လမ်းကြောင်းက ဆိုးလ် မြို့လယ်ပိုင်းဖြစ်ပြီး ယာဉ်ကြောရှင်းလင်းနေချိန် မောင်းနှင်ပါက ၂၀ မိနစ် ဝန်းကျင် ကြာမြင့်တဲ့ ခရီး ဖြစ်ပါတယ်။ ခရီးတာ  ၃.၄ ကီလိုမီတာ ဖြစ်ပါတယ်။ 
.
စီးနင်းမည့်သူများအတွက် သတ်မှတ်ပေးထားတဲ့ မှတ်တိုင် နှစ်ခု ထားရှိပေးပါတယ်။ အက်ပ်ကို အသုံးပြုပြီး ထိုင်ခုံနေရာ ကြိုယူထားဖို့ လိုပါတယ်။ 

Source  AFP
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 1426 times