Tips



ကား ဆီအရမ်းစားနေပြီဆိုရင် ဘာတွေကို စစ်ဆေးမလဲ

ကား ဆီအရမ်းစားနေပြီဆိုရင် ဘာတွေကို စစ်ဆေးမလဲ google

ကား ဆီအရမ်းစားနေပြီဆိုရင် ဘာတွေကို စစ်ဆေးမလဲ

 

မော်တော်ကားတွေရဲ့ ဆီစားနုန်း သက်သာအောင် ရည်ရွယ်ပြီး အင်ဂျင်အသေးစား တပ်ဆင်ထားတဲ့ မော်ဒယ် တွေကို အသုံးပြုမုများနေပေမယ့် အသုံးပြု မောင်းနင်မု နည်းစနစ် မကျတဲ့အခါ ဆီအရမ်းစားလာပါတယ်။

 

အဲဒီလို ဆီအရမ်းစားလာတဲ့အခါ မိမိရဲ့ ကားကို ပြန်လည် စစ်ဆေးဖို့လိုတာမို့ ဘယ်လို အချက်တွေကို စစ်ဆေး ရမလဲဆိုတာကို ဖော်ပြလိုက်ပါတယ်။

 

(၁) Plug မကောင်းတဲ့အတွက် အင်ဂျင်ပေါက်ကွဲချက် မမန်ဘဲ ဆီစားများစေနိုင်ပါတယ်။ ဒါဟာ စွမ်းအင် ထွက်ရိမု မမန်တာကြောင့် ဆီပိုမို အသုံးပြု မောင်းနင်ရစေတာလည်း ဖြစ်ပါတယ်။ ဒီအတွက် Plugကို ကီလို ၁၅၀၀မောင်းနင်ပြီးတိုင်း ဖြစ်စေ၊ တလတခါဖြစ်စေ အနည်းဆုံး စစ်ဆေး လဲလယ်သင့်ပါတယ်။

 

(၂) Air-Conလို အသုံးပြုမုတွေကြောင့် အင်ဂျင်ကို ပိုမို လည်ပတ်ရုန်းကန်စေတဲ့ အတွက် ဆီစားများ စေနိုင်ပါတယ်။ သူကတော့ ခရီးဝေး မောင်းနင်မုတွေမာ လေအေးပေးစနစ်ကို ပိတ်ပြီး မောင်းနင်တာ အကောင်းဆုံး ဖြစ်ပြီး မြို့တွင်းသုံးမာတော့ သိပ်မသိသာလပါဘူူး။

 

(၃) မန်ကန်တဲ့ ဂီယာချက် ပြောင်းလဲ အသုံးပြုမု မရိတဲ့ အတွက် ဆီစားများစေနိုင်ပါတယ်။ Manualမာတော့ ဂီယာချက် ပြောင်းလဲ အသုံးပြုမု မားစရာမရိပေမယ့် Auto မာတော့ လူအများစုက D တစ်ခုတည်းကိုပဲ အသုံးပြု မောင်းနင်လေ့ ရိတာမျိုးက လိုအပ်သလို ပြောင်းလဲ အသုံးပြု မောင်းနင်မု အားနည်းစေတာ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် လိုအပ်သည်ထက် အင်ဂျင်က ပိုမို ရုန်းကန်ရတာတွေ ရိလာတတ်ပြီး ဆီစားများ စေနိုင်ပါတယ်။

 

(၄) အရည်အသွေးပြည့် မရိတော့တဲ့ အင်ဂျင်ဝိုင် (သက်တမ်းလွန်)နေတဲ့ အတွက် ဆီစားများစေနိုင်ပါတယ်။ အင်ဂျင်ရဲ့ သွေးလို့ ဆိုနိုင်မယ့် အင်ဂျင်ဝိုင်ကို အမြဲစစ်ဆေး၊ လဲလယ်စီးနင်းဖို့ သင့်ပါတယ်။ Plug စစ်ဆေးချိန်တိုင်း တခါတည်း စစ်ဆေးလဲလယ်သင့်ပါတယ်။

 

(၅) ဝန်ပိုတင်ဆောင်မောင်းနင်တဲ့ အတွက် ဆီစားများစေနိုင်ပါတယ်။ အင်ဂျင်ကို မနိုင်ဝန် ထမ်းစေတာကြောင့် စွမ်းအင်ထုတ်လုပ်ရမု ပိုများစေပြီး ဆီစားများစေတာ ဖြစ်ပါတယ်။

 

(၆) လေပေါင်ချိန် မပြည်တဲ့ ဘီးတွေနဲ့ မောင်းနင်မုကြောင့် ဆီစားများစေနိုင်ပါတယ်။ သတ်မတ်လေပေါင်ချိန် မပြည့်ပါက ကားရဲ့ ပြေးအားကျသွားစေတာကြောင့် အင်ဂျင်ကို ပိုမို ရုန်းကန်ရစေနိုင်တာ ဖြစ်ပါတယ်။

 

(၇) အင်ဂျင်အရွယ်ကြီးမားတဲ့ (၃ ဒသမ ၀ လီတာသုံးနဲ့အထက်) မော်ဒယ်တွေ အနေနဲ့ ပွိုင့်မိနေတဲ့ အချိန်မျိုးတွေမာပါ အင်ဂျင်နိုးထားခြင်းက သိသာတဲ့ ဆီစားများခြင်းကို ဖြစ်စေနိုင်ပါတယ်။ သူကတော့ ပွိုင့်ကြီးတွေမာ အချိန်ကြာ မိနေတာမျိုးတွေ အတွက် စက်သတ်ထားတဲ့ ပုံစံမျိုး လုပ်ဆောင်သင့်ပါတယ်။

 

Credit; CG GPS Myanmar

 

Zawgyi

 


 

မော်တော်ကားတွေရဲ့ ဆီစားနှုန်း သက်သာအောင် ရည်ရွယ်ပြီး အင်ဂျင်အသေးစား တပ်ဆင်ထားတဲ့ မော်ဒယ် တွေကို အသုံးပြုမှုများနေပေမယ့် အသုံးပြု မောင်းနှင်မှု နည်းစနစ် မကျတဲ့အခါ ဆီအရမ်းစားလာပါတယ်။

 


 

(၁) Plug မကောင်းတဲ့အတွက် အင်ဂျင်ပေါက်ကွဲချက် မမှန်ဘဲ ဆီစားများစေနိုင်ပါတယ်။ ဒါဟာ စွမ်းအင် ထွက်ရှိမှု မမှန်တာကြောင့် ဆီပိုမို အသုံးပြု မောင်းနှင်ရစေတာလည်း ဖြစ်ပါတယ်။ ဒီအတွက် Plugကို ကီလို ၁၅၀၀မောင်းနှင်ပြီးတိုင်း ဖြစ်စေ၊ တလတခါဖြစ်စေ အနည်းဆုံး စစ်ဆေး လဲလှယ်သင့်ပါတယ်။

 

(၂) Air-Conလို အသုံးပြုမှုတွေကြောင့် အင်ဂျင်ကို ပိုမို လည်ပတ်ရုန်းကန်စေတဲ့ အတွက် ဆီစားများ စေနိုင်ပါတယ်။ သူကတော့ ခရီးဝေး မောင်းနှင်မှုတွေမှာ လေအေးပေးစနစ်ကို ပိတ်ပြီး မောင်းနှင်တာ အကောင်းဆုံး ဖြစ်ပြီး မြို့တွင်းသုံးမှာတော့ သိပ်မသိသာလှပါဘူး။

 

(၃) မှန်ကန်တဲ့ ဂီယာချက် ပြောင်းလဲ အသုံးပြုမှု မရှိတဲ့ အတွက် ဆီစားများစေနိုင်ပါတယ်။ Manualမှာတော့ ဂီယာချက် ပြောင်းလဲ အသုံးပြုမှု မှားစရာမရှိပေမယ့် Auto မှာတော့ လူအများစုက D တစ်ခုတည်းကိုပဲ အသုံးပြု မောင်းနှင်လေ့ ရှိတာမျိုးက လိုအပ်သလို ပြောင်းလဲ အသုံးပြု မောင်းနှင်မှု အားနည်းစေတာ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် လိုအပ်သည်ထက် အင်ဂျင်က ပိုမို ရုန်းကန်ရတာတွေ ရှိလာတတ်ပြီး ဆီစားများ စေနိုင်ပါတယ်။

 

(၄) အရည်အသွေးပြည့် မရှိတော့တဲ့ အင်ဂျင်ဝိုင် (သက်တမ်းလွန်)နေတဲ့ အတွက် ဆီစားများစေနိုင်ပါတယ်။ အင်ဂျင်ရဲ့ သွေးလို့ ဆိုနိုင်မယ့် အင်ဂျင်ဝိုင်ကို အမြဲစစ်ဆေး၊ လဲလှယ်စီးနင်းဖို့ သင့်ပါတယ်။ Plug စစ်ဆေးချိန်တိုင်း တခါတည်း စစ်ဆေးလဲလှယ်သင့်ပါတယ်။

 

(၅) ၀န်ပိုတင်ဆောင်မောင်းနှင်တဲ့ အတွက် ဆီစားများစေနိုင်ပါတယ်။ အင်ဂျင်ကို မနိုင်ဝန် ထမ်းစေတာကြောင့် စွမ်းအင်ထုတ်လုပ်ရမှု ပိုများစေပြီး ဆီစားများစေတာ ဖြစ်ပါတယ်။

 

(၆) လေပေါင်ချိန် မပြည်တဲ့ ဘီးတွေနဲ့ မောင်းနှင်မှုကြောင့် ဆီစားများစေနိုင်ပါတယ်။ သတ်မှတ်လေပေါင်ချိန် မပြည့်ပါက ကားရဲ့ ပြေးအားကျသွားစေတာကြောင့် အင်ဂျင်ကို ပိုမို ရုန်းကန်ရစေနိုင်တာ ဖြစ်ပါတယ်။

 

(၇) အင်ဂျင်အရွယ်ကြီးမားတဲ့ (၃ ဒသမ ၀ လီတာသုံးနဲ့အထက်) မော်ဒယ်တွေ အနေနဲ့ ပွိုင့်မိနေတဲ့ အချိန်မျိုးတွေမှာပါ အင်ဂျင်နှိုးထားခြင်းက သိသာတဲ့ ဆီစားများခြင်းကို ဖြစ်စေနိုင်ပါတယ်။ သူကတော့ ပွိုင့်ကြီးတွေမှာ အချိန်ကြာ မိနေတာမျိုးတွေ အတွက် စက်သတ်ထားတဲ့ ပုံစံမျိုး လုပ်ဆောင်သင့်ပါတယ်။

 

 

Credit; CG GPS Myanmar

Read times
Rate this item
(1 Vote)