ထိုင်းကားပြပွဲ Motor Expo 2023 ပွဲ အလယ်ရက်အထိ ကြိုတင်အမှာစာ ၂ သောင်းကျော်အထိ ရှိလာ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ထိုင်းနိုင်ငံ ဘန်ကောက်မြိုအနီး Muang Thong Thani ရှိ Impact Challenger Halls တွင် နိုဝင်ဘာလ ၃၀ ရက်မှ ဒီဇင်ဘာ ၁၁ ရက်အထိ ကျင်းပလျက်ရှိသည့် အကြိမ် ၄၀ မြောက် မော်တော်ကား ကုန်စည်ပြပွဲ 40th Motor Expo ပွဲအလယ်ရက် ရောက်ရှိချိန်တွင် ကားကြိုတင်ဝယ်ယူသည့် အမှာစာ ၂၂,၄၆၁ စီး ရရှိထားပြီ ဖြစ်ပါသည်။
ပွဲလာပရိသတ်များအကြား စိတ်ဝင်စားမှု အရှိဆုံးမှာ တရုတ်နိုင်ငံမှ လျှပ်စစ်မော်တော်ကား အမှတ်တံဆိပ်များ ဖြစ်ပါသည်။ လူသိများပြီးသား ဟွန်ဒါ၊ တိုယိုတာ အစရှိသည်တို့ထက် စိတ်ဝင်စားမှုများ ပိုမို ရရှိနေပါသည်။
သို့သော် ပွဲအလယ်ရက်ဖြစ်သည့် ဒီဇင်ဘာလ ၅ ရက်အထိ လက်ခံရရှိသည့် ကြိုတင်အမှာစာများတွင် တိုယိုတာသည် စီးရေအများဆုံး ဖြစ်ပါသည်။
တိုယိုတာ နောက်တွင် BYD, Honda, Aion, MG တို့ အစဉ်အတိုင်း ရပ်တည်နေပါသည်ဟု နှစ် ၄၀ ပြည့် မော်တော်ယာဉ် ကုန်စည်ပြပွဲ ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ Kwanchai Paphatphong က ပြောကြားပါသည်။
ယာဉ်အမျိုးအစားအရ ကြည့်လျှင် sports utility vehicle (SUV) အများဆုံး ဖြစ်ပြီး ဆီဒင် အမျိုးအစားက ဒုတိယအများဆုံး၊ ပစ်ကပ်ထရပ်က တတိယ အများဆုံး ဖြစ်ပါသည်။
ပွဲအလယ်ရက်ဖြစ်သည့် ဒီဇင်ဘာလ ၅ ရက်အထိ ရရှိထားသည့် မော်တော်ဆိုင်ကယ် ကြိုတင်အမှာစာများတွင် Yamaha က အများဆုံး ဖြစ်ပါသည်။ Yamaha နောက်တွင် Lambretta, Royal Enfield, Honda, EM တို့ အစဉ်အတိုင်း ရပ်တည်နေပါသည်။
စနေတနင်္ဂနွေ အလုပ်ပိတ်ရက်များတွင် အမှာစာများ ပိုမို ရရှိပါသည်။ လာမယ့် အားလပ်ရက်ရှည် ဒီဇင်ဘာလ ၉ မှ ၁၁ အထိတွင်လည်း အလားတူပင် အမှာစာ ပိုမို ရရှိမည်ဟု မျှော်မှန်းထားကြောင်း Kwanchai က ပြောကြားသည်။
Source thenationthailand
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U