၂၀၂၂ အာရှ-ပစိဖိတ်ဒေသ  Bentley ရောင်းအား ကိုရီးယား အများဆုံးဖြစ်ခဲ့


၂၀၂၂ အာရှ-ပစိဖိတ်ဒေသ  Bentley ရောင်းအား ကိုရီးယား အများဆုံးဖြစ်ခဲ့

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


၂၀၂၂ ခုနှစ်တွင် Bentley ၏ အာရှ-ပစိဖိတ်ဈေးကွက်တွင် တောင်ကိုရီးယားသည် ရောင်းအား ထိပ်ဆုံးမှာ ရပ်တည်ခဲ့သည်။
၂၀၂၂ ခုနှစ်တွင် အာရှ-ပစိဖိတ် ဒေသတွင်း ရောင်းချသည့် Bentley ကားအားလုံး၏ ၄၀ ရာခိုင်နှုန်းနီးပါးကို တောင်ကိုရီးယားမှာ ဝယ်ယူခဲ့ကြသည်ဟု Bentley Motors Korea က ကြေညာသည်။


ကိုရီးယားနိုင်ငံ မော်တော်ယာဉ် တင်သွင်းသူများနှင့် ဖြန်ဖြူးသူများအသင်း Korea Automobile Importers and Distributors Association မှ အချက်အလက်များကို ကိုးကား၍ အမြင့်တန်း မော်တော်ကားထုတ်လုပ်သူ Bentley ၏ ကားစီးရေ ၇၇၅ စီးကို တောင်ကိုရီးယားမှာ ၂၀၂၂ တွင် ရောင်းချခဲ့သည်။ ၂၀၂၁ ထက် ရောင်းအား ၅၃% မြင့်တက်ခဲ့ပါသည်။ 

၂၀၂၁ တွင် တောင်ကိုရီးယားမှာ Bentley ၅၀၆ စီး ရောင်းချခဲ့သည်။ ၂၀၂၁ ကလည်း Bentley ၏ အာရှ-ပစိဖိတ်ဈေးကွက်တွင် တောင်ကိုရီးယားသည် ရောင်းအား အကောင်းဆုံး ဖြစ်ခဲ့ပါသည်။

 

Bentley ၏ အာရှ-ပစိဖိတ်ဈေးကွက်တွင် ၂၀၂၂ မှာ ဂျပန်နိုင်ငံသည် ဒုတိယရောင်းအား အကောင်းဆုံး နိုင်ငံ ဖြစ်ပါသည်။  ၆၄၄ စီး ရောင်းချခဲ့သည်။

၂၀၂၂ တွင် တောင်ကိုရီးယားတွင် ရောင်းချခဲ့သော Bentley ၇၇၅ စီးတွင် စီးရေ ၃၈၀ သည်  စည်းစိမ်ဆီဒင်  Flying Spur luxury မော်ဒယ် ကားများ ဖြစ်ပါသည်။ Bentayga SUV မော်ဒယ်ကားများ ၁၈၇ စီး ရောင်းချခဲ့သည်။ Continental GT မော်ဒယ်ကားများ ၁၈၇ စီး ရောင်းချခဲ့သည်။
၎င်းမော်ဒယ် ၃ မျိုး ရောင်းဈေးကို ပျမ်းမျှချကြည့်လျှင် ပျမ်းမျှရောင်းဈေး ဝမ် သန်း ၃၀၀ ($242,000) ရှိပါသည်။
၂၀၂၂ တောင်ကိုရီးယားတွင် Bentley Motors Korea ရောင်းအားဝင်ငွေ အနည်းဆုံး ဝမ် ၂၃၂.၅ ဘီလီယံ ရှိမည်ဟု ခန့်မှန်းပါသည်။

၂၀၂၂ ခုနှစ်တွင် အာရှ-ပစိဖိတ် ဒေသတွင်း စုစုပေါင်း ၂,၀၃၁ စီး ရောင်းချခဲ့ပါသည်။ ယမန်နှစ်ထက် ရောင်းအား ၂၃% မြင့်တက်ပါသည်ယ ကမ္ဘာ့ရောင်းအား၏ ၁၃% ဖြစ်ပါသည်။
 Source Koreaherald 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 303 times