ကြီးမားလေးလံ ဇိမ်ကျကျ အီးဗီ မီနီဗင် 2023 Zeekr 009


ကြီးမားလေးလံ ဇိမ်ကျကျ အီးဗီ မီနီဗင် 2023 Zeekr 009

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 


ယမန်နှစ်က Zeekr ကို တရုတ်ကားထုတ်လုပ်သူ Geely က ပရီမီယံ brand ကားထုတ်လုပ်ရေးလုပ်ငန်းအဖြစ် ထူထောင်ခဲ့ပြီး သီးခြားရပ်တည်စေခဲ့ပါတယ်။
Zeekr 001 ကို ထုတ်လုပ်ခဲ့ပြီး ယခု အီးဗီ မီနီဗင် 2023 Zeekr 009 မော်ဒယ်ကို ထုတ်လုပ်ပါတယ်။ 
အင်ဂျင်မပါလို့ လေသွင်းပြီး အေးအောင်လုပ်ပေးဖို့ မလိုပေမဲ့ မျက်နှာစာမှာ လေဆန်ကာ အတုအယောင် ထည့်ပေးထားတယ်။ "အလင်းစမ်းချောင်း" "Spring of Light" လို့ အမည်ပေးထားပြီး LED မီးပွင့်များ လင်းပုံလင်းနည်း အမျိုးပေါင်း ၁၅၄ မျိုး ပရိုဂရမ်လုပ်ပေးထားတယ်။


.
 Zeekr 009 က ထုထည်ကြီးမားတယ်။ 
အလျား 5209 millimeters (205 inches)
အကျယ် 2024 mm (80 in) 
အမြင့် 1867 mm (74 in) 
ရှိပါတယ်။ 
ရှေ့ဘီး နောက်ဘီးကြားအကွာအဝေး 3205 mm (126 in) ရှိပါတယ်။ 

ထိုင်ခုံ ၃ တန်းအတွက် ကျယ်ကျယ်ဝန်းဝန်း ရှိနေစေပါတယ်။ တစ်တန်းကို ထိုင်ခုံ ၂ ခုစီပါတဲ့ 2+2+2 ပုံစံဖြစ်ပါတယ်။


လေးထောင့်ပုံးကို ဘီးတပ်ထားတဲ့ ပုံသဏ္ဌာန် ဖြစ်နေပေမဲ့ လေခွင်းအား ကောင်းပါတယ်။လေခွင်းအားကောင်းတဲ့ လေကာမှန် အကြီးစား တပ်ဆင်ထားတယ်။

 

 


 ထုထည်ကြီးတဲ့အပြင် အလေးချိန်လည်း များပါတယ်။ ယာဉ်အလေးချိန် 2,830 kilograms (6,239 pounds) ရှိပါတယ်။ အလေးလံဆုံး အီးဗီလို့တောင် ဆိုနိုင်လောက်တယ်။
 လေးပေမဲ့ နှေးတာတော့ မနှေးဘူး သုညမှ တစ်နာရီ ၆၂ မိုင် (တစ်နာရီ ကီလိုမီတာ ၁၀၀) အမြန်နှုန်းရောက်အောင် ၄ စက္ကန့်ခွဲဖြင့် အရှိန်တင်ပေးနိုင်ပါတယ်။ 
AWD ၄ဘီးယက်ဖြစ်ပြီး ဘီးတွေကို လှည့်ပေးဖို့ ထိုင်ပေးထားတဲ့ မော်တာ ၂ လုံး‌ပေါင်း ပါဝါ 536 HP အထိ ထုတ်ပေးနိုင်ပါတယ်။
 Sustainable Experience Architecture ပလက်ဖောင်းပေါ်မှာ  Zeekr 009 ကို တည်ဆောက်ထားပါတယ်။ ၎င်းပလက်ဖောင်းဖြင့် Geely ရဲ့ အီးဗီများ ဖြစ်ကြတဲ့  Smart #1, Polestar 4,  Lotus Eletre SUV တို့ကို ထုတ်လုပ်ပါတယ်။
ကားက လေးလံပြီး ၄ ဘီးယက်ဖြစ်လို့ ဘက်ထရီ စားတဲ့အတွက် Zeekr 009 မှာ ဘက်ထရီ ပိုကြီးဖို့ လိုအပ်တာကြောင့် တရုတ်ထိပ်တန်း ဘက်ထရီလုပ်ငန်းကြီး Contemporary Amperex Technology Co., Limited (CATL) မှ ထုတ်လုပ်တဲ့ lithium-nickel-manganese-cobalt။ ဘက်ထရီ သုံးစွဲထားပြီး 140-kWh အထိ ရနိုင်ပါတယ်။ ခရီးတာ ၅၁၁ မိုင် (၈၂၂ ကီလိုမီတာ) အထိ သွားနိုင်တယ်လို့ ဆိုပါတယ်။
.
စီးတဲ့သူတွေ ငြိမ့်ညောင်းဖို့ လေအိတ် air suspension တပ်ဆင်ပေးထားပါတယ်။
.
အတွင်းပိုင်းမှာ ၁၅.၆ လက်မ စခရင်ကို မျက်နှာကြက်မှာ တပ်ပေးထားပါတယ်။

 

စားပွဲငယ်က အကျယ် ၅၈၅ စတုရန်းစင်တီမီတာ ရှိပါတယ်။

ထိုင်ခုံတွေက အနှိပ်သည်ထိုင်ခုံတွေ ဖြစ်ပါတယ်။ 
.
 Zeekr 009 ယာဉ်မောင်းထောက်ကူ လုပ်ဆောင်ချက် စုစုပေါင်း ၃၀ ခု ထည့်ပေးထားပါတယ်။
ကားအပြင်ကို ကြည့်ပေးနေဖို့ 8 MP HD ကင်မရာ ၇ လုံး တပ်ပေးထားပါတယ်။ ရေဒါစနစ်အတွက် အနီးအနားအတွက် အသံလွန် ultrasonic ရေဒါ ၁၂ ခု၊ အဝေးအတွက် လှိုင်း wave ရေဒါ ၁ ခု တပ်ပေးထားပါတယ်။ 
.
ယခုအခါ Zeekr 001 ကို ရောင်းချနေပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလမှာ စီးရေ ၁၀,၀၀၀ ကျော် ရောင်းချခဲ့ပါတယ်။ 
2023 Zeekr 009 မော်ဒယ်ကို နောက်နှစ်မှာညစတင်ရောင်းချမှာ ဖြစ်ပါတယ်။
Source: Zeekr
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 


 

Read 981 times