Tips



ABS (Anti-lock brakes system)၏အလုပ်လုပ်ပုံ

ABS (Anti-lock brakes system)၏အလုပ်လုပ်ပုံ google

ABS (Anti-lock brakes system)၏အလုပ်လုပ်ပုံ


ABS အလုပ်မလုပ်လို့ ABS မီးလင်းနေရင် ABS စနစ်ကနေပြီး အဓိကထိန်းချုပ်... အလုပ်လုပ်ပေးတဲ့... အရှိန်ပြင်းပြင်းမောင်းလာစဉ်မှာ ရုတ်တရက် ဘရိတ်အမြန်နင်းလိုက်သော်လည်း ကားကို ဘေး ဘယ်/ညာ မတိမ်းစောင်းသွားအောင်ထိန်းသိမ်းပေးခြင်း...


ရုတ်တရက်ဘရိတ်အုပ်ချိန်တွင် ရှေ့တွင်တိုက်စရာရှိနေပါကလည်း...


ရှောင်တိမ်းကွေ့နိုင်ရန် ABS စနစ်မှကူညီပေးခြင်း...


ဘရိတ်မာစတာပန့်ဝါရှာ မကောင်းတော့၍ ဘရိတ်သိပ်မမိသောအခါများတွင်... ABS မှ ဘရိတ်ကူဖမ်းပေးခြင်း...


Vehicle Stability Control (VSC) စနစ်အတွက် မိုးရေထဲနှင့်ရွံ့ဗွက်တောထဲတွင် ကားလမ်းချော်သည့်အခါ အလိုအလျောက် ထိန်းချုပ်ပေးခြင်း...


Traction Control System(TRC) စနစ်ဖြစ်သော... ဗွက်ထဲတွင်ကားရုန်းသည့်အခါ ဘီးတစ်ဘက်တည်းလည်နေပါက... လည်နေသောဘီးကို ဘရိတ်လိုသလောက်ဖမ်းပေးကာ... ဘီးဘယ်/ညာ ကို ပြိုင်တူရုန်းစေခြင်း...


စသောအထက်ပါစနစ်များလည်း အလုပ်မလုပ်တော့ပါ... ABS မီးလင်းရသောအချက်များမျာ အကြမ်းအားဖြင့်အောက်ပါအတိုင်းဖြစ်ပါသည်။


(၁)ဘရိတ်မီးသီးများကျွမ်း၍လင်းခြင်းနှင့်ဘရိတ်မီးကြိုးများမှ အပိုဘရိတ်မီးများဆင်သောကြောင့်လင်းခြင်း


ABS Control Box များတွင် ဘရိတ်မီးလိုင်း၏ အသုံးပြုသော မီးသီးများ၏ ဝပ်(watt)အားကိုတိုင်းတာသောစနစ်ပါရှိသောကြောင့်... ဘရိတ်မီးသီးကျွမ်းလျှင်သော်၎င်း...ဘရိတ်မီးကြိုးမှ မီးသွယ်ယူ၍ အပိုဘရိတ်မီးများ ဆင်သောအခါ ABS မီးလင်းတတ်ပါသည်။ဘရိတ်မီးသီးများကို လဲလှယ်ရာတွင်လည်း ဝပ်အားတူသောမီးသီးသာထည့်ရပါမည်။ မီးသီးလဲပြီးသောအခါ မီးမပျောက်သေးပါက Scanner စက်ဖြင့် Reset ပြန်လုပ်ရပါမည်...


(၂)ABS Control မီးလိုင်းစနစ်ချို့ယွင်းချက်ရှိ၍ လင်းခြင်းနှင့် ဘရိတ်ဖြူ း(Fuse)နှင့် ABS ဖြူ းပြတ်၍လင်းခြင်း...


ABS Control Box ချို့ယွင်းချက်ရှိ၍သောအခါ...အဝင်အထွက်မီးလိုင်းများလွတ်သောအခါတွင်၎င်း... ဘရိတ်ဖြူ းနှင့် ABS ဖြူ းပြတ်သောအခါတွင်၎င်း ABS မီးလင်းလာပါသည်... ထိုအခါ ဖြူ းများကို စစ်ဆေးပြုပြင်ခြင်း မီးလိုင်းစစ်ဆေးပြုပြင်ခြင်း... ABS Control Box ကိုစစ်ဆေးကာ မကောင်းပါကလဲခြင်း တို့ပြုလုပ်ပြီးမှသာ ပြန်လည် မီးဖျောက်၍ရမည်ဖြစ်ပါသည်...


(၃)ABS Module ချို့ယွင်းချက်ရှိ၍လင်းခြင်း...


ABS Module ချို့ယွင်းချက်ရှိသောကြောင့်လင်းရာတွင်... ABS Pump Motor မကောင်းသောကြောင့်လည်းလင်းတတ်ပါသည်... ထိုသို့ဖြစ်ပါက ABS Pump Motor ကို ပြုပြင်၍သော်၎င်း... အသစ်လဲ၍သော်လည်းပြင်ပြီးမှသာ မီးဖျောက်၍ရပါသည်။ ABS Pump အတွင်းတွင် မသန့်ရှင်းသောကြောင့်လည်းလင်းတတ်ပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ ဘရိတ်ဆီအဖုံးတွင်ရေးထားသော... Brake fluid DOT(Department of Transportation) standard ဘရိတ်ဆီ DOT နံပါတ်ကိုမသုံး၍ဖြစ်သည်... DOT 3/4 နံပါတ်တူကို သုံးရမည်သာမက မူရင်းပါလာသောဘရိတ်ဆီအရောင်ကိုသာဖြည့်၍ သုံးရပါမည်။ DOT နံပါတ် မတူသောဘရိတ်ဆီဖြစ်စေ...အရောင်မတူသောဘရိတ်ဆီဖြစ်စေ... ထည့်သုံးမိပါက ဘရိတ်မာစတာပန့်(Brake master pump) ... အတွင်းရှိဘရိတ်ဝါရှာ(Brake washer)များသည် ပျက်စီးလွယ်ကာ... အနည်နှင့် အမှုန်များထွက်လာပြီး...ABS Pump အတွင်းရောက်သွားလျှင်... Brake Pressure Modulator Valve များ အပိတ်အဖွင့်မလုံသောကြောင့်... ABS Module အသစ်လဲမှသာကောင်းပါသည်။ ထို့ကြောင့်ဘရိတ်ဆီများကိုသုံးရာတွင် အရည်အသွေးကောင်းသော ဘရိတ်ဆီ ဖြစ်ရမည့်အပြင် အဖုံးတွင်ပါသော DOT နံပါတ်နှင့် မူရင်းပါရှိသော ဘရိတ်ဆီ... အရောင်ကိုသာသုံးရန်အရေးကြီးပါသည်။


(၄)ရှေ့ယက်(Front-wheel drive)များနှင့် 4WD ကားများတွင်... ဒူးဆစ်များ(Constant-velocity joints) CV joint နှင့်သဲကာများလဲရာမှလင်းခြင်း...


ဒူးဆစ်များလဲရာတွင် Signal Ring ပြန်မထည့်မိခြင်း... အသစ်တွင် Signal Ring များမပါလာခြင်း... ဒူးဆစ်သဲကာများ လဲပြီးပြန်ထည့်ရာတွင် Signal Ring Pinion များပဲ့သွားခြင်း... တို့ဖြစ်ပါက ABS wheel speed sensor သည် အချက်ပေးမမှန်တော့သဖြင့်... ABS မီးလင်းတတ်ပါသည်...ထိုသို့ဖြစ်ပါက နဂိုအတိုင်းဖြစ်အောင်ပြန်လည် ပြုပြင်မှသာ ABS မီးငြိမ်းမည်ဖြစ်ပါသည်။


(၅)ရှေ့ယက် ဆလွန်းကားများတွင် ဟတ်ဘော(Wheel bearing) လဲရာတွင် Signal Ring မပါသော ဟတ်ဘောထည့်မိခြင်း...


ကျွန်တော်ပြင်ဖူးသော Honda Fit နှင့် ဆလွန်းကားတော်တော်များများတွင်... ABS မီးလင်းရာတွင် စက်နဲ့ စစ်ကြည့်သောအခါ ဘယ်ဘီးက ABS ဆင်ဆာ အလုပ်မလုပ်ဟု ပြသော်လည်း...ABS ဆင်ဆာ မီးလိုင်းအကုန်ကောင်းနေပြီး... စက်နဲ့ ABS reset လုပ်သော်လည်းမရပါ...အပြစ်ရှာရအလွန်ခက်သော... အပြစ်ဖြစ်ပါသည်...ထိုအပြစ်မှာ ဆင်ဆာ မီးလိုင်းအားလုံးကောင်းနေပါက... ဟက်ဘောတွင်သာအဓိကဖြစ်ပါသည်...ယခုနောက်ပိုင်းလာသော ဖစ်နှင့် အခြားသောဟွန်ဒါနှင့် ဆလွန်းကားများတွင် ABS signal ring ကို... ဟက်ဘော သဲကာအဖုံးတစ်ဘက်တည်း(တစ်ဖက်သာပါပြီး အခြားတစ်ဖက်မှာ သံလိုက်မပါပါ)တွင် အားအလွန်နည်းသောသံလိုက်(magnet) ထည့်ကာ... ဆင်ဆာကို အလုပ်လုပ်စေပါသည်...


ထိုအခါ သတိမထားမိသောအချို့ဝပ်ရှော့များတွင်...ဟက်ဘောကို ဆိုဒ်အားလုံး တူလျှင် ထည့်၍ ရသောကြောင့် သံလိုက် signal ring မပါသောဟက်ဘောများ ထည့်မိခြင်း...သံလိုက်ပါသော်လည်း မျက်နှာပြင်မှား၍ ထည့်မိခြင်းကြောင့်... ABS sensor ဆင်ဆာအလုပ်မလုပ်တော့သောကြောင့်... ABS စနစ်တစ်ခုလုံးအလုပ်မလုပ်တော့ပါ...ထိုအခါ အထက်ဖော်ပြပါ... ABS စနစ်ကထိန်းချုပ်ပေးသော VSC စနစ်နှင့် TRC စနစ်တို့လည်း အလုပ်မလုပ် နိုင်တော့ပါ...ထိုသို့ မဖြစ်စေရန် မော်ဒယ်မြင့် ဆလွန်းကားငယ်များ... ဗင်ကားငယ်များ...ဝက်စ်ဂွန်ကားငယ်များကို ဟက်ဘောလဲရာတွင်...


(၁)သူ့ကားအမျိုးအစားအတွက် ထုတ်လုပ်ထားသော ဟက်ဘောကိုသာသုံးပါ...


(၂)မိမိကားအမျိုးအစားအတွက် ဟက်ဘောမရလျှင် ဆိုဒ်အားလုံးတူသော ဟက်ဘောကို သံလိုက်ပါမပါ လွှကျိုးပြားငယ်လေးဖြင့် သဲကာကိုကပ်စမ်းကြည့်ပါ


(၃)သံလိုက်ပါသော ဟက်ဘောကို မျက်နှာပြင်မှားမထည့်မိစေရန် ဂရုပြုပါ...


(၄)သံလိုက်ပါသော သဲကာမျက်နှာပြင်သည် ABS ဆင်ဆာရှိရာ အတွင်းပိုင်းဘက်ကိုသာထည့်ရပါမည်...


ပုံ (၅/၆) တွင်ပါသော ABS signal ring အပြင်တွင်ပါသောကားငယ်များ... ဟက်ဘောသဲကာတွင် သံလိုက်ပါရန်မလိုပါ...


(၆)Toyota D4D,Vigo,Fortuner,Hiace ကားများနှင့်ပစ်ကပ်ကားများတွင်... နောက်ဟတ်ဘောလဲရာတွင် ABS signal ring ကိုနေရာမှန်အောင်မထည့်မိ၍လင်းခြင်း...


Toyota D4D,Vigo,Fortuner ပစ်ကပ်ကားများနှင့် အခြားပစ်ကပ်ကားများတွင်... ဟတ်ဘောထိန်း(Retainer) နှင့် ဘောထိန်းကလစ်(Snap Ring) များ အထက်တွင် ABS Signal Ring ကို 2nd Retainer အပိုတစ်ခုထည့်ကာထိန်းထားပါသည်။ နောက်ဝင်ရိုးတန်းရှိ Wheel speed sensor အပေါက်နှင့်... ABS Signal Ring သည်ကွက်တိဖြစ်အောင်ချိန်ထားပါသည်။ ဒါကို သတိမပြုမိသောအခါ ဟတ်ဘောအသစ်ပြန်ထည့်ပြီးချိန်တွင်... ABS Signal Ring ကို 2nd Retainer ကို အဆုံးထိ Press ဖြင့်ဖိထည့်လိုက်သောအခါ နောက်ဘီး ABS အာရုံခံဆင်ဆာသည်... အချက်ပြမရတော့သဖြင့် ABS မီးလင်းတတ်ပါသည်။ ထို့ကြောင့် ABS ပါသောပစ်ကပ်ကားများနောက်ဟတ်ဘောလဲရာတွင်... ABS Signal Ring ကို 2nd Retainer အကွာအဝေးကို... နောက်ရှပ် (Rear drive shaft) ထိပ်မှ မည်မျှကွာဝေးသည်ကို အရင်တိုင်းထားပြီးမှသာ ဟတ်ဘောဖြုတ်လဲရပါမည်။ Toyota D4D,Vigo,Fortuner, ပစ်ကပ်ကားများတွင် ရှပ်ထိပ်မှ... ဒုတိယဘောထိန်း(2nd Retainer)မျက်နှာထိပ်အထိ... 59.7 cm ကွာဝေးပါသည်။ထို့ကြောင့်ABS ပါသော ပစ်ကပ်ကားများအား နောက်ဟတ်ဘောလဲလှယ်ရာတွင် ဂရုစိုက်တိုင်းတာရပါသည်။


(၇)ABS Wheel Speed Sensor ဘီးအာရုံခံဆင်ဆာများမကောင်း၍လင်းခြင်း...


ဒူးဆစ်နှင့်ဆူးဆစ်သဲကာများလဲရာတွင်နှင့်အောက်ပိုင်းပြုပြင်ချိန်တို့တွင်... ABS အာရုံခံဆင်ဆားများအားဖြုတ်ရာတွင်း၎င်း... ဖြုတ်ပြီးပြန်ထည့်ချိန်တွင်၎င်း အာရုံခံဆင်ဆာသည် နဂိုအတိုင်း နေရာမကျဘဲ... အဆုံးအထိမဝင်ဖြစ်ပါက ABS မီးလင်းတတ်ပါသည်... ဂျပန်မှာသွင်းလာသောကားများ၏ ABS Wheel Speed Sensor သည် အာရုံခံဆင်ဆာပေါက် သံချေးတက်ကာအလွန်ကြပ်နေတတ်ပါသဖြင့်ဖြုတ်ပါက... ကျိုးတတ်ပါသောကြောင့် ဘီးအာရုံခံဆင်ဆာကို ဆက်သွယ်ထားသော... မီးပလပ်ဆော့ကတ်မှသာ ဖြုတ်လျှင်အကောင်းဆုံးဖြစ်ပါသည်...


ABS မီးလင်းပါက Scanner ဖြင့်စစ်ဆေးမှသာ... အနီးစပ်ဆုံးအဖြေကိုသိရမည်ဖြစ်ပါသောကြောင့်...Scanner စက်ရှိသော... ကျွမ်းကျင်သော ဝပ်ရှော့များတွင်သွားရောက်ပြုပြင်သင့်ပါသည်။


ABS စနစ်ဟာ ကားတစ်စီးမှ ယာဉ်မောင်းသူအတွက် အန္တာရာယ်မှ... ကာကွယ်ပေးသော အရေးကြီးစနစ်တစ်ခုဖြစ်သဖြင့် အားလုံးသိရှိစေရန်... မျှဝေလိုက်ပါတယ်ခင်ဗျား..

 

Banner.png

 

Zawgyi


ABS (Anti-lock brakes system)၏အလုပ္​လုပ္​ပံု


ABS အလုပ္မလုပ္လို႔ ABS မီးလင္းေနရင္ ABS စနစ္ကေနျပီး အဓိကထိန္းခ်ဳပ္... အလုပ္လုပ္ေပးတ႔ဲ... အရိွန္ျပင္းျပင္းေမာင္းလာစဥ္မွာ ရုတ္တရက္ ဘရိတ္အျမန္နင္းလိုက္ေသာ္လည္း ကားကို ေဘး ဘယ္/ညာ မတိမ္းေစာင္းသြားေအာင္ထိန္းသိမ္းေပးျခင္း...


ရုတ္တရက္ဘရိတ္အုပ္ခ်ိန္တြင္ ေရွ႔တြင္တိုက္စရာရိွေနပါကလည္း...


ေရွာင္တိမ္းေကြ႔နိဳင္ရန္ ABS စနစ္မွကူညီေပးျခင္း...


ဘရိတ္မာစတာပန္႔ဝါရွာ မေကာင္းေတာ့၍ ဘရိတ္သိပ္မမိေသာအခါမ်ားတြင္... ABS မွ ဘရိတ္ကူဖမ္းေပးျခင္း...


Vehicle Stability Control (VSC) စနစ္အတြက္ မိုးေရထဲႏွင့္ရြံ႕ဗြက္ေတာထဲတြင္ ကားလမ္းေခ်ာ္သည့္အခါ အလုိအေလ်ာက္ ထိန္းခ်ဳပ္ေပးျခင္း...


Traction Control System(TRC) စနစ္ျဖစ္ေသာ... ဗြက္ထဲတြင္ကားရုန္းသည့္အခါ ဘီးတစ္ဘက္တည္းလည္ေနပါက... လည္ေနေသာဘီးကို ဘရိတ္လိုသေလာက္ဖမ္းေပးကာ... ဘီးဘယ္/ညာ ကို ျပိဳင္တူရုန္းေစျခင္း...


စေသာအထက္ပါစနစ္မ်ားလည္း အလုပ္မလုပ္ေတာ့ပါ... ABS မီးလင္းရေသာအခ်က္မ်ားမ်ာ အၾကမ္းအားျဖင့္ေအာက္ပါအတိုင္းျဖစ္ပါသည္။


(၁)ဘရိတ္မီးသီးမ်ားကၽြမ္း၍လင္းျခင္းနွင့္ဘရိတ္မီးၾကိဳးမ်ားမွ အပိုဘရိတ္မီးမ်ားဆင္ေသာေၾကာင့္လင္းျခင္း


ABS Control Box မ်ားတြင္ ဘရိတ္မီးလိုင္း၏ အသံုးျပဳေသာ မီးသီးမ်ား၏ ဝပ္(watt)အားကိုတိုင္းတာေသာစနစ္ပါရိွေသာေၾကာင့္... ဘရိတ္မီးသီးကၽြမ္းလွ်င္ေသာ္၎...ဘရိတ္မီးၾကိဳးမွ မီးသြယ္ယူ၍ အပိုဘရိတ္မီးမ်ား ဆင္ေသာအခါ ABS မီးလင္းတတ္ပါသည္။ဘရိတ္မီးသီးမ်ားကို လဲလွယ္ရာတြင္လည္း ဝပ္အားတူေသာမီးသီးသာထည့္ရပါမည္။ မီးသီးလဲျပီးေသာအခါ မီးမေပ်ာက္ေသးပါက Scanner စက္ျဖင့္ Reset ျပန္လုပ္ရပါမည္...


(၂)ABS Control မီးလိုင္းစနစ္ခ်ိဳ႕ယြင္းခ်က္ရိွ၍ လင္းျခင္းနွင့္ ဘရိတ္ျဖဴ း(Fuse)နွင့္ ABS ျဖဴ းျပတ္၍လင္းျခင္း...


ABS Control Box ခ်ိဳ႕ယြင္းခ်က္ရိွ၍ေသာအခါ...အဝင္အထြက္မီးလိုင္းမ်ားလြတ္ေသာအခါတြင္၎... ဘရိတ္ျဖဴ းနွင့္ ABS ျဖဴ းျပတ္ေသာအခါတြင္၎ ABS မီးလင္းလာပါသည္... ထိုအခါ ျဖဴ းမ်ားကို စစ္ေဆးျပဳျပင္ျခင္း မီးလိုင္းစစ္ေဆးျပဳျပင္ျခင္း... ABS Control Box ကိုစစ္ေဆးကာ မေကာင္းပါကလဲျခင္း တို႔ျပဳလုပ္ျပီးမွသာ ျပန္လည္ မီးေဖ်ာက္၍ရမည္ျဖစ္ပါသည္...


(၃)ABS Module ခ်ိဳ႕ယြင္းခ်က္ရိွ၍လင္းျခင္း...


ABS Module ခ်ိဳ႕ယြင္းခ်က္ရိွေသာေၾကာင့္လင္းရာတြင္... ABS Pump Motor မေကာင္းေသာေၾကာင့္လည္းလင္းတတ္ပါသည္... ထိုသို႔ျဖစ္ပါက ABS Pump Motor ကို ျပဳျပင္၍ေသာ္၎... အသစ္လဲ၍ေသာ္လည္းျပင္ျပီးမွသာ မီးေဖ်ာက္၍ရပါသည္။ ABS Pump အတြင္းတြင္ မသန္႔ရွင္းေသာေၾကာင့္လည္းလင္းတတ္ပါသည္။ ထိုသို႔ျဖစ္ရျခင္းမွာ ဘရိတ္ဆီအဖံုးတြင္ေရးထားေသာ... Brake fluid DOT(Department of Transportation) standard ဘရိတ္ဆီ DOT နံပါတ္ကိုမသံုး၍ျဖစ္သည္... DOT 3/4 နံပါတ္တူကို သံုးရမည္သာမက မူရင္းပါလာေသာဘရိတ္ဆီအေရာင္ကိုသာျဖည့္၍ သံုးရပါမည္။ DOT နံပါတ္ မတူေသာဘရိတ္ဆီျဖစ္ေစ...အေရာင္မတူေသာဘရိတ္ဆီျဖစ္ေစ... ထည့္သံုးမိပါက ဘရိတ္မာစတာပန္႔(Brake master pump) ... အတြင္းရိွဘရိတ္ဝါရွာ(Brake washer)မ်ားသည္ ပ်က္စီးလြယ္ကာ... အနည္နွင့္ အမွဳန္မ်ားထြက္လာျပီး...ABS Pump အတြင္းေရာက္သြားလွ်င္... Brake Pressure Modulator Valve မ်ား အပိတ္အဖြင့္မလံုေသာေၾကာင့္... ABS Module အသစ္လဲမွသာေကာင္းပါသည္။ ထို႔ေၾကာင့္ဘရိတ္ဆီမ်ားကိုသံုးရာတြင္ အရည္အေသြးေကာင္းေသာ ဘရိတ္ဆီ ျဖစ္ရမည့္အျပင္ အဖံုးတြင္ပါေသာ DOT နံပါတ္နွင့္ မူရင္းပါရိွေသာ ဘရိတ္ဆီ... အေရာင္ကိုသာသံုးရန္အေရးၾကီးပါသည္။


(၄)ေရွ႕ယက္(Front-wheel drive)မ်ားႏွင့္ 4WD ကားမ်ားတြင္... ဒူးဆစ္မ်ား(Constant-velocity joints) CV joint နွင့္သဲကာမ်ားလဲရာမွလင္းျခင္း...


ဒူးဆစ္မ်ားလဲရာတြင္ Signal Ring ျပန္မထည့္မိျခင္း... အသစ္တြင္ Signal Ring မ်ားမပါလာျခင္း... ဒူးဆစ္သဲကာမ်ား လဲျပီးျပန္ထည့္ရာတြင္ Signal Ring Pinion မ်ားပဲ့သြားျခင္း... တို႔ျဖစ္ပါက ABS wheel speed sensor သည္ အခ်က္ေပးမမွန္ေတာ့သျဖင့္... ABS မီးလင္းတတ္ပါသည္...ထိုသို႔ျဖစ္ပါက နဂိုအတိုင္းျဖစ္ေအာင္ျပန္လည္ ျပဳျပင္မွသာ ABS မီးျငိမ္းမည္ျဖစ္ပါသည္။


(၅)ေရွ႕ယက္ ဆလြန္းကားမ်ားတြင္ ဟတ္ေဘာ(Wheel bearing) လဲရာတြင္ Signal Ring မပါေသာ ဟတ္ေဘာထည့္မိျခင္း...


ကၽြန္ေတာ္ျပင္ဖူးေသာ Honda Fit နွင့္ ဆလြန္းကားေတာ္ေတာ္မ်ားမ်ားတြင္... ABS မီးလင္းရာတြင္ စက္န႔ဲ စစ္ၾကည့္ေသာအခါ ဘယ္ဘီးက ABS ဆင္ဆာ အလုပ္မလုပ္ဟု ျပေသာ္လည္း...ABS ဆင္ဆာ မီးလိုင္းအကုန္ေကာင္းေနျပီး... စက္န႔ဲ ABS reset လုပ္ေသာ္လည္းမရပါ...အျပစ္ရွာရအလြန္ခက္ေသာ... အျပစ္ျဖစ္ပါသည္...ထိုအျပစ္မွာ ဆင္ဆာ မီးလိုင္းအားလံုးေကာင္းေနပါက... ဟက္ေဘာတြင္သာအဓိကျဖစ္ပါသည္...ယခုေနာက္ပိုင္းလာေသာ ဖစ္နွင့္ အျခားေသာဟြန္ဒါနွင့္ ဆလြန္းကားမ်ားတြင္ ABS signal ring ကို... ဟက္ေဘာ သဲကာအဖံုးတစ္ဘက္တည္း(တစ္ဖက္သာပါျပီး အျခားတစ္ဖက္မွာ သံလိုက္မပါပါ)တြင္ အားအလြန္နည္းေသာသံလိုက္(magnet) ထည့္ကာ... ဆင္ဆာကို အလုပ္လုပ္ေစပါသည္...


ထိုအခါ သတိမထားမိေသာအခ်ိဳ႕ဝပ္ေရွာ့မ်ားတြင္...ဟက္ေဘာကို ဆိုဒ္အားလံုး တူလွ်င္ ထည့္၍ ရေသာေၾကာင့္ သံလိုက္ signal ring မပါေသာဟက္ေဘာမ်ား ထည့္မိျခင္း...သံလိုက္ပါေသာ္လည္း မ်က္နွာျပင္မွား၍ ထည့္မိျခင္းေၾကာင့္... ABS sensor ဆင္ဆာအလုပ္မလုပ္ေတာ့ေသာေၾကာင့္... ABS စနစ္တစ္ခုလံုးအလုပ္မလုပ္ေတာ့ပါ...ထိုအခါ အထက္ေဖာ္ျပပါ... ABS စနစ္ကထိန္းခ်ဳပ္ေပးေသာ VSC စနစ္နွင့္ TRC စနစ္တို႔လည္း အလုပ္မလုပ္ နိဳင္ေတာ့ပါ...ထိုသို႔ မျဖစ္ေစရန္ ေမာ္ဒယ္ျမင့္ ဆလြန္းကားငယ္မ်ား... ဗင္ကားငယ္မ်ား...ဝက္စ္ဂြန္ကားငယ္မ်ားကို ဟက္ေဘာလဲရာတြင္...


(၁)သူ႔ကားအမ်ိဳးအစားအတြက္ ထုတ္လုပ္ထားေသာ ဟက္ေဘာကိုသာသံုးပါ...


(၂)မိမိကားအမ်ိဳးအစားအတြက္ ဟက္ေဘာမရလွ်င္ ဆိုဒ္အားလံုးတူေသာ ဟက္ေဘာကို သံလိုက္ပါမပါ လႊက်ိဳးျပားငယ္ေလးျဖင့္ သဲကာကိုကပ္စမ္းၾကည့္ပါ


(၃)သံလိုက္ပါေသာ ဟက္ေဘာကို မ်က္နွာျပင္မွားမထည့္မိေစရန္ ဂရုျပဳပါ...


(၄)သံလိုက္ပါေသာ သဲကာမ်က္နွာျပင္သည္ ABS ဆင္ဆာရိွရာ အတြင္းပိုင္းဘက္ကိုသာထည့္ရပါမည္...


ပံု (၅/၆) တြင္ပါေသာ ABS signal ring အျပင္တြင္ပါေသာကားငယ္မ်ား... ဟက္ေဘာသဲကာတြင္ သံလိုက္ပါရန္မလိုပါ...


(၆)Toyota D4D,Vigo,Fortuner,Hiace ကားမ်ားနွင့္ပစ္ကပ္ကားမ်ားတြင္... ေနာက္ဟတ္ေဘာလဲရာတြင္ ABS signal ring ကိုေနရာမွန္ေအာင္မထည့္မိ၍လင္းျခင္း...


Toyota D4D,Vigo,Fortuner ပစ္ကပ္ကားမ်ားနွင့္ အျခားပစ္ကပ္ကားမ်ားတြင္... ဟတ္ေဘာထိန္း(Retainer) ႏွင့္ ေဘာထိန္းကလစ္(Snap Ring) မ်ား အထက္တြင္ ABS Signal Ring ကို 2nd Retainer အပိုတစ္ခုထည့္ကာထိန္းထားပါသည္။ ေနာက္ဝင္ရုိးတန္းရိွ Wheel speed sensor အေပါက္နွင့္... ABS Signal Ring သည္ကြက္တိျဖစ္ေအာင္ခ်ိန္ထားပါသည္။ ဒါကို သတိမျပဳမိေသာအခါ ဟတ္ေဘာအသစ္ျပန္ထည့္ျပီးခ်ိန္တြင္... ABS Signal Ring ကို 2nd Retainer ကို အဆံုးထိ Press ျဖင့္ဖိထည့္လိုက္ေသာအခါ ေနာက္ဘီး ABS အာရံုခံဆင္ဆာသည္... အခ်က္ျပမရေတာ့သျဖင့္ ABS မီးလင္းတတ္ပါသည္။ ထို႔ေၾကာင့္ ABS ပါေသာပစ္ကပ္ကားမ်ားေနာက္ဟတ္ေဘာလဲရာတြင္... ABS Signal Ring ကို 2nd Retainer အကြာအေဝးကို... ေနာက္ရွပ္ (Rear drive shaft) ထိပ္မွ မည္မွ်ကြာေဝးသည္ကို အရင္တိုင္းထားျပီးမွသာ ဟတ္ေဘာျဖဳတ္လဲရပါမည္။ Toyota D4D,Vigo,Fortuner, ပစ္ကပ္ကားမ်ားတြင္ ရွပ္ထိပ္မွ... ဒုတိယေဘာထိန္း(2nd Retainer)မ်က္နွာထိပ္အထိ... 59.7 cm ကြာေဝးပါသည္။ထို႔ေၾကာင့္ABS ပါေသာ ပစ္ကပ္ကားမ်ားအား ေနာက္ဟတ္ေဘာလဲလွယ္ရာတြင္ ဂရုစိုက္တိုင္းတာရပါသည္။


(၇)ABS Wheel Speed Sensor ဘီးအာရံုခံဆင္ဆာမ်ားမေကာင္း၍လင္းျခင္း...


ဒူးဆစ္နွင့္ဆူးဆစ္သဲကာမ်ားလဲရာတြင္နွင့္ေအာက္ပိုင္းျပဳျပင္ခ်ိန္တို႔တြင္... ABS အာရံုခံဆင္ဆားမ်ားအားျဖဳတ္ရာတြင္း၎... ျဖဳတ္ျပီးျပန္ထည့္ခ်ိန္တြင္၎ အာရံုခံဆင္ဆာသည္ နဂိုအတိုင္း ေနရာမက်ဘဲ... အဆံုးအထိမဝင္ျဖစ္ပါက ABS မီးလင္းတတ္ပါသည္... ဂ်ပန္မွာသြင္းလာေသာကားမ်ား၏ ABS Wheel Speed Sensor သည္ အာရံုခံဆင္ဆာေပါက္ သံေခ်းတက္ကာအလြန္ၾကပ္ေနတတ္ပါသျဖင့္ျဖဳတ္ပါက... က်ိဳးတတ္ပါေသာေၾကာင့္ ဘီးအာရံုခံဆင္ဆာကို ဆက္သြယ္ထားေသာ... မီးပလပ္ေဆာ့ကတ္မွသာ ျဖဳတ္လွ်င္အေကာင္းဆံုးျဖစ္ပါသည္...


ABS မီးလင္းပါက Scanner ျဖင့္စစ္ေဆးမွသာ... အနီးစပ္ဆံုးအေျဖကိုသိရမည္ျဖစ္ပါေသာေၾကာင့္...Scanner စက္ရိွေသာ... ကၽြမ္းက်င္ေသာ ဝပ္ေရွာ့မ်ားတြင္သြားေရာက္ျပဳျပင္သင့္ပါသည္။


ABS စနစ္ဟာ ကားတစ္စီးမွ ယာဥ္ေမာင္းသူအတြက္ အႏာၱရာယ္မွ... ကာကြယ္ေပးေသာ အေရးၾကီးစနစ္တစ္ခုျဖစ္သျဖင့္ အားလံုးသိရိွေစရန္... မွ်ေဝလိုက္ပါတယ္ခင္ဗ်ား..

 

POLISHING ႏွင့္ဆိုင္ေသာ လုပ္ငန္း ၁၆၃ ခုကိုရွာေဖြရန္ ဤေနရာကိုႏွိပ္ပါ။

 

90251442_832926683874316_4730726126572273664_n.png


Credit: CG GPS Myanmar

Read times
Rate this item
(0 votes)