အင်ပြည့်အားပြည့်  2022 Bangkok International Motor Show 


အင်ပြည့်အားပြည့်  2022 Bangkok International Motor Show 

ထိုင်းနိုင်ငံရဲ့ အကြီးမားဆုဲး ကားပြပွဲကြီး Bangkok International Motor Show ကို ကျင်းပလျက်ရှိရာ ကားလုပ်ငန်း ၂၇ ခု၊ မော်တော်ဆိုင်ကယ်လုပ်ငန်း ၈ ခုတို့ ပါဝင်ပြသကြပါတယ်။ 

2022 Bangkok International Motor Show  မှာ မော်ဒယ်အသစ် ၃၀ ပွဲထုတ်ထားပါတယ်။
IMPACT Challenger ပြပွဲခန်းမ အဆောက်အဦကြီးမှာ ဧပြီလ ၃ ရက်အထိ ပြသပါမယ်။

ဓာတ်ဆီ ဒီဇယ် ကားမော်ဒယ်များအပြငမ လျှပ်စစ်မော်တော်ယာဉ် မော်ဒယ် ၂၀ ခု ကို ပြသထားပါတယ်။

ပြပွဲမတိုင်ခင်မှာ ထိုင်းအစိုးရက အီးဗီတွေအပေါ် စည်းကြပ်တဲ့ သွင်းကုန်ခွန်အပါအဝင် စည်းကြပ်တဲ့ အခွန်အမျိုးမျိုး လျော့ပေါ့ပေးတဲ့အပြင် ကားဘက်ထရီအရွယ်အစားပေါ်မူတည်ပြီး ကားဝယ်ယူခြင်းအတွက် ထောက်ပံ့ကြေး ဘတ် ၇၀,၀၀၀~၁၅၀,၀၀၀ ပေးအပ်မယ်လို့ ထုတ်ပြန်ကြေညာခဲ့လို့ အီးဗီရောင်းဈေးများ လျော့ကျသွားခဲ့ပါတယ်။

တရုတ်ပြည်မှ တင်သွင်းတဲ့ ORA Good Cat 400 TECH ယခင်ဈေးနှုန်းက ဘတ် ၉၈၉,၀၀၀ ဖြစ်ပြီး ယခု ဘတ် ၈၂၈,၅၀၀ ဖြစ်သွားပါတယ်။
MG EV ယခင်ရောင်းဈေး ဘတ် ၉၉၈,၀၀၀ ဖြစ်ပြီး ယခုရောင်းဈေး ဘတ် ၇၆၁,၀၀၀ ဖြစ်သွားပါတယ်။

ပြပွဲစီစဉ်သူ  Dr Prachin Eamlumnow က ကိုဗစ်ကြောင့် ၂ နှစ်တိုင်တိုင် ရောင်းအားကျနေတဲ့ ထိုင်းဈေးကွက်က ယခု ဦးပြန်မော့လာပြီလို့ Bangkokpost ကို ပြောကြားပါတယ်။ 
ပြပွဲမှာ လက်ရှိ ထုတ်လုပ်ရောင်းချနေတဲ့ အီးဗီများအပြင် အနာဂတ်မှာ ထုတ်လုပ်မယ့် အီဗီများနှင့် အီးဗီနည်းပညာများကို အထူးသီးသန့်ဇုန်အဖြစ် EV Smart City Zone မှာ ပြသထားပါတယ်။
BMW, Great Wall Motor, MG, MINI, Mitsubishi, Nissan, Porsche နှင့် Volvo တို့က 
  BEV (battery-powered electric vehicles) နှင့် PHEV (plug-in hybrid electric vehicles) စုစုပေါင်း မော်ဒယ် ၈ မျိုး ခင်းကျင်းပြသထားကြပါတယ်။

 

 

BMW i4 M50
PRICE: 4,999,000 baht
 POWER/TORQUE: 544hp/795Nm
TOP SPEED: 225kph
0-100kph: 3.9secs
RANGE: 521km
BATTERY: 83.9kWh

 

 

Lexus UX 300e
PRICE: 3,490,000 baht
POWER/TORQUE: 201hp/300Nm
TOP SPEED: 160kph
0-100kph: 7.5secs
RANGE: 360km
BATTERY: 54.3kWh

 

 

MG ZS EV
PRICE: 1,023,000 baht
POWER/TORQUE: 177hp/280Nm
TOP SPEED: 175kph
0-100kph: 7.5secs
RANGE: 320km
BATTERY: 50.3kWh

 

 

 

PRICE: 2,459,000 baht
POWER/TORQUE: 184hp/270Nm
TOP SPEED: 150kph
0-100kph: 7.3secs
RANGE: 234km
BATTERY: 54kWh

 

 

 

Porsche Taycan GTS

PRICE: 8,890,000 baht
POWER/TORQUE: 598hp/850Nm
TOP SPEED: 250kph
0-100kph: 6.9secs
RANGE: 500km
BATTERY: 93.4kWh

 

 

 

ORA Good Cat GT

PRICE: NA
POWER/TORQUE: 140hp/210Nm
TOP SPEED: 160kph
0-100kph: 6.9secs
RANGE: 480km
BATTERY: 59.1kWh

 

 

 

 

Toyota bZ4X
PRICE: NA
POWER/TORQUE: 204hp/265Nm
TOP SPEED: 160kph
0-100kph: 8.4secs
RANGE: 500km
BATTERY: 71.4kWh

 

 

Volvo C40 Pure Electric
PRICE: 2,750,000 baht
POWER/TORQUE: 408hp/660Nm
TOP SPEED: 180kph
0-100kph: 4.7secs
RANGE: 420km
BATTERY: 70.8kWh

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Read 913 times