AYA Auto Loan ဒုတိယအကြိမ် အရင်းဆိုင်းငံ့မှု အစီအစဉ်


“AYA Auto Loan နှင့် Home Loan customer များအတွက် ဒုတိယအကြိမ် အရင်းဆိုင်းငံ့မှု အစီအစဉ်"ကို အသိပေး ထုတ်ပြန်ထားပါသည်။

COVID -19 ကပ်ရောဂါကြောင့် ကြုံတွေ့နေသော အခက်အခဲများကို တဖက်တလမ်းမှ ကူညီပံ့ပိုးပေးရန် ချေးငွေအရင်း ပြန်လည်ပေးဆပ်ခြင်းကို (၃) လတိတိ ဆိုင်းငံ့ပေးမည့် အစီအစဉ်ကို ထပ်မံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ချေးငွေ (၃) လ အရင်းဆိုင်းငံ့လိုသော customer များအနေဖြင့် အောက်ပါ link https://loanservice.ayabank.com တွင် ဝင်ရောက်၍ လျှောက်ထားရန်လိုအပ်ပါသည်။

ချေးငွေ(၃) လ အရင်းဆိုင်းငံ့ရန်အတွက် စည်းကမ်းသတ်မှတ်ချက်များ

၁။ ချေးငွေသက်တမ်းအနည်းဆုံး (၃) လ ရှိပြီးသူ ဖြစ်ရမည်။

၂။ ချေးငွေအရင်း၊ အတိုးများကို ၂၀၂၀ခုနှစ်၊ နိုဝင်ဘာလ ပေးသွင်းရမည့် ရက်အထိ မပျက်မကွက် ပေးသွင်းထားသူ ဖြစ်ရမည်။

၃။ ဆိုင်းငံ့ကာလမှာ ဒီဇင်ဘာလ ၂၀၂၀ မှ စတင်၍ အကျိုးသက်ရောက်မည်ဖြစ်သည်။

၄။ နိုဝင်ဘာလ ပေးသွင်းရမည့်ရက်ထက် ကျော်လွန်ပြီးမှ ဆိုင်းငံ့ရန် တောင်းဆိုလာသော customer များအနေဖြင့် ပေးရန်ရှိအား ရက်တွက်ဖြင့် ပေးသွင်းပြီးမှသာလျှင်နောက်လအတွက် ဆိုင်းငံ အကျိုးသက်ရောက်မည်ဖြစ်သည်။

၅။ ဆိုင်းငံ့အတည်ပြုပြီးပါက Repayment Schedule အသစ်၏ link ကို ဘဏ်မှ customer ထံသို့ SMS ပေးပို့မည်ဖြစ်သည်။

အသေးစိတ်ထပ်မံသိရှိလိုပါက နီးစပ်ရာ ဧရာဝတီဘဏ်ခွဲများတွင် လည်းကောင်း၊ 24/7 Call Center ဖုန်းနံပါတ် 01-2317777 သို့လည်းကောင်း ဆက်သွယ် မေးမြန်းနိုင်ပါသည်။

 

Read 596 times