Tips



ကားဘီး Wheel Balance မညီတော့ဘူးဆိုရင် ဖြစ်နိုင်တဲ့ ကားတုန်ခါမှု နှင့် ဆက်စပ်ရောဂါလက္ခဏာများ

ကားဘီး Wheel Balance မညီတော့ဘူးဆိုရင် ဖြစ်နိုင်တဲ့ ကားတုန်ခါမှု နှင့် ဆက်စပ်ရောဂါလက္ခဏာများ google

ကားဘီးတွေရဲ. Alignment (အလိုင်းမင့်) မညီတော့ဘူးဆိုရင် ကားတာယာတွေ တခြမ်းစီ မညီမညာ စားသွားတာ ၊ ကားမောင်းနေတဲ့အချိန် တဖက်ကို ဆွဲသွားတာ အစရှိတဲ့ ရောဂါလက္ခဏာတွေကိုတော့ တော်တော်များများလည်းကြုံဖူး ကြားဖူးကြပါတယ် ၊ ဒါ့အပြင် ကားအောက်ပိုင်းမှာရှိတဲ့ ဆက်စပ်ပစ္စည်းတွေ ဖြုတ်တပ်ပြုပြင်လဲလှယ်ပြီးတဲ့ အခါမျိုးမှာလည်း ကား အလိုင်းမင့် ချိန်ကြရတာလည်း ကားမောင်းသူတိုင်းလိုလို သိကြပြီး အမြဲ သတိထားပြုပြင်ထိန်းသိမ်းကြပါတယ်။

 

ဒါပေမယ့် ဒီနေ. ပြောပြချင်တဲ့ Wheel Balance ဆိုတဲ့ အကြောင်းကိုတော့ ကားမောင်းသူတော်တော်များများ သတိမထားမိကြပါဘူး ၊ ဒီ Wheel Balance ဆိုတာလေးကလည်း ကားမောင်းနေသူတွေနဲ. ကားရဲ. အန္တရာယ်ကင်းရှင်းမှုအတွက် ဘယ်လောက်အရေးပါတယ်ဆိုတာလေး ပြောပြချင်ပါတယ် ။


Wheel Balance ဆိုတာဘာလဲ ?


Wheel Balance ဆိုတာကတော့ ကားတစီး အရှိန်ပြင်းပြင်းနဲ. မောင်းနှင်နေတဲ့အချိန်မှာ ၊ ကားဘီးမှာ တပ်ဆင်ထားတဲ့ ကားခွေ ( သံ ၊ စတီး ၊ အလွိုင်း ) နဲ. ကားတာယာ တို. နှစ်ခု တခုနဲ. တခု ဟန်ချက်ညီညီ အချိုးကျကျ လည်ပတ်နိုင်ဖို. အဓိက လိုအပ်တဲ့ အရာတခုဖြစ်ပါတယ် ။ ဒီလိုပြောရင် ကားဘီးခွေနဲ. ကားတာယာ fitting ကျအောင် တပ်ထားတာပဲ ဘာဖြစ်လို. အချိုးကျကျ မလည်ရမှာလဲလို. ထင်မြင်စရာရှိပါတယ် ။


တကယ်တော့ ကားကို အရှိန်ပြင်းပြင်းနဲ. မောင်းနှင်နေတဲ့ အချိန်မှာ ကားဘီးနဲ. တာယာဟာ အချိုးကျကျ ကာရံညီညီ မလည်ပတ်တဲ့ အခါမျိုးတွေရှိပါတယ် ၊ ဒီလို အရာကို ကျနော်တို. မျက်စီနဲ.မမြင်နိုင် မခန်.မှန်းနိုင်ပါဘူး ။ဒါဘာကြောင့်ဖြစ်ရတာလဲဆိုရင်တော့ အရာဝတ္ထုတွေလည်ပတ်တဲ့အခါမှာ ဖြစ်ပေါ်လာတဲ့ ဗဟိုခွာအား (Centrifugal Force) ကြောင့်ဖြစ်ပေါ်လာရတာပါ ။ ဗဟိုခွာအားဆိုတာကတော့ အရာဝတ္ထုတခုခုက လည်ပတ်တဲ့အခါမှာ လည်ပတ်နေတဲ့ အရာဝတ္ထုရဲ. အလည်ဗဟိုချက်ကနေ အပြင်ဖက်ဆီကို အားတွေပြန်.ကားထွက်လာတဲ့သဘောလို. အကြမ်းမျဉ်းမှတ်ယူလို.ရပါတယ် ။


အဲ့ဒီလို ဗဟိုချက်တခုကနေ လည်ပတ်နေတဲ့ ဘယ်အရာမဆို တည်တည်ငြိမ်ငြိမ်လည်ပတ်ဖို.အတွက် လည်ပတ်နေတဲ့ အရာဝတ္ထုတွေရဲ. အလေးချိန် အနိမ့်အမြင့်တွေ အချိုးညီနေမှရပါမယ် ။ အဲ့ဒီလိုမှ မဟုတ်ဘူး ၊ ဗဟိုချက်တခုကနေ လည်ပတ်နေတဲ့ အရာဝတ္ထုတွေက အချိုးအစားတွေ မညီဘူး အနိမ့်အမြင့်တွေ မညီဘူး ၊ အလေးချိန်တွေ မတူညီဘူးဆိုရင်တော့ ဗဟိုခွာအားဆိုတဲ့ ရူပဗေဒသဘောတရားအရ အဲ့ဒီအရာဝတ္ထုတွေက တည်တည်ငြိမ်ငြိမ် မလည်ပတ်နိုင်တော့ဘဲ တုန်ခါမှုတွေ ဖြစ်ပေါ်စေတော့မှာပါ ။ ဒီလိုသဘောတရားကနေ Wheel Balance ဆိုတဲ့ သဘောတရားပေါ်ပေါက်လာရတာပါ ။


Wheel Balance ဘာကြောင့် မဖြစ်ရတာလဲ ?


ကျနော်တို. လက်ရှိအသုံးပြုနေတဲ့ ကားတွေမှာ တပ်ဆင်ထားတဲ့ကားဘီးဂွေနဲ. ကားတာယာတွေကို Wheel Balance ချိန်ပေးရတာမျိုးကလည်း ဒါကြောင့်ပါပဲ ၊ ကားတာယာနဲ.ဂွေတွေယာ ဘယ်လောက်အဆင့်မြင့်တဲ့ နည်းပညာတွေသုံးပြီး ထုတ်လုပ်ထားသည်ဆိုပါစေ ၊ Molding ဆိုတဲ့ မိုသွန်းလောင်းတဲ့နေရာမှာဖြစ်စေ ၊ သံသား ၊ သတ္ထုအသား အစရှိတာတွေကြောင့်ဖြစ်စေ ၊ ကားရဲ.ဝန် ဝိတ်ကို ထမ်းသွားရင်းနဲ.ဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့် တနေရာရာမှာ အလေးချိန်လျော့နည်းနေတာ ၊ ပါးနေတာ ၊ လိမ်နေတာ ၊ ချိုင့်နေတာ မျိုးတွေရှိပါတယ် ။ ဒီလိုအားနည်းချက်တွေနဲ. ကားရဲ. အရှိန်မြန်တာနဲ. ပေါင်းလိုက်တဲ့ အခါမှာတော့ Wheel unbalance တွေဖြစ်ပေါ်လာပြီး အပေါ်မှာပြောခဲ့တဲ့ ရူပဗေဒသဘောတရားအရ တုန်ခါမှုတွေ ဖြစ်ပေါ်လာရတော့တာပါပဲ ။ ဒီလိုတုန်ခါမှုတွေက သာမာန်တုန်ခါရုံနဲ. ပြီးမသွားဘဲ ကားအောက်ပိုင်းနဲ. ကားရဲ. အန္တရာယ်ကင်းရှင်းရေးတွေကိုပါ အနှောက်အယှက်ပေးတော့တာပါပဲ ။


Wheel Balance မညီတော့ဘူးဆိုရင် ဖြစ်လာနိုင်တဲ့ ရောဂါလက္ခဏာများ


1. ဆိုးဆိုးရွားရွား တုန်ခါတာမျိုး


ဒါမျိုးဘယ်အချိန်မှာ ဖြစ်လာတတ်သလဲဆိုရင်တော့ ကီလို ၆၀ (ဝါ) ၇၀ နှုန်းနဲ.မောင်းနှင်နေတဲ့အချိန် ( တချို.ကားတွေမှာတော့ ကီလို ၁၀၀ နဲ.အထက် ) မောင်းနေတဲ့အချိန်မျိုးမှာဖြစ်တတ်တာပါ ။ ကားလမ်းတွေကလည်း ညီညီညာညာနဲ.ကောင်းနေရဲ.သား ၊ ကားရဲ. အောက်ပိုင်းကနေ စတီယာရင် ဂွေအထိ ဆိုးဆိုးရွားရွားခါရမ်းတုန်ခါချင်တာမျိုး ၊ ကားကို ဘယ်ဖက် ညာဖက် တဖက်ဖက်ဆီကို ဆွဲချသလိုမျိုး ခံစားလာရတယ်ဆိုရင် အဲဒါ ကားရဲ. Wheel Balance မညီညာတော့ဘူးဆိုရင် ဖြစ်တတ်တဲ့ သဘောတရားပါ ။ ကားအရှိန်တိုးလာလေလေ ပြင်းထန်တဲ့ တုန်ခါမှု ဖြစ်လာလေလေပါ ။


တခါတရံမှာတော့ ကားအရှိန်လျော့နေတဲ့အချိန်မှာ သိသိသာသာ တုန်ခါမှုဖြစ်ပေါ်ပြီး ၊ ကားအရှိန်တင်လိုက်တဲ့ အချိန်မျိုးမှာ တုန်ခါမှုမရှိတော့ဘဲ တည်ငြိမ်သွားတာမျိုးလည်းဖြစ်တတ်ပါတယ် ။ ဒါပေမယ့် ကားအရှိန်လျော့နေတဲ့ အချိန် သိသိသာသာ တုန်ခါနေတဲ့ ကားကို အရှိန်မြှင့်မောင်းတဲ့သူ ရှားပါးမယ်လို.တော့ ထင်ပါတယ် ။ နောက်တချက်က ဘရိတ်နင်းလိုက်တဲ့ အချိန် ၊ ဘရိန်မှေးလိုက်တဲ့ အချိန်မျိုးမှာ ကားစတီယာရင်ကို လာတိုးပြီး တုန်ခါမှုဖြစ်စေတာမျိုးကလည်း ကားရဲ. Wheel Balance မညီညာတော့တဲ့ ပြဿနာဖြစ်တတ်ပါတယ် ။


2. တာယာထိပ်ကွက်တာ


တကယ်တော့ Cupped Wear ကိုပြောတာ ၊ မြန်မာလို. အနီးစပ်ဆုံးပြောရရင်တော့ ထိပ်ကွက်သွားတာ ၊ တာယာ အကွက်လိုက်အကွက်လိုက်ဖြစ်တာကို ဆိုလိုတာပါ ။ ပုံမှန် အလိုင်းမင့် မှန် Balance မှန်နေတဲ့ ကားတာယာရဲ. ပန်းတွေဟာ ပုံမှန်ညီညာ ညာညာ ပွန်းစားရမှဖြစ်ပေမယ့် ၊ အလိုင်းမင့်မမှန်တာကြောင့် တာယာ တခြမ်းစားသွားတာ ၊ ကားအောက်ပိုင်း ပစ္စည်းတွေ ချို.ယွင်းမှုကြောင့် ပွန်းစားတာတွေနဲ. ဒီ Wheel Balance မညီမျှမှုကြောင့်ဖြစ်တဲ့ တာယာပွန်းစားမှုတွေက ကြည့်ရင် သိသိသာသာ ကွဲပြားပါတယ် ။


ပုံမှန်အားဖြင့် လေပေါင်ချိန်ညီညီနဲ. ထိုးထားတဲ့ တာယာတလုံးဟာ ကားရဲအလေးချိန်ဝိတ်ကို တူညီစွာထမ်းပိုးထားရတာမို. ကားတာယာနဲ.မြေပြင်ထိတွေ.ပွတ်တိုက်မှုတိုင်း တူတူညီညီမျှမျှတတ ခံစားရမှာ ဖြစ်ပြီး ညီညီညာညာ ပန်းတွေ ပွန်းစား ကုန်ဆုံးရမှာပါ ။ ဒါပေမယ့် ဒီလို Wheel Balance မညီမျှတဲ့ တာယာတွေမှာတော့ ကားဟာ အရှိန်နဲ. လည်ပတ်လေလေ ကားတာယာနဲ. မြေပြင်ပွတ်တိုက်မှုတွေက မညီမညာဖြစ်လေဖြစ်ပြီး ထိတဲ့အပိုင်းတွေက ထိ ၊ မထိတဲ့ အပိုင်းတွေက မထိဘဲ ၊ ထိတွေ.မှုများများခံရတဲ့ အပိုင်းတွေက ကားတာယာတွေကို ဟိုတကွက် ဒီတကွက် ထိပ်ကွက်တွေဖြစ်ပေါ်စေတာပါ ။ မြင်သာထင်သာအောင်ပြောရရင်တော့ ကားဘီးဟာ မြန်လွန်းလို.သာ လည်တယ်ထင်နေရတာ တကယ်ဆို မလည်ဘဲ ခုန်ခုန်သွားနေသလိုမျိုးဖြစ်တာပါ ။


ကားတာယာတွေရဲ. တည်ဆောက်ပုံ ဒီဇိုင်းတွေအရ ပွန်းစားကွက်သွားတဲ့နေရာတွေဟာ ကားရဲ. ဖိအားတွေ ၊ Stress တွေကို ခံနိုင်ရည် နည်းသွားပြီး အချိန်မရွေး တာယာပေါက်တာ တာယာကွဲတာတွေ ဖြစ်ပေါ်လာနိုင်ပါတယ် ။ အမြန်လမ်းမှာ ကားအရှိန်နဲ.သွားနေချိန် ကားတာယာပေါက်တာ ကွဲတာ ဘယ်လိုအန္တရာယ်များတယ်ဆိုတာကတော့ ရှင်းပြဖို. လိုမယ်မထင်တော့ပါဘူး ။


3. စတီယာရင် (Steering) တုန်ခါတာ


ကားရဲ. ဘီးတွေ ဘယ်ညာ ကွေ.နိုင်ခေါက်နိုင်ဖို. စတီယာရင်နဲ. ချိတ်ဆက်ထားပြီး လိုသလို ထိန်းချုပ်နိုင်ပြုလုပ်ထားတာမို. ၊ ကားရဲ. ဘီးတွေနဲ. စတီယာရင်ရဲ. ဆက်သွယ်ချက်က အတော်လေးကို ကြီးမားပါတယ် ။ အပေါ်မှာ ပြောခဲ့သလိုပဲ Wheel Balance မညီညာမှုတွေကြောင့် ကားဘီး တွေ တုန်ခါမှုဖြစ်တဲ့အခါမှာလည်း အဲ့ဒီတုန်ခါမှုတွေက စတီယာရင်ဆီကို တိုက်ရိုက် အကျိုးသက်ရောက် မှုတွေဖြစ်ပေါ်စေပါတယ် ။

 

ဒီလိုနေရာမှာ ကားစတီယာရင်မှာ ဖွဲ.စည်းထားတဲ့ ပစ္စည်းအစိတ်အပေါင်းတွေရဲ. ချို.ယွင်းချက်တွေကြောင့် ကားစတီယာရင်တုန်ခါမှုတွေဖြစ်ပေါ်တတ်ပါတယ် ၊ ဥပမာ ကားစတီယာရင် ဂမ်းဘွတ်ချောင်တာမျိုးတွေကြောင့် လမ်းကြမ်းကြမ်းမောင်းတဲ့အခါ ၊ ဂုတ်ဂုတ်မည်တာ ၊ ဒါမှမဟုတ် စတီယာရင် ဆီမရှိလို. စတီယာရင် ပန်.(Pump) ညီးတာ ၊ ဘယ်ညာခေါက်တဲ့အချိန် စတီယာရင်လေးပြီး ခါတာ ၊ ဆွဲတာ တွေကလည်း ကားစတီယာရင်နဲ. ဆက်စပ်ပစ္စည်းတွေ မကောင်းရင် ဖြစ်တတ်တာမျိုးပါ ။ ဒါပေမယ့် ဒီ ကား Wheel Balance တွေမညီညာမှုကြောင့်ဖြစ်တာမျိုးကတော့ အပေါ်က အချက်တွေနဲ. ကွဲပြားပြီး ကားကို တည်တည်ငြိမ်ငြိမ်နဲ. မောင်းနေတဲ့ အချိန်မျိုးတွေမှာ ၊ နောက် ကားလမ်းညီညီညာညာ ဖြစ်နေတဲ့ အချိန်မျိုးတွေမှာ ၊ နောက် ပုံမှန် အရှိန်နည်းနည်းနဲ.မောင်းနေချိန် မဖြစ်ဘဲ အရှိန်မြင့်မောင်းလိုက်တဲ့ အချိန်မျိုးတွေမှာ ထဖြစ်တာကမှ Wheel Balance ပြဿနာလို. ဆိုနိုင်တာပါ ။


4. ရှော့ဘား (Shock Absorber), Hub Ball နဲ. အောက်ပိုင်းဆက်စပ်ပစ္စည်းတွေ ပျက်စီးတာ


ကားတာယာရယ် ဂွေရယ်နဲ. အဓိက ချိတ်ဆက်ထားတဲ့ ပစ္စည်းတွေက ဟက်ဘောအထိုင်တွေရယ် သူတို.ရဲ.အပေါ်မှာ ကားရဲ. ဝိတ်ကို ထမ်းထားတဲ့ ကားရဲ. Compression နဲ. Tension ကို အဓိက ထိန်းညှိပေးတဲ့ ရှော့ဘားတွေရယ်လည်း ဒီ Wheel Balance မညီမညာဖြစ်တာကို မပြုပြင်ဘဲ ကာလတာရှည်ထားမယ်ဆိုရင် အလွယ်တကူပျက်စီးပါလိမ့်မယ် ။ မလိုအပ်တဲ့ ကားဘီးတုန်ခါမှုတွေ ၊ ခုန်သလိုဖြစ်နေတာတွေကြောင့် Impact Load တွေဖြစ်ပေါ်လာပြီး ကားအောက်ပိုင်းဆက်စပ်ပစ္စည်းတွေကို ထိခိုက်စေနိုင်တာပါ ။


5. ကားဆီပိုစားလာမယ်


အထူးသဖြင့် အဝေးပြေးလမ်းမှအခြေအနေတွေမှာပါ ၊ တချို.လည်း မြို.တွင်း ပုံမှန်အရှိန်နဲ. သွားနေတာမျိုးမှာလည်း တာယာ Wheel Balance မညီမျှမှုတွေကြောင့် လည်း ကားဆီ ပိုစား လာတာ တွေဖြစ်တတ်ပါတယ် ။ ကားလေပေါင် မညီမျှတာ ၊ ကားအလိုင်းမင့် မညီမျှတာတွေကြောင့် ဆီပိုစားသလိုပါပဲ ။


ကားဘီး Wheel Balance မညီညာတဲ့အခါ ကားကို လိုသလို အရှိန်တင်တဲ့အချိန်မျိုးတွေမှာ ကားရဲ. ဘီးတွေက ညီညီညာညာ လည်ပတ်ခြင်းမရှိတာကြောင့် လိုအပ်တဲ့ အရှိန်ရရှိဖို. ကားအင်ဂျင်ရုန်းအား ပိုမို လိုအပ်လာပါတယ် ။ ကားအင်ဂျင်မလိုအပ်ဘဲ ပိုရုန်းရတဲ့အခါ ဆီပိုစားလာတာဟာ သဘာဝပါပဲ ။ ကား Wheel Balance ချိန်တာတွေကတော့ Static Balance နဲ. Dynamic Balance ဆိုပြီး နှစ်မျိုးကွဲပြားပြီး Static Balance ဆိုတာကတော့ ကားဂွေ (Rim) နဲ. ကားတာယာ အပေါ်အောက် မညီညာမှုတွေကို ချိန်ညှိတာဖြစ်ပြီး ၊ Dynamic Balance ဆိုတာကတော့ တာယာနဲ. ဂွေဘေးတိုက် အနေအထား လိမ်ဖယ်စောင်းနေတာမျိုးတွေကို ချိန်ညှိတာလို. ယေဘူယျနားလည်မှတ်သားနိုင်ပါတယ် ။ အထူးသဖြင့် ကား Wheel Balance Counter Weight တုံးတွေကို အသုံးပြုပြီး လိုအပ်တဲ့ နေရာမှာ ဝိတ်တုံးတွေကို အစားထိုး အလေးချိန်အဖြစ် ထည့်သွင်းခြင်းဖြင့် ကားရဲ. ဗဟိုခွာအား (Centrifugal Force) ကို တည်တည်ငြိမ်ငြိမ်ဖြစ်အောင် ထိန်းညှိပေးရတာပါ ။ ဈေးကွက်ထဲမှာတော့ ကား Wheel Balance ဝိတ်တုံးတွေကို gram, Lb (pound) အစရှိသဖြင့် ဝယ်ယူရရှိနိုင်ပြိး Weight တုံးတွေရဲ. အမျိုးအစားနဲ. ထုတ်လုပ်တဲ့ နိုင်ငံ ၊ အရည်အသွေးတွေပေါ်မူတည်ပြီး ဈေးနှုန်းအနိမ့်အမြင့်ကွာခြားပါတယ် ။


ဒီအချက်တွေက ကားဘီး Wheel Balance မညီတဲ့အခါ ဖြစ်နိုင်တဲ့ အခြေအနေတွေပါ ။ ဒီလိုအခြေအနေတွေက ကားဘီး Wheel Balance မညီတဲ့အခါမှသာမက တာယာလိမ်နေတာမျိုးစတဲ့ အခြေအနေတွေမှာလည်း ဒီလို အလားတူ ရောဂါလက္ခဏာတွေပြတတ်ပါတယ် ။ ဒါကြောင့် ဒီလို ရောဂါလက္ခဏာတွေကြုံတွေလာရတယ်ဆိုရင် အလွယ်ဆုံး ကားတာယာကို ကိုယ်တိုင်ကြည့်ပြီး စစ်ဆေးကြည့်တာမျိုးနဲ. ခေတ်မီကား Wheel Balance ချိန်စက်တွေနဲ. ဘီးတဘီးချင်းဆီကို တိုင်းတာစစ်ဆေးပြုပြင်သင့်တာပါ ။


ကား Wheel Balance မညီညာတာဟာ ပေါ့ပေါ့ပါးပါး ပြဿနာလေးလို.ထင်ရပေမယ့် ၊ ကားကို အမြန်လမ်းလိုနေရာမျိုးမှာ အရှိန်နဲ. မောင်းနှင်နေတဲ့အချိန် ကားဘီးတွေရဲ. Wheel Balance မညီမျှမှုကြောင့် ကားမောင်းသူရော ၊ ကားရော အန္တရာယ်ရှိတဲ့ အခြေအနေနဲ. ကြုံတွေလာရနိုင်ပါတယ် ။ ဒါကြောင့် ဒီလို ရောဂါလက္ခဏာတွေ ကြုံတွေလာရတယ်ဆို ကားအောက်ပိုင်း ပစ္စည်းတွေကို စစ်ဆေးပြုပြင်တာ ၊ ကား အလိုင်းမင့်ချိန်တာ ၊ ကားလေပေါင်ချိန်တာတွေအပြင် ၊ Wheel Balance တွေကိုလည်း သေချာ ဂရုတစိုက် မမေ့မလျှော့စစ်ဆေးသင့်ပါတယ်လို. အကြံပြုတင်ပြလိုက်ရပါတယ် ။


စာဖတ်သူ မိတ်ဆွေညီကို မောင်နှမများအားလုံး နည်းပညာ ဗဟုသုတ ကြွယ်ဝြပီး အန္တရာယ် ကင်းဘေးရှင်းကြပါစေ။


Zawgyi


ကားဘီး Wheel Balance မညီေတာ့ဘူးဆိုရင္ ျဖစ္ႏိုင္တဲ့ ကားတုန္ခါမႈ ႏွင့္ ဆက္စပ္ေရာဂါလကၡဏာမ်ား


ကားဘီးေတြရဲ. Alignment (အလိုင္းမင့္) မညီေတာ့ဘူးဆိုရင္ ကားတာယာေတြ တျခမ္းစီ မညီမညာ စားသြားတာ ၊ ကားေမာင္းေနတဲ့အခ်ိန္ တဖက္ကို ဆြဲသြားတာ အစရွိတဲ့ ေရာဂါလကၡဏာေတြကိုေတာ့ ေတာ္ေတာ္မ်ားမ်ားလည္းႀကဳံဖူး ၾကားဖူးၾကပါတယ္ ၊ ဒါ့အျပင္ ကားေအာက္ပိုင္းမွာရွိတဲ့ ဆက္စပ္ပစၥည္းေတြ ျဖဳတ္တပ္ျပဳျပင္လဲလွယ္ၿပီးတဲ့ အခါမ်ိဳးမွာလည္း ကား အလိုင္းမင့္ ခ်ိန္ၾကရတာလည္း ကားေမာင္းသူတိုင္းလိုလို သိၾကၿပီး အၿမဲ သတိထားျပဳျပင္ထိန္းသိမ္းၾကပါတယ္ ။
ဒါေပမယ့္ ဒီေန. ေျပာျပခ်င္တဲ့ Wheel Balance ဆိုတဲ့ အေၾကာင္းကိုေတာ့ ကားေမာင္းသူေတာ္ေတာ္မ်ားမ်ား သတိမထားမိၾကပါဘူး ၊ ဒီ Wheel Balance ဆိုတာေလးကလည္း ကားေမာင္းေနသူေတြနဲ. ကားရဲ. အႏၲရာယ္ကင္းရွင္းမႈအတြက္ ဘယ္ေလာက္အေရးပါတယ္ဆိုတာေလး ေျပာျပခ်င္ပါတယ္ ။


Wheel Balance ဆိုတာ ဘာလဲ ?


Wheel Balance ဆိုတာကေတာ့ ကားတစီး အရွိန္ျပင္းျပင္းနဲ. ေမာင္းႏွင္ေနတဲ့အခ်ိန္မွာ ၊ ကားဘီးမွာ တပ္ဆင္ထားတဲ့ ကားေခြ ( သံ ၊ စတီး ၊ အလြိဳင္း ) နဲ. ကားတာယာ တို. ႏွစ္ခု တခုနဲ. တခု ဟန္ခ်က္ညီညီ အခ်ိဳးက်က် လည္ပတ္ႏိုင္ဖို. အဓိက လိုအပ္တဲ့ အရာတခုျဖစ္ပါတယ္ ။ ဒီလိုေျပာရင္ ကားဘီးေခြနဲ. ကားတာယာ fitting က်ေအာင္ တပ္ထားတာပဲ ဘာျဖစ္လို. အခ်ိဳးက်က် မလည္ရမွာလဲလို. ထင္ျမင္စရာရွိပါတယ္ ။


တကယ္ေတာ့ ကားကို အရွိန္ျပင္းျပင္းနဲ. ေမာင္းႏွင္ေနတဲ့ အခ်ိန္မွာ ကားဘီးနဲ. တာယာဟာ အခ်ိဳးက်က် ကာရံညီညီ မလည္ပတ္တဲ့ အခါမ်ိဳးေတြရွိပါတယ္ ၊ ဒီလို အရာကို က်ေနာ္တို. မ်က္စီနဲ.မျမင္ႏိုင္ မခန္.မွန္းႏိုင္ပါဘူး ။ ဒါဘာေၾကာင့္ျဖစ္ရတာလဲဆိုရင္ေတာ့ အရာ၀တၳဳေတြလည္ပတ္တဲ့အခါမွာ ျဖစ္ေပၚလာတဲ့ ဗဟိုခြာအား (Centrifugal Force) ေၾကာင့္ျဖစ္ေပၚလာရတာပါ ။ ဗဟိုခြာအားဆိုတာကေတာ့ အရာ၀တၳဳတခုခုက လည္ပတ္တဲ့အခါမွာ လည္ပတ္ေနတဲ့ အရာ၀တၳဳရဲ. အလည္ဗဟိုခ်က္ကေန အျပင္ဖက္ဆီကို အားေတြျပန္.ကားထြက္လာတဲ့သေဘာလို. အၾကမ္းမ်ဥ္းမွတ္ယူလို.ရပါတယ္ ။


အဲ့ဒီလို ဗဟိုခ်က္တခုကေန လည္ပတ္ေနတဲ့ ဘယ္အရာမဆို တည္တည္ၿငိမ္ၿငိမ္လည္ပတ္ဖို.အတြက္ လည္ပတ္ေနတဲ့ အရာ၀တၳဳေတြရဲ. အေလးခ်ိန္ အနိမ့္အျမင့္ေတြ အခ်ိဳးညီေနမွရပါမယ္ ။ အဲ့ဒီလိုမွ မဟုတ္ဘူး ၊ ဗဟိုခ်က္တခုကေန လည္ပတ္ေနတဲ့ အရာ၀တၳဳေတြက အခ်ိဳးအစားေတြ မညီဘူး အနိမ့္အျမင့္ေတြ မညီဘူး ၊ အေလးခ်ိန္ေတြ မတူညီဘူးဆိုရင္ေတာ့ ဗဟိုခြာအားဆိုတဲ့ ႐ူပေဗဒသေဘာတရားအရ အဲ့ဒီအရာ၀တၳဳေတြက တည္တည္ၿငိမ္ၿငိမ္ မလည္ပတ္ႏိုင္ေတာ့ဘဲ တုန္ခါမႈေတြ ျဖစ္ေပၚေစေတာ့မွာပါ ။ ဒီလိုသေဘာတရားကေန Wheel Balance ဆိုတဲ့ သေဘာတရားေပၚေပါက္လာရတာပါ ။


Wheel Balance ဘာေၾကာင့္ မျဖစ္ရတာလဲ ?


က်ေနာ္တို. လက္ရွိအသုံးျပဳေနတဲ့ ကားေတြမွာ တပ္ဆင္ထားတဲ့ကားဘီးေဂြနဲ. ကားတာယာေတြကို Wheel Balance ခ်ိန္ေပးရတာမ်ိဳးကလည္း ဒါေၾကာင့္ပါပဲ ၊ ကားတာယာနဲ.ေဂြေတြယာ ဘယ္ေလာက္အဆင့္ျမင့္တဲ့ နည္းပညာေတြသုံးၿပီး ထုတ္လုပ္ထားသည္ဆိုပါေစ ၊ Molding ဆိုတဲ့ မိုသြန္းေလာင္းတဲ့ေနရာမွာျဖစ္ေစ ၊ သံသား ၊ သတၳဳအသား အစရွိတာေတြေၾကာင့္ျဖစ္ေစ ၊ ကားရဲ.၀န္ ဝိတ္ကို ထမ္းသြားရင္းနဲ.ျဖစ္ေစ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ တေနရာရာမွာ အေလးခ်ိန္ေလ်ာ့နည္းေနတာ ၊ ပါးေနတာ ၊ လိမ္ေနတာ ၊ ခ်ိဳင့္ေနတာ မ်ိဳးေတြရွိပါတယ္ ။ ဒီလိုအားနည္းခ်က္ေတြနဲ. ကားရဲ. အရွိန္ျမန္တာနဲ. ေပါင္းလိုက္တဲ့ အခါမွာေတာ့ Wheel unbalance ေတြျဖစ္ေပၚလာၿပီး အေပၚမွာေျပာခဲ့တဲ့ ႐ူပေဗဒသေဘာတရားအရ တုန္ခါမႈေတြ ျဖစ္ေပၚလာရေတာ့တာပါပဲ ။ ဒီလိုတုန္ခါမႈေတြက သာမာန္တုန္ခါ႐ုံနဲ. ၿပီးမသြားဘဲ ကားေအာက္ပိုင္းနဲ. ကားရဲ. အႏၲရာယ္ကင္းရွင္းေရးေတြကိုပါ အေႏွာက္အယွက္ေပးေတာ့တာပါပဲ ။


Wheel Balance မညီေတာ့ဘူးဆိုရင္ ျဖစ္လာႏိုင္တဲ့ ေရာဂါလကၡဏာမ်ား


1. ဆိုးဆိုး႐ြား႐ြား တုန္ခါတာမ်ိဳး


ဒါမ်ိဳးဘယ္အခ်ိန္မွာ ျဖစ္လာတတ္သလဲဆိုရင္ေတာ့ ကီလို ၆၀ (ဝါ) ၇၀ ႏႈန္းနဲ.ေမာင္းႏွင္ေနတဲ့အခ်ိန္ ( တခ်ိဳ.ကားေတြမွာေတာ့ ကီလို ၁၀၀ နဲ.အထက္ ) ေမာင္းေနတဲ့အခ်ိန္မ်ိဳးမွာျဖစ္တတ္တာပါ ။ ကားလမ္းေတြကလည္း ညီညီညာညာနဲ.ေကာင္းေနရဲ.သား ၊ ကားရဲ. ေအာက္ပိုင္းကေန စတီယာရင္ ေဂြအထိ ဆိုးဆိုး႐ြား႐ြားခါရမ္းတုန္ခါခ်င္တာမ်ိဳး ၊ ကားကို ဘယ္ဖက္ ညာဖက္ တဖက္ဖက္ဆီကို ဆြဲခ်သလိုမ်ိဳး ခံစားလာရတယ္ဆိုရင္ အဲဒါ ကားရဲ. Wheel Balance မညီညာေတာ့ဘူးဆိုရင္ ျဖစ္တတ္တဲ့ သေဘာတရားပါ ။ ကားအရွိန္တိုးလာေလေလ ျပင္းထန္တဲ့ တုန္ခါမႈ ျဖစ္လာေလေလပါ ။


တခါတရံမွာေတာ့ ကားအရွိန္ေလ်ာ့ေနတဲ့အခ်ိန္မွာ သိသိသာသာ တုန္ခါမႈျဖစ္ေပၚၿပီး ၊ ကားအရွိန္တင္လိုက္တဲ့ အခ်ိန္မ်ိဳးမွာ တုန္ခါမႈမရွိေတာ့ဘဲ တည္ၿငိမ္သြားတာမ်ိဳးလည္းျဖစ္တတ္ပါတယ္ ။ ဒါေပမယ့္ ကားအရွိန္ေလ်ာ့ေနတဲ့ အခ်ိန္ သိသိသာသာ တုန္ခါေနတဲ့ ကားကို အရွိန္ျမႇင့္ေမာင္းတဲ့သူ ရွားပါးမယ္လို.ေတာ့ ထင္ပါတယ္ ။ေနာက္တခ်က္က ဘရိတ္နင္းလိုက္တဲ့ အခ်ိန္ ၊ ဘရိန္ေမွးလိုက္တဲ့ အခ်ိန္မ်ိဳးမွာ ကားစတီယာရင္ကို လာတိုးၿပီး တုန္ခါမႈျဖစ္ေစတာမ်ိဳးကလည္း ကားရဲ. Wheel Balance မညီညာေတာ့တဲ့ ျပႆနာျဖစ္တတ္ပါတယ္ ။


2. တာယာထိပ္ကြက္တာ


တကယ္ေတာ့ Cupped Wear ကိုေျပာတာ ၊ ျမန္မာလို. အနီးစပ္ဆုံးေျပာရရင္ေတာ့ ထိပ္ကြက္သြားတာ ၊ တာယာ အကြက္လိုက္အကြက္လိုက္ျဖစ္တာကို ဆိုလိုတာပါ ။ ပုံမွန္ အလိုင္းမင့္ မွန္ Balance မွန္ေနတဲ့ ကားတာယာရဲ. ပန္းေတြဟာ ပုံမွန္ညီညာ ညာညာ ပြန္းစားရမွျဖစ္ေပမယ့္ ၊ အလိုင္းမင့္မမွန္တာေၾကာင့္ တာယာ တျခမ္းစားသြားတာ ၊ ကားေအာက္ပိုင္း ပစၥည္းေတြ ခ်ိဳ.ယြင္းမႈေၾကာင့္ ပြန္းစားတာေတြနဲ. ဒီ Wheel Balance မညီမွ်မႈေၾကာင့္ျဖစ္တဲ့ တာယာပြန္းစားမႈေတြက ၾကည့္ရင္ သိသိသာသာ ကြဲျပားပါတယ္ ။


ပုံမွန္အားျဖင့္ ေလေပါင္ခ်ိန္ညီညီနဲ. ထိုးထားတဲ့ တာယာတလုံးဟာ ကားရဲအေလးခ်ိန္ဝိတ္ကို တူညီစြာထမ္းပိုးထားရတာမို. ကားတာယာနဲ.ေျမျပင္ထိေတြ.ပြတ္တိုက္မႈတိုင္း တူတူညီညီမွ်မွ်တတ ခံစားရမွာ ျဖစ္ၿပီး ညီညီညာညာ ပန္းေတြ ပြန္းစား ကုန္ဆုံးရမွာပါ ။ ဒါေပမယ့္ ဒီလို Wheel Balance မညီမွ်တဲ့ တာယာေတြမွာေတာ့ ကားဟာ အရွိန္နဲ. လည္ပတ္ေလေလ ကားတာယာနဲ. ေျမျပင္ပြတ္တိုက္မႈေတြက မညီမညာျဖစ္ေလျဖစ္ၿပီး ထိတဲ့အပိုင္းေတြက ထိ ၊ မထိတဲ့ အပိုင္းေတြက မထိဘဲ ၊ ထိေတြ.မႈမ်ားမ်ားခံရတဲ့ အပိုင္းေတြက ကားတာယာေတြကို ဟိုတကြက္ ဒီတကြက္ ထိပ္ကြက္ေတြျဖစ္ေပၚေစတာပါ ။ ျမင္သာထင္သာေအာင္ေျပာရရင္ေတာ့ ကားဘီးဟာ ျမန္လြန္းလို.သာ လည္တယ္ထင္ေနရတာ တကယ္ဆို မလည္ဘဲ ခုန္ခုန္သြားေနသလိုမ်ိဳးျဖစ္တာပါ ။


ကားတာယာေတြရဲ. တည္ေဆာက္ပုံ ဒီဇိုင္းေတြအရ ပြန္းစားကြက္သြားတဲ့ေနရာေတြဟာ ကားရဲ. ဖိအားေတြ ၊ Stress ေတြကို ခံႏိုင္ရည္ နည္းသြားၿပီး အခ်ိန္မေ႐ြး တာယာေပါက္တာ တာယာကြဲတာေတြ ျဖစ္ေပၚလာႏိုင္ပါတယ္ ။ အျမန္လမ္းမွာ ကားအရွိန္နဲ.သြားေနခ်ိန္ ကားတာယာေပါက္တာ ကြဲတာ ဘယ္လိုအႏၲရာယ္မ်ားတယ္ဆိုတာကေတာ့ ရွင္းျပဖို. လိုမယ္မထင္ေတာ့ပါဘူး ။


3. စတီယာရင္ (Steering) တုန္ခါတာ


ကားရဲ. ဘီးေတြ ဘယ္ညာ ေကြ.ႏိုင္ေခါက္ႏိုင္ဖို. စတီယာရင္နဲ. ခ်ိတ္ဆက္ထားၿပီး လိုသလို ထိန္းခ်ဳပ္ႏိုင္ျပဳလုပ္ထားတာမို. ၊ ကားရဲ. ဘီးေတြနဲ. စတီယာရင္ရဲ. ဆက္သြယ္ခ်က္က အေတာ္ေလးကို ႀကီးမားပါတယ္ ။ အေပၚမွာ ေျပာခဲ့သလိုပဲ Wheel Balance မညီညာမႈေတြေၾကာင့္ ကားဘီး ေတြ တုန္ခါမႈျဖစ္တဲ့အခါမွာလည္း အဲ့ဒီတုန္ခါမႈေတြက စတီယာရင္ဆီကို တိုက္႐ိုက္ အက်ိဳးသက္ေရာက္ မႈေတြျဖစ္ေပၚေစပါတယ္ ။ ဒီလိုေနရာမွာ ကားစတီယာရင္မွာ ဖြဲ.စည္းထားတဲ့ ပစၥည္းအစိတ္အေပါင္းေတြရဲ. ခ်ိဳ.ယြင္းခ်က္ေတြေၾကာင့္ ကားစတီယာရင္တုန္ခါမႈေတြျဖစ္ေပၚတတ္ပါတယ္ ၊ ဥပမာ ကားစတီယာရင္ ဂမ္းဘြတ္ေခ်ာင္တာမ်ိဳးေတြေၾကာင့္ လမ္းၾကမ္းၾကမ္းေမာင္းတဲ့အခါ ၊ ဂုတ္ဂုတ္မည္တာ ၊ ဒါမွမဟုတ္ စတီယာရင္ ဆီမရွိလို. စတီယာရင္ ပန္.(Pump) ညီးတာ ၊ ဘယ္ညာေခါက္တဲ့အခ်ိန္ စတီယာရင္ေလးၿပီး ခါတာ ၊ ဆြဲတာ ေတြကလည္း ကားစတီယာရင္နဲ. ဆက္စပ္ပစၥည္းေတြ မေကာင္းရင္ ျဖစ္တတ္တာမ်ိဳးပါ ။


ဒါေပမယ့္ ဒီ ကား Wheel Balance ေတြမညီညာမႈေၾကာင့္ျဖစ္တာမ်ိဳးကေတာ့ အေပၚက အခ်က္ေတြနဲ. ကြဲျပားၿပီး ကားကို တည္တည္ၿငိမ္ၿငိမ္နဲ. ေမာင္းေနတဲ့ အခ်ိန္မ်ိဳးေတြမွာ ၊ ေနာက္ ကားလမ္းညီညီညာညာ ျဖစ္ေနတဲ့ အခ်ိန္မ်ိဳးေတြမွာ ၊ ေနာက္ ပုံမွန္ အရွိန္နည္းနည္းနဲ.ေမာင္းေနခ်ိန္ မျဖစ္ဘဲ အရွိန္ျမင့္ေမာင္းလိုက္တဲ့ အခ်ိန္မ်ိဳးေတြမွာ ထျဖစ္တာကမွ Wheel Balance ျပႆနာလို. ဆိုႏိုင္တာပါ ။


4. ေရွာ့ဘား (Shock Absorber), Hub Ball နဲ. ေအာက္ပိုင္းဆက္စပ္ပစၥည္းေတြ ပ်က္စီးတာ


ကားတာယာရယ္ ေဂြရယ္နဲ. အဓိက ခ်ိတ္ဆက္ထားတဲ့ ပစၥည္းေတြက ဟက္ေဘာအထိုင္ေတြရယ္ သူတို.ရဲ.အေပၚမွာ ကားရဲ. ဝိတ္ကို ထမ္းထားတဲ့ ကားရဲ. Compression နဲ. Tension ကို အဓိက ထိန္းညႇိေပးတဲ့ ေရွာ့ဘားေတြရယ္လည္း ဒီ Wheel Balance မညီမညာျဖစ္တာကို မျပဳျပင္ဘဲ ကာလတာရွည္ထားမယ္ဆိုရင္ အလြယ္တကူပ်က္စီးပါလိမ့္မယ္ ။ မလိုအပ္တဲ့ ကားဘီးတုန္ခါမႈေတြ ၊ ခုန္သလိုျဖစ္ေနတာေတြေၾကာင့္ Impact Load ေတြျဖစ္ေပၚလာၿပီး ကားေအာက္ပိုင္းဆက္စပ္ပစၥည္းေတြကို ထိခိုက္ေစႏိုင္တာပါ ။


5. ကားဆီပိုစားလာမယ္


အထူးသျဖင့္ အေဝးေျပးလမ္းမွအေျခအေနေတြမွာပါ ၊ တခ်ိဳ.လည္း ၿမိဳ.တြင္း ပုံမွန္အရွိန္နဲ. သြားေနတာမ်ိဳးမွာလည္း တာယာ Wheel Balance မညီမွ်မႈေတြေၾကာင့္ လည္း ကားဆီ ပိုစား လာတာ ေတြျဖစ္တတ္ပါတယ္ ။ ကားေလေပါင္ မညီမွ်တာ ၊ ကားအလိုင္းမင့္ မညီမွ်တာေတြေၾကာင့္ ဆီပိုစားသလိုပါပဲ ။ ကားဘီး Wheel Balance မညီညာတဲ့အခါ ကားကို လိုသလို အရွိန္တင္တဲ့အခ်ိန္မ်ိဳးေတြမွာ ကားရဲ. ဘီးေတြက ညီညီညာညာ လည္ပတ္ျခင္းမရွိတာေၾကာင့္ လိုအပ္တဲ့ အရွိန္ရရွိဖို. ကားအင္ဂ်င္႐ုန္းအား ပိုမို လိုအပ္လာပါတယ္ ။ ကားအင္ဂ်င္မလိုအပ္ဘဲ ပို႐ုန္းရတဲ့အခါ ဆီပိုစားလာတာဟာ သဘာ၀ပါပဲ ။


ကား Wheel Balance ခ်ိန္တာေတြကေတာ့ Static Balance နဲ. Dynamic Balance ဆိုၿပီး ႏွစ္မ်ိဳးကြဲျပားၿပီး Static Balance ဆိုတာကေတာ့ ကားေဂြ (Rim) နဲ. ကားတာယာ အေပၚေအာက္ မညီညာမႈေတြကို ခ်ိန္ညႇိတာျဖစ္ၿပီး ၊ Dynamic Balance ဆိုတာကေတာ့ တာယာနဲ. ေဂြေဘးတိုက္ အေနအထား လိမ္ဖယ္ေစာင္းေနတာမ်ိဳးေတြကို ခ်ိန္ညႇိတာလို. ေယဘူယ်နားလည္မွတ္သားႏိုင္ပါတယ္ ။ အထူးသျဖင့္ ကား Wheel Balance Counter Weight တုံးေတြကို အသုံးျပဳၿပီး လိုအပ္တဲ့ ေနရာမွာ ဝိတ္တုံးေတြကို အစားထိုး အေလးခ်ိန္အျဖစ္ ထည့္သြင္းျခင္းျဖင့္ ကားရဲ. ဗဟိုခြာအား (Centrifugal Force) ကို တည္တည္ၿငိမ္ၿငိမ္ျဖစ္ေအာင္ ထိန္းညႇိေပးရတာပါ ။ ေစ်းကြက္ထဲမွာေတာ့ ကား Wheel Balance ဝိတ္တုံးေတြကို gram, Lb (pound) အစရွိသျဖင့္ ၀ယ္ယူရရွိႏိုင္ၿပိး Weight တုံးေတြရဲ. အမ်ိဳးအစားနဲ. ထုတ္လုပ္တဲ့ ႏိုင္ငံ ၊ အရည္အေသြးေတြေပၚမူတည္ၿပီး ေစ်းႏႈန္းအနိမ့္အျမင့္ကြာျခားပါတယ္ ။


ဒီအခ်က္ေတြက ကားဘီး Wheel Balance မညီတဲ့အခါ ျဖစ္ႏိုင္တဲ့ အေျခအေနေတြပါ ။ ဒီလိုအေျခအေနေတြက ကားဘီး Wheel Balance မညီတဲ့အခါမွသာမက တာယာလိမ္ေနတာမ်ိဳးစတဲ့ အေျခအေနေတြမွာလည္း ဒီလို အလားတူ ေရာဂါလကၡဏာေတြျပတတ္ပါတယ္ ။ ဒါေၾကာင့္ ဒီလို ေရာဂါလကၡဏာေတြႀကဳံေတြလာရတယ္ဆိုရင္ အလြယ္ဆုံး ကားတာယာကို ကိုယ္တိုင္ၾကည့္ၿပီး စစ္ေဆးၾကည့္တာမ်ိဳးနဲ. ေခတ္မီကား Wheel Balance ခ်ိန္စက္ေတြနဲ. ဘီးတဘီးခ်င္းဆီကို တိုင္းတာစစ္ေဆးျပဳျပင္သင့္တာပါ ။


ကား Wheel Balance မညီညာတာဟာ ေပါ့ေပါ့ပါးပါး ျပႆနာေလးလို.ထင္ရေပမယ့္ ၊ ကားကို အျမန္လမ္းလိုေနရာမ်ိဳးမွာ အရွိန္နဲ. ေမာင္းႏွင္ေနတဲ့အခ်ိန္ ကားဘီးေတြရဲ. Wheel Balance မညီမွ်မႈေၾကာင့္ ကားေမာင္းသူေရာ ၊ ကားေရာ အႏၲရာယ္ရွိတဲ့ အေျခအေနနဲ. ႀကဳံေတြလာရႏိုင္ပါတယ္ ။ ဒါေၾကာင့္ ဒီလို ေရာဂါလကၡဏာေတြ ႀကဳံေတြလာရတယ္ဆို ကားေအာက္ပိုင္း ပစၥည္းေတြကို စစ္ေဆးျပဳျပင္တာ ၊ ကား အလိုင္းမင့္ခ်ိန္တာ ၊ ကားေလေပါင္ခ်ိန္တာေတြအျပင္ ၊ Wheel Balance ေတြကိုလည္း ေသခ်ာ ဂ႐ုတစိုက္ မေမ့မေလွ်ာ့စစ္ေဆးသင့္ပါတယ္လို. အႀကံျပဳတင္ျပလိုက္ရပါတယ္ ။


စာဖတ္သူ မိတ္ေဆြညီကို ေမာင္ႏွမမ်ားအားလုံး နည္းပညာ ဗဟုသုတ ႂကြယ္ျဝပီး အႏၲရာယ္ ကင္းေဘးရွင္းၾကပါေစ ။

 

 


Credit; Lynn Za Nee (P.T.U)

Read times
Rate this item
(1 Vote)