လက်ရှိဇိမ်ခံကားဈေးကွက်တွေထဲမှာ အတန်ဆုံးဈေးနှုန်းတစ်ခုလို့ ပြောလို့ရပါတယ်။
ဒီ Aston Martin က တော့ 2008 ထုတ် DB9 က Grade စုံတဲ့အတွက် ဇိမ်ခံကားအဖြစ် အသုံးပြုနိုင်သလို Normal,Sport,Track ဆိုပြီး ကြိုက်နှစ်သက်ရာ Mode ပြောင်းလဲမောင်းနိုင်ပါတယ်။
ဒါ့အပြင် ၄.၅ စက္ကန့်အတွင်း မိုင် ၆၀ ထိတင်နိုင်ပါတယ်။အမြန်ဆုံးနှုန်းကတော့ တစ်နာရီကို ၁၈၃ မိုင်ဖြစ်ပါတယ်။ ဒီကားမှာ V12 အင်ဂျင်သုံးထားပေးပြီးတော့ 5,935cc အထိရှိတဲ့အတွက် စက်နိုးပြီးမောင်းလိုက်တာနဲ့ သားရဲတစ်ကောင်ပြေးထွက်လာသလို ခံစားရမှာပါ။