Tips



ကားမော်ဒယ်မှန် မမှန်ကို Online ပေါ်မှာကိုယ်တိုင်တိုက်စစ်လို့ရတဲ့ link တွေ

ကားမော်ဒယ်မှန် မမှန်ကို Online ပေါ်မှာကိုယ်တိုင်တိုက်စစ်လို့ရတဲ့ link တွေ google

ကားမော်ဒယ်မှန် မမှန်ကို Online ပေါ်မှာကိုယ်တိုင်တိုက်စစ်လို့ရတဲ့ link တွေ


ကားတစ်စီးဝယ်ယူတော့မယ်ဆိုရင် Model Year(ထုတ်လုပ်သည့်ခုနှစ်)က အရေးပါပါတယ်၊ ကားထုတ်လုပ်သူတို့ဟာ Generation(မျိုးဆက်) တစ်ခုထဲမှာပင် ထုတ်လုပ်သည့် ခုနှစ်ကိုလိုက်ပြီ ကားအတွင်းအပြင်ပါဝင်ပစ္စည်းတွေ အနည်းအငယ်ကွဲပြားသွားပါတယ်၊ Generation တစ်ခုသို့ပြောင်းခါနီးဆိုရင်လဲ Limited Edition Model ဆိုပြီထုတ်ရောင်းကြပါသေးတယ်၊ Generation တစ်ခုကို ၃ နှစ်မှ ၆ နှစ်အထိထုတ်ကြပါတယ်။


မော်ဒယ်ခုနှစ်ကိုလိုက်ပြီ ပြည်တွင်းအခွန်ပေးဆောင်ရာမှာလဲမတူညီကြပါဘူး မော်ဒယ်မြင့်ရင်ပိုများပါမယ်၊ အနှိမ့်ကားတွေမှာမသိသာပင်မဲ့ စလစ်ကပ်အမြင့်ကားတွေမှာသိသာပါတယ်၊ ပြည်တွင်းဈေးကွက်မှာ Generationတစ်ခုတူပြီ ရုပ်(Body Chassis)မပြောင်းသေးပင်မဲ့ မော်ဒယ်မြှင့်ရင်ဈေးကွာကြပါတယ်၊


ဒါကြောင့် ကားဝယ်တဲ့အခါမော်ဒယ်ကိုမေးပါ၊ တစ်ချို့ကအလွယ်တကူ ခါးပတ်ကိုကြည့်ကြပါတယ်၊ မသေချာဘူးဆိုရင် မိမိကိုယ်တိုင် အွန်လိုင်းမှာတိုက်စစ်လို့ရပါတယ်၊ တစ်ချို့ဝက်ဆိုဒ်တွေက ပိုက်ဆံပေးမှအပြည့်အစုံပေါ်ပြီကြည့်လို့ရတာတွေရှိပါတယ်။


အောက်မှာဖော်ပြပေးထားတဲ့ ဝက်ဆိုဒ်လိပ်စာတွေကတော့ အခမဲ့ဖြစ်ပြီးတစ်ချို့ဆိုရင် ဂရိတ်၊ အင်ဂျင်အမျိုးအစားတွေပါ ပြည့်စုံအောင်ပါပါတယ်၊ Name Plate, Chassis နေရာတွေကတော့ အင်ဂျင်ခန်း၊ တံခါးဘောင်၊ ထိုင်ခုံအောက်၊ ရှေ့လေကာမှန်အောက်ခြေတို့မှာ ရှိတက်ကြပါတယ်။အားလုံးပဲ အဆင်ပြေကြပါစေ။


ဂျပန်ကားများအတွက် -


http://www.japan-partner.com/check-manufacture-year.php


http://www.toyodiy.com/parts/q?vin=


http://oliac.com/autos/i/


http://beforward.aleado.com/cabinet


http://jpcenter.ru/month


နောက်ဆိုမြင်တွေ့ကြရမဲ့ အမေရိက၊ ယူရိုဘက်က ကားများအတွက်ပါ-


http://www.vindecoderz.com


https://www.autodna.com


** မိမိအတွက်အသုံးဝင်မယ်ဆိုရင် ရွေးပြီသိမ်းထားနိုင်ပါတယ် **

 

Banner.png

 

Zawgyi


ကားေမာ္ဒယ္မွန္ မမွန္ကို Online ေပၚမွာကိုယ္တိုင္တိုက္စစ္လို႔ရတဲ့ link ေတြ


ကားတစ္စီးဝယ္ယူေတာ့မယ္ဆိုရင္ Model Year(ထုတ္လုပ္သည့္ခုႏွစ္)က အေရးပါပါတယ္၊ ကားထုတ္လုပ္သူတို႔ဟာ Generation(မ်ိဳးဆက္) တစ္ခုထဲမွာပင္ ထုတ္လုပ္သည့္ ခုႏွစ္ကိုလိုက္ၿပီ ကားအတြင္းအျပင္ပါဝင္ပစၥည္းေတြ အနည္းအငယ္ကြဲျပားသြားပါတယ္၊ Generation တစ္ခုသို႔ေျပာင္းခါနီးဆိုရင္လဲ Limited Edition Model ဆိုၿပီထုတ္ေရာင္းၾကပါေသးတယ္၊ Generation တစ္ခုကို ၃ ႏွစ္မွ ၆ ႏွစ္အထိထုတ္ၾကပါတယ္။


ေမာ္ဒယ္ခုႏွစ္ကိုလိုက္ၿပီ ျပည္တြင္းအခြန္ေပးေဆာင္ရာမွာလဲမတူညီၾကပါဘူး ေမာ္ဒယ္ျမင့္ရင္ပိုမ်ားပါမယ္၊ အႏွိမ့္ကားေတြမွာမသိသာပင္မဲ့ စလစ္ကပ္အျမင့္ကားေတြမွာသိသာပါတယ္၊ ျပည္တြင္းေဈးကြက္မွာ Generationတစ္ခုတူၿပီ ႐ုပ္(Body Chassis)မေျပာင္းေသးပင္မဲ့ ေမာ္ဒယ္ျမႇင့္ရင္ေဈးကြာၾကပါတယ္၊


ဒါေၾကာင့္ ကားဝယ္တဲ့အခါေမာ္ဒယ္ကိုေမးပါ၊ တစ္ခ်ိဳ႕ကအလြယ္တကူ ခါးပတ္ကိုၾကည့္ၾကပါတယ္၊ မေသခ်ာဘူးဆိုရင္ မိမိကိုယ္တိုင္ အြန္လိုင္းမွာတိုက္စစ္လို႔ရပါတယ္၊ တစ္ခ်ိဳ႕ဝက္ဆိုဒ္ေတြက ပိုက္ဆံေပးမွအျပည့္အစုံေပၚၿပီၾကည့္လို႔ရတာေတြရွိပါတယ္။


ေအာက္မွာေဖာ္ျပေပးထားတဲ့ ဝက္ဆိုဒ္လိပ္စာေတြကေတာ့ အခမဲ့ျဖစ္ၿပီးတစ္ခ်ိဳ႕ဆိုရင္ ဂရိတ္၊ အင္ဂ်င္အမ်ိဳးအစားေတြပါ ျပည့္စုံေအာင္ပါပါတယ္၊ Name Plate, Chassis ေနရာေတြကေတာ့ အင္ဂ်င္ခန္း၊ တံခါးေဘာင္၊ ထိုင္ခုံေအာက္၊ ေရွ႕ေလကာမွန္ေအာက္ေျခတို႔မွာ ရွိတက္ၾကပါတယ္။အားလုံးပဲ အဆင္ေျပၾကပါေစ။


ဂ်ပန္ကားမ်ားအတြက္ -


http://www.japan-partner.com/check-manufacture-year.php


http://www.toyodiy.com/parts/q?vin=


http://oliac.com/autos/i/


http://beforward.aleado.com/cabinet


http://jpcenter.ru/month


ေနာက္ဆိုျမင္ေတြ႕ၾကရမဲ့ အေမရိက၊ ယူ႐ိုဘက္က ကားမ်ားအတြက္ပါ-


http://www.vindecoderz.com


https://www.autodna.com


** မိမိအတြက္အသုံးဝင္မယ္ဆိုရင္ ေ႐ြးၿပီသိမ္းထားႏိုင္ပါတယ္ **

 

ENGINEERING COURSES ႏွင့္ဆိုင္ေသာ လုပ္ငန္း ၁၁၆ ခုကိုရွာေဖြရန္ ဤေနရာကိုႏွိပ္ပါ။

 

Credit: Original Writer

Read times
Rate this item
(0 votes)