Tips
ဆီတစ်ဂါလန်မှာ သွားနိုင်တဲ့ခရီးမိုင် ဘာကြောင့် လျော့သွားတာလဲ
ဆီတစ်ဂါလန်မှာ သွားနိုင်တဲ့ခရီးမိုင် ဘာကြောင့် လျော့သွားတာလဲ google
ကားအင်ဂျင်စက်တစ်လုံးသည် စနစ်ပေါင်းများစွာဖြင့် ဖွဲ့စည်းထား၍ စနစ်တစ်ခုခု ချွတ်ယွင်းသွားပါက လည်ပတ်လုပ်ရားမု တိကျမန်ကန်ခြင်းမရိတော့ဘဲ လောင်စာဆီ ပိုမိုကုန်ကျမည်ဖြစ်သည်။
ကားတစ်စီး လက်ဝယ်ရိနေပါလျင် အဓိက ကုန်ကျစရိတ်မာ လောင်စာဆီဖိုးနင့် ပြုပြင်ထိန်းသိမ်းစရိတ်များဖြစ်သည်။ လိုင်စင်သက်တမ်းတိုး ကုန်ကျစရိတ်၊ ဘီးခွန်နင့် အာမခံစရိတ်များမာ ဒုတိယငွေယိုပေါက်ဖြစ်သည်။
ကားမောင်းသော ခရီးအကွာအဝေးနင့် အသုံးပြုရသော လောင်စာဆီပမာဏကို အမြဲတမ်းနိုင်းယဉ်မတ်သားလေ့ရိပါက ကား ဆီစားများနေသော အခြေအနေကို သတိပြုမိနိုင်သည်။ ယနေ့ခေတ်ပေါ်ကားများတွင် နည်းပညာမြင့်မားတိုးတက်လာသဖြင့် ဆီတစ်ဂါလန်လျင် သွားနိုင်သော ခရီးမိုင်(mpg) သည်် ခေတ်ဟောင်း ကားများထက် သာလွန်သည်။ ထို့ကြောင့် မျက်မောက် ကာလတွင် အမေရိကန်နင့် ဥရောပနိုင်ငံများ၌ ဆီစားသက်သာသော ဆီတစ်ဂါလန်မိုင်နုန်းမြင့်မားသောကားများ ထုတ်လုပ် ရောင်းချနိုင်ရေးအတွက် မူဝါဒများချမတ်ကာ တွန်းအားပေးလုပ်ဆောင်နေကြသည်။ လျပ်စစ်ကားများ ပိုမိုသုံးစွဲလာရေး အတွက်လည်း မက်လုံးများ၊ အခွင့်အရေးများပေး၍ ဆွဲဆောင်စည်းရုံးကြသည်။
ကားဆီစားများနေသော အကြောင်းရင်းများစွာရိသည်။ အားနည်းချက်၊ ပြစ်ချက်များရိ၍ အင်ဂျင် ပုံမန်လည်ပတ်ရန် လောင်စာဆီများ ပိုမိုကုန်ကျနေခြင်းဖြစ်သည်။ အကြောင်းရင်းများကို ရာဖွေဖော်ထုတ်နိုင်လျင် ဆီစားသက်သာမည်။ လောင်စာဆီ လေလွင့်ဆုံးရုံးနေခြင်းများကို အချိန်မီတားဆီးနိုင်မည်။
(၁) အောက်ဆီဂျင်ဆင်ဆာ အားနည်းခြင်း
ခေတ်ပေါ် ကားများတွင် လေနင့် လောင်စာဆီ ရောနောမု အချိုးအစားကို PCM (Powertrain Control Moldue) ခေါ် ကွန်ပျူတာက ထိန်းချုပ်သည်။ အောက်ဆီဂျင်ဆင်ဆာမ အာရုံခံပေးပို့သော သတင်းအချက်အလက်များအရ PCM သည် လေနင့် လောင်စာဆီအချိုးကို ပြောင်းလဲပေးသည်။ အောက်ဆီဂျင်ဆင်ဆာ (O2 Sensor) ၏ တုံ့ပြန်မုအားနည်းသောကြောင့် ဆီများသော အချိုးအစားဖြစ်နေလျင် ဆီစားနုန်းမြင့်မားနေတတ်သည်။ ခရီးမိုင် (၁ဝဝ,ဝဝဝ) ခန့် သုံးပြီးပါက အောက်ဆီဂျင် ဆင် ဆာသည် အာရုံခံနိုင်စွမ်း ကျဆင်းနေးကွေး လာတတ်သည်။
(၂) Coolant ဆင်ဆာ မကောင်းတော့ခြင်း
အင်ဂျင် အအေးခံစနစ်တွင် အအေးခံရည် (Coolant) ၏ အပူချိန် ဆင်ဆာက PCM သို့ သတင်းပို့ ပြီး အင်ဂျင်တစ်လုံး၏ Operating Temperature ကို ထိန်းသိမ်းနိုင်ရန်အတွက် အထောက်အကူပြုပေးသည်။ Coolant ဆင်ဆာ အပြစ်အနာအဆာ ရိ၍ သတင်းပေးပို့မု မမန်ကန်ပါက PCM ၏ အင်ဂျင်ထိန်းချုပ်မု လုပ်ငန်းစဉ်တွင် လောင်စာဆီ ပိုသုံးနေရသည်။ Coolant ဆင်ဆာမကောင်းပါက အသစ်အစားထိုးလဲလယ်ပေးရမည်။
(၃) သာမိုစတက် မကောင်းခြင်း
အင်ဂျင်အအေးခံစနစ်တွင် သာမိုစတက်ကို သုံးသည်။ အင်ဂျင်စတင်လည်ပတ်ချိန်တွင် Operating Temperature သို့ အမြန်ဆုံးရောက်ရိစေရန် သာမိုစတက် ပိတ်နေသော အနေအထားရိရမည်။ သာမိုစတက်မကောင်းပါက အဖွင့်/အပိတ် မမန်နိုင်ပါ။ သာမိုစတက် ပွင့်နေလျင် အင်ဂျင်အပူချိန် တက်လာရန် အချိန်ကြာပြီး လောင်စာဆီလည်း ပိုသုံးရသည်။ PCM ၏ ထိန်းသိမ်းမု လုပ်ငန်းကို မမန်မကန် ဖြစ်စေသည်။ သာမိုစတက် မူမမန် ဖြစ်ခြင်းကြောင့် လောင်စာဆီ ပိုမိုသုံးစွဲရသည်။
(၄) အင်ဂျင် Misfire ဖြစ်ခြင်း
အင်ဂျင် Misfire ဖြစ်နေပါက လောင်စာဆီ လေလွင့်ဆုံးရုံးမုဖြစ်၍ ဆီပိုစားနေမည်။ Misfire ဖြစ်သော အကြောင်းရင်း များစွာရိသည်။ မီးပေးစနစ် (lgnition) ပြနာများ ဖြစ်သော ပလပ် (Plug) မကောင်းခြင်း၊ Coil မီးထွက်အားနည်းခြင်း စသော အကြောင်းရင်းများကြောင့်လည်း Misfire ဖြစ်နိုင်သည်။ ညစ်ပေ၍ ချွတ်ယွင်းချက်ရိသော Fuel Injector များကြောင့် ဆီပန်းပုံစံမမန်ခြင်း၊ Intake မန်နီဖိုတွင် လေဟာနေခြင်း၊ Fuel Pump မ ပေးပို့သော ဆီဖိအားကျဆင်းနေခြင်း၊ အင်ဂျင် Compression ကျနေခြင်း စသော ပြနာများသည်လည်း အင်ဂျင် Misfire ဖြစ်စေသည်။ ခေတ်ပေါ်အင်ဂျင်များတွင် OBD II Scan ဖတ်၍ Misfire ရောဂါလက္ခဏာများကို ရာဖွေစစ်ဆေးနိုင်သည်။
(၅) Intake Manifold တွင် လေဟာနေခြင်း
Intake မန်နီဖို့ဒ်အထိုင် ဂတ်စ်ကတ် လေမလုံပါက (သို့မဟုတ်) EGR (Exhaust Gas Recirculation) Valve လေဟာနေပါက လေနင့် လောင်စာဆီအချိုးအစား မမန်တော့ဘဲ အင်ဂျင် Misfire ဖြစ်နေမည်။ Misfire ဖြစ်လျင် ဆီပိုကုန်၍ ဆီစားများနေမည်။
(၆) Spark Plugs များ မကောင်းခြင်း
ပလပ်မကောင်းလျင် မီးပွား (Spark) အားနည်းပြီး လောင်စာများအပြည့်အဝ မီးလောင်ပေါက်ကွဲခြင်း မဖြစ်နိုင်ပါ။ အရည်အသွေး ကောင်းသော ပလပ်တီနမ်ပလပ်နင့် Iridium plug များကို သုံးပါက မိုင် (၁ဝဝ,ဝဝဝ) အထိ အသုံးခံသည်။ ပလပ်တစ်လုံးချင်း စစ်ဆေး၍ ဆေးကြောသန့်ရင်းပါ။ ပလပ်ငုတ်အကွာအဝေး (Gap) ကို ပြန်ချိန်ပါ။ မကောင်းသော ပလပ်များ အသစ်လဲလယ်ပေးပါ။
(၇) Injector များ ညစ်ပတ် ပိတ်ဆို့နေခြင်း
EFI စနစ် သုံးသော ခေတ်ပေါ်ကားများတွင် Injector ကောင်းမ ဆီဖြန့်ဝေမု၊ ဆိီလောင်ကျွမ်းမုမန်ကန်မည်။ Injector များညစ်ပတ်နေခြင်း၊ ဆီပေါက် ပိတ်နေခြင်းများသည် ချွတ်ယွင်းအားနည်းချက်များ ဖြစ်သည်။ Injector ကောင်းကောင်း အလုပ်မလုပ်နိုင်လျင် Misfire ဖြစ်၍ ဆီစားပိုများမည်။ Injector များ ဖြုတ်ဆေးပါ။ ဆီတိုင်ကီထဲတွင် Injector Cleaner တစ်ဘူးရောစပ်၍ သုံးပါ။
(၈) အင်ဂျင် Compression ကျနေခြင်း
Compression ကျနေသော အင်ဂျင်တစ်လုံးသည် Fuel Efficiency ကျဆင်း၍ ဆီစားများနေမည်။ Compression ကောင်း/မကောင်း Compression Test လုပ်၍ စစ်ဆေးပါ။ အင်ဂျင် Compression ကျနေခြင်းသည် အင်ဂျင် မလုံ၍ ဖြစ်သည်။ အင်ဂျင် Head ရိ Valve များ အထိုင်မလုံခြင်း၊ ဗားဆိီးဗားဂိုက်မလုံခြင်း၊ Piston Rings များ စားနေခြင်းများကြောင့် ဖြစ်နိုင်သည်။
(၉) အင်ဂျင်ဝိုင်ရွေးချယ်မု မားနေခြင်း
ယနေ့ခေတ်ပေါ် အင်ဂျင်များတွင် ချွဲပျစ်မုများသော SAE 40 ဆီ၊ SAE 50 ဆီများကို မသုံးတော့ပါ။ Low Viscosity အင်ဂျင်ဝိုင်များဖြစ်သော 5W-20/5W-30 ဆီများကိုသာသုံးပါသည်။ ဆီပျစ်လျင် အင်ဂျင်ခုခံမုများ နေ၍ လောင်စာဆီ ပိုကုန်သည်။ အချို့အင်ဂျင်များတွင် Fully Synthetic Oil ဖြစ်သော 0W-20 ဆီများကိုပင် သုံးစွဲလာကြပါသည်။
(၁ဝ) Air Cleaner လေစစ်ညစ်ပတ်နေခြင်း
လေစစ်တွင် ဖုန်မုန့်များ၊ အမိုက်များပိတ်နေပါက အင်ဂျင်အသက်ရုကြပ်ပြီး ဆီပိုကုန်ပါသည်။ လေစစ်ကို သန့်စင်ပေးပါ။ (သို့မဟုတ်) အသစ်လဲပေးပါ။
(၁၁) အိတ်ဇော Convertor ပိတ်နေခြင်း
အိတ်ဇောပိုက်လိုင်းစနစ်တွင် Catalytic Conver- ter ပိတ်နေပါက Back Pressure ဖြစ်ပြီး ဆီပိုကုန်မည်။
(၁၂) ကလပ်ချော်နေခြင်း
ကလပ်ပလိပ်စားနေ၍ ကလပ်ချော်နေပါက အင်ဂျင်ပါဝါဆုံးရုံးပြီး ဆီကုန်မည်။
(၁၃) တာယာ လေပေါင်ဖိအားနည်းခြင်း
တာယာလေပေါင်မမန်ခြင်း၊ လေပေါင်နည်းခြင်းများသည် Tire Rolling ခုခံမုဖြစ်စေသည်။ ထို့ကြောင့် ဆီပိုကုန်သည်။
(၁၄) ကားဘရိတ်ရူးများ ငြိနေခြင်း
ဘရိတ်ငြိနေပါက အင်ဂျင်ပို၍ ရုန်းကန်ရသဖြင့် ဆီပိုကုန်စေသည်။
(၁၅) ယာဉ်မောင်းနင်မု အလေ့အထ မကောင်းခြင်း
အချို့ယာဉ်မောင်းများသည် မောင်းနင်မုကြမ်းတမ်းသည်။ ကားစထွက်လျင် ကလပ်ဆောင့်လွတ်ပြီး လီဗာအနင်းကြမ်းခြင်း၊ ဘရိတ်ခပ်ကြမ်းကြမ်းဖမ်းခြင်း၊ မလိုအပ်ဘဲ လီဗာနင်း၍ အင်ဂျင်စက်သံမြင့်တင်ပြီး အခြားလမ်းအသုံးပြုသူများကို အသံဖြင့် ခြိမ်းခြောက်ခြင်းစသော အပြုအမုများသည် ဆီစားများစေသော အလေ့အကျင့်ဆိုး များဖြစ်သည်။
(၁၆) ကားဘီးအလိုင်းမန့် မမန်ခြင်း
ကားဘီးတာယာများ အလိုင်းမန့် Out နေပါက ဆီစားပိုများသည်အပြင် တာယာပန်းသားများလည်း ပွန်းစားမု လျင်မြန် စေသည်။ ဘီးအလိုင်းမန့် ပုံမန်ချိ်န်၍ စစ်ဆေးပါ။
သင့်ကား ဆီစားသက်သာစေရန် အထက်တွင် ဖော်ပြထားသော အကြောင်းတရားများကို စစ်ဆေးပြုပြင် ရပါမည်။ အချိန်မန်ဆောင်ရွက်ရသော Preventive Main- tenance ကို ပုံမန်လုပ်ပေးပါ။ လိုအပ်လျင် ဝပ်ရော့ပ်ဆရာ နင့် တိုင်ပင်၍ သင့်ကားအင်ဂျင်စက်အား (Tunning) ကျူးနင်းလုပ်ပေးပါ။ ကားတစ်စီးသည် အသစ်တစ်စီး ဖြစ်စေကာမု ပုံမန်ပြုပြင်ထိန်းသိမ်းမုလုပ်ငန်းများ ဆောင်ရွက်ပေးရပါသည်။
သုံးစွဲသော လောင်စာဆီသည် အရော အနောကင်းသော၊ အရည်အသွေးပြည့်ဝသော လောင်စာဆီ ဖြစ်ရန်လည်း လိုအပ်ပါသည်။ အချိန်အတွယ် ဂါလန်/လီတာ ပြည့်ရန်လည်း လိုအပ်ပါသည်။ လောင်စာဆီဝယ်ယူရာတွင် လမ်းဘေး လက်လီဆီဆိုင်များမ မဝယ်ပါနင့်။ ဆီမသန့်လျင် သင့်ကားအင်ဂျင်ပျက်စီးပါမည်။
Zawgyi
ကားအင်ဂျင်စက်တစ်လုံးသည် စနစ်ပေါင်းများစွာဖြင့် ဖွဲ့စည်းထား၍ စနစ်တစ်ခုခု ချွတ်ယွင်းသွားပါက လည်ပတ်လှုပ်ရှားမှု တိကျမှန်ကန်ခြင်းမရှိတော့ဘဲ လောင်စာဆီ ပိုမိုကုန်ကျမည်ဖြစ်သည်။ ကားတစ်စီး လက်ဝယ်ရှိနေပါလျှင် အဓိက ကုန်ကျစရိတ်မှာ လောင်စာဆီဖိုးနှင့် ပြုပြင်ထိန်းသိမ်းစရိတ်များဖြစ်သည်။ လိုင်စင်သက်တမ်းတိုး ကုန်ကျစရိတ်၊ ဘီးခွန်နှင့် အာမခံစရိတ်များမှာ ဒုတိယငွေယိုပေါက်ဖြစ်သည်။
ကားမောင်းသော ခရီးအကွာအဝေးနှင့် အသုံးပြုရသော လောင်စာဆီပမာဏကို အမြဲတမ်းနှိုင်းယှဉ်မှတ်သားလေ့ရှိပါက ကား ဆီစားများနေသော အခြေအနေကို သတိပြုမိနိုင်သည်။ ယနေ့ခေတ်ပေါ်ကားများတွင် နည်းပညာမြင့်မားတိုးတက်လာသဖြင့် ဆီတစ်ဂါလန်လျှင် သွားနိုင်သော ခရီးမိုင်(mpg) သည် ခေတ်ဟောင်း ကားများထက် သာလွန်သည်။ ထို့ကြောင့် မျက်မှောက် ကာလတွင် အမေရိကန်နှင့် ဥရောပနိုင်ငံများ၌ ဆီစားသက်သာသော ဆီတစ်ဂါလန်မိုင်နှုန်းမြင့်မားသောကားများ ထုတ်လုပ် ရောင်းချနိုင်ရေးအတွက် မူဝါဒများချမှတ်ကာ တွန်းအားပေးလုပ်ဆောင်နေကြသည်။ လျှပ်စစ်ကားများ ပိုမိုသုံးစွဲလာရေး အတွက်လည်း မက်လုံးများ၊ အခွင့်အရေးများပေး၍ ဆွဲဆောင်စည်းရုံးကြသည်။
ကားဆီစားများနေသော အကြောင်းရင်းများစွာရှိသည်။ အားနည်းချက်၊ ပြစ်ချက်များရှိ၍ အင်ဂျင် ပုံမှန်လည်ပတ်ရန် လောင်စာဆီများ ပိုမိုကုန်ကျနေခြင်းဖြစ်သည်။ အကြောင်းရင်းများကို ရှာဖွေဖော်ထုတ်နိုင်လျှင် ဆီစားသက်သာမည်။ လောင်စာဆီ လေလွင့်ဆုံးရှုံးနေခြင်းများကို အချိန်မီတားဆီးနိုင်မည်။
ခေတ်ပေါ် ကားများတွင် လေနှင့် လောင်စာဆီ ရောနှောမှု အချိုးအစားကို PCM (Powertrain Control Moldue) ခေါ် ကွန်ပျူတာက ထိန်းချုပ်သည်။ အောက်ဆီဂျင်ဆင်ဆာမှ အာရုံခံပေးပို့သော သတင်းအချက်အလက်များအရ PCM သည် လေနှင့် လောင်စာဆီအချိုးကို ပြောင်းလဲပေးသည်။ အောက်ဆီဂျင်ဆင်ဆာ (O2 Sensor) ၏ တုံ့ပြန်မှုအားနည်းသောကြောင့် ဆီများသော အချိုးအစားဖြစ်နေလျှင် ဆီစားနှုန်းမြင့်မားနေတတ်သည်။ ခရီးမိုင် (၁ဝဝ,ဝဝဝ) ခန့် သုံးပြီးပါက အောက်ဆီဂျင် ဆင် ဆာသည် အာရုံခံနိုင်စွမ်း ကျဆင်းနှေးကွေး လာတတ်သည်။
အင်ဂျင် Misfire ဖြစ်နေပါက လောင်စာဆီ လေလွင့်ဆုံးရှုံးမှုဖြစ်၍ ဆီပိုစားနေမည်။ Misfire ဖြစ်သော အကြောင်းရင်း များစွာရှိသည်။ မီးပေးစနစ် (lgnition) ပြဿနာများ ဖြစ်သော ပလပ် (Plug) မကောင်းခြင်း၊ Coil မီးထွက်အားနည်းခြင်း စသော အကြောင်းရင်းများကြောင့်လည်း Misfire ဖြစ်နိုင်သည်။ ညစ်ပေ၍ ချွတ်ယွင်းချက်ရှိသော Fuel Injector များကြောင့် ဆီပန်းပုံစံမမှန်ခြင်း၊ Intake မန်နီဖိုတွင် လေဟာနေခြင်း၊ Fuel Pump မှ ပေးပို့သော ဆီဖိအားကျဆင်းနေခြင်း၊ အင်ဂျင် Compression ကျနေခြင်း စသော ပြဿနာများသည်လည်း အင်ဂျင် Misfire ဖြစ်စေသည်။ ခေတ်ပေါ်အင်ဂျင်များတွင် OBD II Scan ဖတ်၍ Misfire ရောဂါလက္ခဏာများကို ရှာဖွေစစ်ဆေးနိုင်သည်။
Intake မန်နီဖို့ဒ်အထိုင် ဂတ်စ်ကတ် လေမလုံပါက (သို့မဟုတ်) EGR (Exhaust Gas Recirculation) Valve လေဟာနေပါက လေနှင့် လောင်စာဆီအချိုးအစား မမှန်တော့ဘဲ အင်ဂျင် Misfire ဖြစ်နေမည်။ Misfire ဖြစ်လျှင် ဆီပိုကုန်၍ ဆီစားများနေမည်။
(၉) အင်ဂျင်ဝိုင်ရွေးချယ်မှု မှားနေခြင်း
(၁၂) ကလပ်ချော်နေခြင်း
ကလပ်ပလိပ်စားနေ၍ ကလပ်ချော်နေပါက အင်ဂျင်ပါဝါဆုံးရှုံးပြီး ဆီကုန်မည်။
(၁၄) ကားဘရိတ်ရှူးများ ငြိနေခြင်း
(၁၅) ယာဉ်မောင်းနှင်မှု အလေ့အထ မကောင်းခြင်း
အချို့ယာဉ်မောင်းများသည် မောင်းနှင်မှုကြမ်းတမ်းသည်။ ကားစထွက်လျှင် ကလပ်ဆောင့်လွှတ်ပြီး လီဗာအနင်းကြမ်းခြင်း၊ ဘရိတ်ခပ်ကြမ်းကြမ်းဖမ်းခြင်း၊ မလိုအပ်ဘဲ လီဗာနင်း၍ အင်ဂျင်စက်သံမြှင့်တင်ပြီး အခြားလမ်းအသုံးပြုသူများကို အသံဖြင့် ခြိမ်းခြောက်ခြင်းစသော အပြုအမှုများသည် ဆီစားများစေသော အလေ့အကျင့်ဆိုး များဖြစ်သည်။
(၁၆) ကားဘီးအလိုင်းမန့် မမှန်ခြင်း
ကားဘီးတာယာများ အလိုင်းမန့် Out နေပါက ဆီစားပိုများသည်အပြင် တာယာပန်းသားများလည်း ပွန်းစားမှု လျင်မြန် စေသည်။ ဘီးအလိုင်းမန့် ပုံမှန်ချိန်၍ စစ်ဆေးပါ။
Credit; ဆရာမာစတာ
Read times
Rate this item
(1 Vote)