Tips
ကားအင်ဂျင်ခန်းထဲက ဆီငွေ့ပြန်ဘူးနဲ့ ဆီငွေ့ပျံ စနစ်အကြောင်း
ကားအင်ဂျင်ခန်းထဲက ဆီငွေ့ပြန်ဘူးနဲ့ ဆီငွေ့ပျံ စနစ်အကြောင်း google
Probox ကားတွေ ဟိုနေရာ မီးလောင်၊ ဒီနေရာ မီးလောင်တယ် ကြားတော့ Probox ကားပိုင်ရင်တွေ၊ ကားမောင်းသူတွေ၊ ကားအင်ဂျင်ခန်းထဲက ဆီပြန်ဘူးလို့ခေါ်တဲ့ ဘူးအမဲလေးကို အိတ်ဇောပိုက်နဲ့ နီးတဲ့နေရာကနေ ဝေးတဲ့နေရာတွေ လာလာရွေ့ကြတယ်ဗျ ။
ဒီနေ့ ကားအင်ဂျင်ခန်းထဲက ဟိုနေရာ ဒီနေရာရွေ့တတ်ကြတဲ့ အမဲရောင်ဘူးလေး နဲ့ သူ့စနစ် အကြောင်းပြောပြချင်ပါတယ်။ ကားအင်ဂျင်ခန်းထဲက အမဲရောင်ဘူးလေးကို ဝပ်ရော့ဆရာအများစုကတော့ ဆီပြန်ဘူး၊ ဆီငွေ့ပြန်ဘူးလို့ခေါ်ကြတယ်ဗျ (ဆီအငွေ့တွေ ပြန်လာတယ်ဆိုတဲ့ သဘောနဲ့ပါ)။ ဆီ​​ငွေ့ပျံဘူးဆိုရင်လည်းမမားပါဘူး။
EVAP System အကြောင်း
ဒီဆီငွေ့ပြန်ဘူးလေး အကြောင်းပြောမယ်ဆိုရင် သူနဲ့အတူပါဝင်ပတ်သက်နေတဲ့ ဆီငွေ့ပျံ စနစ်ဆိုတဲ့ အကြောင်းပါထည့်သွင်းပြောမရပါမယ်။ ဒီ ဆီငွေ့ပျံစနစ်ကို EVAP (Evaporative Emission Control System) လို့ခေါ်ပါတယ်။ ဒီ EVAP လို့ခေါ်တဲ့ စနစ်ကြီးက အခုခေတ်ပေါ် ဓာတ်ဆီကားအင်ဂျင်တပ်ထားတဲ့ ကားတိုင်းလိုလိုမာပါဝင်ပါတယ်။ ကားမာအသုံးပြုနေတဲ့ ဓာတ်ဆီရဲ့ဂုဏ်သတ္တိတွေကတော့
အငွေ့ပျံလွယ်သည်၊ ပုံမန်အပူချိန်တွင် လွယ်ကူစွာ အငွေ့ပျံသည်။
အရောင်မရိ၊ ထွင်းဖောက်မြင်နိုင်သည်၊ အနံ့အနည်းငယ်သင်းပျံ့ည်။
မီးစတင်လောင်ကျွမ်းရန် အနိမ့်ဆုံးသော အပူချိန်လိုအပ်ချက် (Flash Point) = -10 to -15° C (or) 14 to 15° F
နိပ်သောသိပ်သည်းဆ (0.60 to 0.78)
ဆီနင့်ရာဘာထဲသို့စိမ့်ဝင်နိုင်သည်။
အပူချိန်ပမာဏ (9,500 to 10,500 Kcal / Kg or 4,300 to 4800 Kcal / lb)
အေးနေသောအင်ဂျင်ကို စတင်နိုးချိန်တွင် လေနင့်ဆီရောနောမုလွယ်ကူစေရန်လွယ်ကူသော အငွေ့ပျံစွမ်းရည်ရိသည်။
ဒီတော့ ကားတိုင်းလိုလိုမာ အသုံးပြုနေတဲ့ဓာတ်ဆီတွေဟာ လေထုထဲကို အကြောင်းအမျိုးမျိုးနဲ့ အငွေ့ပျံထွက်ပါတယ်။ ဒီလိုအငွေ့ပျံထွက်တဲ့ ဓာတ်ဆီတွေမာ Emission ဆိုတဲ့ လေထုညစ်ညမ်းမုတွေဖြစ်စေပါတယ်။
ဆီတိုင်ကီလို့ခေါ်တဲ့ ဓာတ်ဆီတိုင်ကီထဲမာရိတဲ့ ဆီတွေကလည်း ဆီတိုင်ကီထဲမာ အချိန်တိုင်း အငွေ့ပျံနေကြပါတယ်။ ဒါကြောင့် ကားမာရိတဲ့ ဆီပေးဝေရေးစနစ်တစ်ခုခု ချို့ယွင်းယိုစိမ့်တာနဲ့
အဲဒီ ဓာတ်ဆီတွေဟာ အငွေ့ပျံထွက်ပြီး လေထုထဲကိုရောက်လာပါတော့တယ်။ ကမ္ဘာ့လေထု ညစ်ညမ်းမု တိုင်းတာချက်တွေအရ လေထုညစ်ညမ်းမုရဲ့ 20% ကိုမော်တော်ကားတွေကနေဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် ဒီ အမြဲအငွေ့ပျံဖို့ချောင်းနေတဲ့ ဓာတ်ဆီငွေ့တွေကိုထိန်းချုပ်ဖို့ နည်းစနစ်တွေကိုတီထွင်ဖန်တီးရင်းနဲ့ ဒီလို EVAP System ဆိုတဲ့ စနစ်ကြီးရယ်၊ ကားအင်ဂျင်ခန်းထဲက ပုံစံအမျိုးမျိုး နေရာအမျိုးမျိုးမာရိတတ်တဲ့ အမဲရောင်ဘူးတွေရယ် ဖြစ်ပေါ်လာရတာပါ။
EVAP System မာ ဘာတွေပါဝင်သလဲ?
EVAP System ကို 1996 နောက်ပိုင်းကားတွေမာ စတင်အသုံးပြုလာကြပြီး၊ ဒီ EVAP system နဲ့ တွဲဖက် အလုပ်လုပ်တဲ့ ပစ္စည်းတွေကတော့
Fuel Tank (ဆီတိုင်ကီ) ကတော့ ပုံမန်အားဖြင့် ဓာတ်ဆီတွေကို သိုလောင်ဖို့အနေနဲ့ အသုံးပြုပါတယ်။ နောက်တစ်ချက် ဓာတ်ဆီတိုင်ကီနဲ့ပတ်သက်ပြီး သိထားသင့်တာတစ်ခုက၊ ခရီးသွားတော့မယ်ဆိုရင် ဆီတိုင်ကီ ကို ဆီအပြည့်ထည့်တာမျိုး မလုပ်သင့်ပါ။ တော်တော်များများမြင်နေတာက ကားနဲ့ခရီးသွားတော့မယ်မို့ ဆီဖြည့်ဖို့လိုလာပြီဆိုရင် ဆီအပြည့်ဖြည့်တဲ့အပြင် ကားကို လုပ်ပါထည့်တာမြင်နေရပါတယ်။ ဒါမျိုးမလုပ်ဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ ဆီတိုင်ကီထဲမာရိတဲ့ ဓာတ်ဆီတွေဟာ အငွေ့ပျံမာမို့ အငွေ့ပျံတဲ့အခါ အဲဒီအငွေ့တွေနေဖို့ နေရာလွတ်တခုလိုအပ်ပါတယ်။ အဲဒီလိုမမဟုတ်ရင် ဒီ ဆီငွေ့ပြန်စနစ်ကို မလိုအပ်တဲ့ တွန်းအားဖြစ်စေပြီး ဆီငွေ့ယိုစိမ့်မုတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် နိုင်ငံခြားက ဓာတ်ဆီဆိုင်တွေမာဆို ဓာတ်ဆီဖြည့်လို့ ပြည့်တော့မယ်ဆိုရင် အလိုလျောက် ပန့်ကို ပိတ်တဲ့ စနစ်တွေကို အသုံးပြုထားပါတယ်။
Gas Cap (ဆီတိုင်ကီ အဖုံး) ဆီတိုင်ကီ အဖုံးကလည်း ဒီ EVAP System နဲ့ တွဲဖက် အလုပ်လုပ်တဲ့ ပစ္စည်းတွေထဲ ပါဝင်ပါတယ်။ ဆီတိုင်ကီ အဖုံးမလုံတာ၊ ဆီတိုင်ကီ အဖုံး 'ဟ' နေတာတွေကြောင့်လည်း ဆီငွေ့ပျံစနစ်ထဲ လေတွေပါဝင်လာပြီး အင်ဂျင်ချက်မီးလင်းတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဆီဖြည့်ပြီးလို့ ဆီတိုင်ကီအဖုံးပိတ်မယ်ဆိုရင် “ကလစ် ကလစ်” ဆိုတဲ့ အသံကြားတဲ့ အထိ ပိတ်ဖို့လိုအပ်ပါတယ်။
Charcoal Canister (ဆီငွေ့ပျံဘူး) ဆီပြန်ဘူးလို့ အများခေါ်နေတဲ့ ဟာကို ခေါ်တာပါ။ အမဲရောင် လေးထောင်ပုံစံ ဒါမမဟုတ် အဝိုင်းပုံစံနဲ့ ရိတတ်ပြီး များသောအားဖြင့် ပလတ်စတစ်နဲ့ပြုလုပ်ထားတာပါ။ တချို့ကားတွေမာတော့ စတီးနဲ့ ပြုလုပ်ထားပြီး ကားရဲ့အင်ဂျင်ခန်း ထောင့်နေရာလားတွေမာ တပ်ဆင်ထားတာပါ။ ဒီကောင်လေးက တကယ်တော့ ကျောက်မီးသွေးဘူးလေးပါ။ ဒီဘူးလေးထဲမာ ကျောက်မီးသွေး ပေါင် 1lb ကနေ 2lb အထိ ထည့်ထားပြီး ဒီထဲမာပါတဲ့ ကျောက်မီးသွေးတွေက ဆီတိုင်ကီထဲနေ အငွေ့ပျံထွက်လာတဲ့ ဓာတ်ဆီအငွေ့တွေကို ဖမ်းယူသိုလောင်ထားပါတယ်။ ဘယ်အချိန်ထိ သိုလောင်ထားသလဲဆိုရင်တော့ ကားစက်မနိုးထားတဲ့ အချိန်တွေရယ်၊ ကားအင်ဂျင်မပူသေးတဲ့ အချိန်တွေရယ်၊ ကားစပြီးမမောင်းသေးတဲ့ အချိန်တွေရယ်မာ ဆီငွေ့တွေကို ဒီဘူးလေးထဲမာ သိုလောင်ထားပေးပါတယ်။
Vapor - Liquid Separator (ဆီငွေ့နဲ့ ဆီအရည်ကို ခွဲခြားပေးတဲ့ပစ္စည်း) ဒီကောင်လေးကတော့ ဆီငွေ့နဲ့ ဆီအရည်ကို ခွဲခြားပေးတဲ့အရာလေးပါ။ EVAP canister ကို သွားတဲ့လိုင်းထဲမာ ပါဝင်လာတဲ့ ဓာတ်ဆီအရည်နဲ့ အငွေ့တွေကို သီးသန့်စီခွဲထုတ်ပေးတာမျိုးပါ။ ဒီလိုမ မဟုတ်ဘဲ Canister (ဆီငွေ့သိုလောင်ဘူး) ထဲ ဆီအရည်တွေရောက်သွားရင် Canister ကို အလွယ်တကူပြည့်လျံပြီး ပျက်စီးစေမာဖြစ်ပါတယ်။
Vent Control Valve – ဒီ Valve ကတော့ Canister နဲ့ကပ်လျက်မာတည်ရိပြီး ပြင်ပမာရိတဲ့ လေတွေ Canister ထဲကို ဝင်နိုင်အောင်လုပ်ပေးတဲ့ Valve လေးပဲဖြစ်ပါတယ် ။
Purge Valve / Sensor – ဒီ Valve ကတော့ ဆီငွေ့သိုလောင်ဘူး ကနေ Intake Manifold ဒါမမဟုတ် Throttle Body လေတံခါး သွားတဲ့လမ်းကြောင်းမာ ကြားခံအဖြစ်တပ်ဆင်ထားတဲ့ Valve လေးပါ။
Fuel Tank Pressure Sensor – ဒီ ဆန်ဆာကတော့ ဓာတ်ဆီတိုင်ကီထဲမာ ဖိအားဘယ်လောက်များနေပြီလဲ နည်းနေပြီလဲ တိုင်းတာတဲ့ အလုပ်ကိုလုပ်ပါတယ်။ ဆီတိုင်ကီထဲမာ ဆီဖိအား နည်းလို့လည်းမရသလို၊ များလွန်းလို့လည်း အန္တရာယ်ရိပါတယ်။
Fuel Level Sensor - ဆီတိုင်ကီထဲမာရိတဲ့ ဆီ Level ပမာဏအနည်းအများကို တိုင်းတာပေးတဲ့ အလုပ်ကို လုပ်ဆောင်ပါတယ်။
EVAP System ဘယ်လို အလုပ်လုပ်သလဲ?
EVAP System တစ်ခု အလုပ်လုပ်ပုံနည်းစနစ်တွေကတော့ ကားအမျိုးအစား၊ မော်ဒယ် အမျိုးမျိုး ထုတ်လုပ်တဲ့ နစ်အပေါ်မူတည်ပြီးပုံစံဒီဇိုင်းအမျိုးမျိုးရိပေမဲ့ အခြေခံ လုပ်ဆောင်ပုံတွေကတော့ တူတူပါပဲ။
ဒီစနစ်မာ အဓိက တာဝန်ထမ်းဆောင်တာကတော့ Purge Valve ရယ်၊ Vent Valve ရယ်၊ Fuel Tank Pressure Sensor ရယ်ပါပဲ။ Purge Valve ရယ်၊ Vent Valve တွေရယ်ကို Solenoid Valve တွေအဖြစ်တပ်ဆင်ထားပြီး PCM လို့ခေါ်တဲ့ Powertrain Control Module ကနေ မောင်းနင်ပါတယ်။
ယေဘူယျအားဖြင့် ဆီတိုင်ကီထဲကို ဆီဖြည့်ထားပြီး ဒီအတိုင်း ကားမမောင်းခင် အခြေအနေမာ Vent Valve တွေက Normally Open ဆိုတဲ့ ပုံမန်ပွင့်နေတဲ့ အခြေအတိုင်းရိနေပြီး ပြင်ပက လေတွေ Charcoal Canister ဆိုတဲ့ ဆီငွေ့ပျံဘူးထဲကို ဝင်နိုင်တဲ့အခြေအနေဖြစ်နေပါတယ်။ ဒီအခြေအနေမာ Purge Valve က Normally Close ဆိုတဲ့ အခြေအနေအတိုင်း ပိတ်လျက်ရိနေပြီး Charcoal Canister ထဲမာ ဆီတိုင်ကီကနေလာတဲ့ အငွေ့ပျံနေတဲ့ ဆီငွေ့တွေကို စုစည်းသိုလောင်ထားပါတယ်။
ကားစက်နိုးပြီး မောင်းနင်လို့ Normally Operation Temperature ရောက်ပြီဆိုတဲ့အချိန် ဆီတိုင်ကီမာ တပ်ဆင်ထားတဲ့ Fuel Tank Pressure Sensor ရဲ့ အာရုံခံချက်အရ ဆီတိုင်ကီထဲမာ ဆီငွေ့ပျံမုတွေများလာတယ်ဆိုတာကို PCM ကို လမ်းသတင်းပေးပို့ပါတယ်။ PCM ကနေ ပြင်ပကနေ ဆီငွေ့ပျံဘူးထဲကို ဝင်နေတဲ့ Vent Valve ကို လမ်းပိတ်လိုက်ပါတယ်။ ပြီးတာနဲ့ Purge Valve ကို ဖွင့်ပေးပြီး ဆီငွေ့ဘူးထဲမာ စုစည်းမိနေတဲ့ ဆီငွေ့တွေကို Inlet ထဲ ဒါမမဟုတ် Throttle Body ဆိုတဲ့ လေတံခါးထဲ ဝင်ရောက်စေပြီး အင်ဂျင်ခန်းထဲရောက် မီးလောင်ကျွမ်းစေပါတယ်။
Fuel Tank ထဲမာ ဆီငွေ့ပျံမုတွေနည်းပါးလာပြီဆို Purge Valve ကို ပြန်ပိတ် ၊ Vent Valve ကို ပြန်ဖွင့် အစရိသဖြင့် ဆီငွေ့တွေကို Canister ထဲမာ ပြန်လည်သိုလောင်စေပါတယ်။ ဒီလို အခြေခံနည်းစနစ်နဲ့ EVAP system ကြီးတစ်ခုလည်ပတ်ပါတယ်။ ကားထုတ်လုပ်တဲ့ ကုမ္ပဏီတွေရဲ့ နည်းပညာအမျိုးအစား မော်ဒယ်အမျိုးအစားတွေကိုလိုက်ပြီး Valve အဖွင့်အပိတ်ပုံစံ၊ လေအဝင်အထွက်ပုံစံ၊ ဆီငွေ့သိုလောင်မုပုံစံတွေတော့ ကွာခြားတတ်ပါတယ်။
EVAP System ချို့ယွင်းမုတွေဖြစ်ရင် ဘာတွေဖြစ်နိုင်သလဲ?
EVAP System မာရိတဲ့ Fuel Tank ၊ Fuel Cap ၊ Fuel Pressure Sensor ၊ Vent Valve ၊ Purge Valve တွေမာ တစ်ခုခု ချို့ယွင်းမုဖြစ်တယ်ဆိုရင်
Engine Check မီးလင်းတာ
ဆီအနံ့ထွက်တာ
အင်ဂျင်စစနိုးခြင်း (Slow) idle မမန်တာ၊ စလိုးကြမ်းတာ၊ စက်ထိုးသေသွားတာ၊ ဆီစားများတာ
လီဘာနင်းလိုက်တဲ့အချိန် တုံဆိုင်းဆိုင်းဖြစ်တာတွေ ဖြစ်ပေါ်လာတတ်ပါတယ်။
EVAP System နဲ့ပတ်သက်ပြီး အဖြစ်များဆုံး ပြနာအရင်းမြစ်တွေကတော့ ဆီတိုင်ကီအဖုံးမလုံတာ၊ ဆီဖြည့်ပြီး ပိတ်တဲ့ချိန် လော့မကျတာ၊ EVAP မာရိတဲ့ ပိုက်လိုင်းတွေ ပျက်တာ၊ ပေါက်တာ၊ Purge Valve ပျက်စီးတာ၊ Vent Valve ပျက်စီးတာ၊ Purge Valve ၊ Vent Valve တွေကို Control လုပ်တဲ့ Wiring Lines တွေ ပျက်စီးတာ အစရိတဲ့ ပြနာတွေအဖြစ်များပါတယ်။ ဒီလိုပြနာတွေဖြစ်လာရင်တော့ အင်ဂျင်ချက်မီးလင်းလာတတ်ပြီး OBD2 Diagnostic စက်များနဲ့ ပြစ်ချက်ရာဖွေ ပြုပြင်ရမာဖြစ်ပါတယ်။
ဒါကတော့ ကားအင်ဂျင်ခန်းထဲမာ မီးလောင်တတ်တယ်ဆိုပြီး ဟိုနေရာရွေ့ ဒီနေရာရွေ့ ရွေ့ပြောင်းတတ်ကြပြီး အလုပ်လုပ်ပုံလူသိနည်းတဲ့ အမဲရောင်ဘူး Charcoal Canister နဲ့ သူရဲ့ EVAP System ရယ် သူနဲ့ဆက်စပ်ဖြစ်ပျက်တတ်တဲ့ ပြနာတွေအကြောင်းရယ်ပါပဲ။ နောက်တစ်ချက်က Probox တွေမာပါတဲ့ ဒီဘူးကြောင့် မီးလောင်တယ်ဆိုတာကတော့ ဒီ Canister ဘူးကြောင့်လို တိကျတဲ့ Indicator စစ်တမ်းတစ်ခုမရိသေးပါဘူး။ ဝပ်ရော့ဆရာတွေရဲ့ မီးလောင်ရတဲ့ အကြောင်းကို ခန့်မန်းမိသလောက် ဖြစ်နိုင်ခြေအရ ဟိုနေရာ ဒီနေရာ လိုက်ရွေ့ပြောင်းနေကြတာမျိုးပါ။ တစ်ကျောင်းတစ်ရွာ တစ်ဂါထာ တစ်ပုဒ်ဆန်း ဆိုသလိုပါပဲခင်ဗျာ။
စာဖတ်သူ မိတ်ဆွေ ညီအစ်ကိုမောင်နမအားလုံး နည်းပညာ ဗဟုသုတ ကြွယ်ဝကြပါစေ။   ။
Zawgyi
Probox ကားတွေ ဟိုနေရာ မီးလောင်၊ ဒီနေရာ မီးလောင်တယ် ကြားတော့ Probox ကားပိုင်ရှင်တွေ၊ ကားမောင်းသူတွေ၊ ကားအင်ဂျင်ခန်းထဲက ဆီပြန်ဘူးလို့ခေါ်တဲ့ ဘူးအမဲလေးကို အိတ်ဇောပိုက်နဲ့ နီးတဲ့နေရာကနေ ဝေးတဲ့နေရာတွေ လာလာရွှေ့ကြတယ်ဗျ ။
ဒီနေ့ ကားအင်ဂျင်ခန်းထဲက ဟိုနေရာ ဒီနေရာရွှေ့တတ်ကြတဲ့ အမဲရောင်ဘူးလေး နဲ့ သူ့စနစ် အကြောင်းပြောပြချင်ပါတယ်။ ကားအင်ဂျင်ခန်းထဲက အမဲရောင်ဘူးလေးကို ဝပ်ရှော့ဆရာအများစုကတော့ ဆီပြန်ဘူး၊ ဆီငွေ့ပြန်ဘူးလို့ခေါ်ကြတယ်ဗျ (ဆီအငွေ့တွေ ပြန်လာတယ်ဆိုတဲ့ သဘောနဲ့ပါ)။ ဆီ​​ငွေ့ပျံဘူးဆိုရင်လည်းမမှားပါဘူး။
EVAP System အကြောင်း
အငွေ့ပျံလွယ်သည်၊ ပုံမှန်အပူချိန်တွင် လွယ်ကူစွာ အငွေ့ပျံသည်။
အရောင်မရှိ၊ ထွင်းဖောက်မြင်နိုင်သည်၊ အနံ့အနည်းငယ်သင်းပျံ့သည်။
ဆီနှင့်ရာဘာထဲသို့စိမ့်ဝင်နိုင်သည်။
အေးနေသောအင်ဂျင်ကို စတင်နှိုးချိန်တွင် လေနှင့်ဆီရောနှောမှုလွယ်ကူစေရန်လွယ်ကူသော အငွေ့ပျံစွမ်းရည်ရှိသည်။
ဒီတော့ ကားတိုင်းလိုလိုမှာ အသုံးပြုနေတဲ့ဓာတ်ဆီတွေဟာ လေထုထဲကို အကြောင်းအမျိုးမျိုးနဲ့ အငွေ့ပျံထွက်ပါတယ်။ ဒီလိုအငွေ့ပျံထွက်တဲ့ ဓာတ်ဆီတွေမှာ Emission ဆိုတဲ့ လေထုညစ်ညမ်းမှုတွေဖြစ်စေပါတယ်။
ဆီတိုင်ကီလို့ခေါ်တဲ့ ဓာတ်ဆီတိုင်ကီထဲမှာရှိတဲ့ ဆီတွေကလည်း ဆီတိုင်ကီထဲမှာ အချိန်တိုင်း အငွေ့ပျံနေကြပါတယ်။ ဒါကြောင့် ကားမှာရှိတဲ့ ဆီပေးဝေရေးစနစ်တစ်ခုခု ချို့ယွင်းယိုစိမ့်တာနဲ့
EVAP System မှာ ဘာတွေပါဝင်သလဲ?
EVAP System ကို 1996 နောက်ပိုင်းကားတွေမှာ စတင်အသုံးပြုလာကြပြီး၊ ဒီ EVAP system နဲ့ တွဲဖက် အလုပ်လုပ်တဲ့ ပစ္စည်းတွေကတော့
Vent Control Valve – ဒီ Valve ကတော့ Canister နဲ့ကပ်လျက်မှာတည်ရှိပြီး ပြင်ပမှာရှိတဲ့ လေတွေ Canister ထဲကို ဝင်နိုင်အောင်လုပ်ပေးတဲ့ Valve လေးပဲဖြစ်ပါတယ် ။
Purge Valve / Sensor – ဒီ Valve ကတော့ ဆီငွေ့သိုလှောင်ဘူး ကနေ Intake Manifold ဒါမှမဟုတ် Throttle Body လေတံခါး သွားတဲ့လမ်းကြောင်းမှာ ကြားခံအဖြစ်တပ်ဆင်ထားတဲ့ Valve လေးပါ။
Fuel Tank Pressure Sensor – ဒီ ဆန်ဆာကတော့ ဓာတ်ဆီတိုင်ကီထဲမှာ ဖိအားဘယ်လောက်များနေပြီလဲ နည်းနေပြီလဲ တိုင်းတာတဲ့ အလုပ်ကိုလုပ်ပါတယ်။ ဆီတိုင်ကီထဲမှာ ဆီဖိအား နည်းလို့လည်းမရသလို၊ များလွန်းလို့လည်း အန္တရာယ်ရှိပါတယ်။
Fuel Level Sensor - ဆီတိုင်ကီထဲမှာရှိတဲ့ ဆီ Level ပမာဏအနည်းအများကို တိုင်းတာပေးတဲ့ အလုပ်ကို လုပ်ဆောင်ပါတယ်။
EVAP System တစ်ခု အလုပ်လုပ်ပုံနည်းစနစ်တွေကတော့ ကားအမျိုးအစား၊ မော်ဒယ် အမျိုးမျိုး ထုတ်လုပ်တဲ့ နှစ်အပေါ်မူတည်ပြီးပုံစံဒီဇိုင်းအမျိုးမျိုးရှိပေမဲ့ အခြေခံ လုပ်ဆောင်ပုံတွေကတော့ တူတူပါပဲ။
ဒီစနစ်မှာ အဓိက တာဝန်ထမ်းဆောင်တာကတော့ Purge Valve ရယ်၊ Vent Valve ရယ်၊ Fuel Tank Pressure Sensor ရယ်ပါပဲ။ Purge Valve ရယ်၊ Vent Valve တွေရယ်ကို Solenoid Valve တွေအဖြစ်တပ်ဆင်ထားပြီး PCM လို့ခေါ်တဲ့ Powertrain Control Module ကနေ မောင်းနှင်ပါတယ်။
ယေဘူယျအားဖြင့် ဆီတိုင်ကီထဲကို ဆီဖြည့်ထားပြီး ဒီအတိုင်း ကားမမောင်းခင် အခြေအနေမှာ Vent Valve တွေက Normally Open ဆိုတဲ့ ပုံမှန်ပွင့်နေတဲ့ အခြေအတိုင်းရှိနေပြီး ပြင်ပက လေတွေ Charcoal Canister ဆိုတဲ့ ဆီငွေ့ပျံဘူးထဲကို ဝင်နိုင်တဲ့အခြေအနေဖြစ်နေပါတယ်။ ဒီအခြေအနေမှာ Purge Valve က Normally Close ဆိုတဲ့ အခြေအနေအတိုင်း ပိတ်လျက်ရှိနေပြီး Charcoal Canister ထဲမှာ ဆီတိုင်ကီကနေလာတဲ့ အငွေ့ပျံနေတဲ့ ဆီငွေ့တွေကို စုစည်းသိုလှောင်ထားပါတယ်။
ကားစက်နှိုးပြီး မောင်းနှင်လို့ Normally Operation Temperature ရောက်ပြီဆိုတဲ့အချိန် ဆီတိုင်ကီမှာ တပ်ဆင်ထားတဲ့ Fuel Tank Pressure Sensor ရဲ့ အာရုံခံချက်အရ ဆီတိုင်ကီထဲမှာ ဆီငွေ့ပျံမှုတွေများလာတယ်ဆိုတာကို PCM ကို လှမ်းသတင်းပေးပို့ပါတယ်။ PCM ကနေ ပြင်ပကနေ ဆီငွေ့ပျံဘူးထဲကို ဝင်နေတဲ့ Vent Valve ကို လှမ်းပိတ်လိုက်ပါတယ်။ ပြီးတာနဲ့ Purge Valve ကို ဖွင့်ပေးပြီး ဆီငွေ့ဘူးထဲမှာ စုစည်းမိနေတဲ့ ဆီငွေ့တွေကို Inlet ထဲ ဒါမှမဟုတ် Throttle Body ဆိုတဲ့ လေတံခါးထဲ ဝင်ရောက်စေပြီး အင်ဂျင်ခန်းထဲရောက် မီးလောင်ကျွမ်းစေပါတယ်။
EVAP System ချို့ယွင်းမှုတွေဖြစ်ရင် ဘာတွေဖြစ်နိုင်သလဲ?
EVAP System မှာရှိတဲ့ Fuel Tank ၊ Fuel Cap ၊ Fuel Pressure Sensor ၊ Vent Valve ၊ Purge Valve တွေမှာ တစ်ခုခု ချို့ယွင်းမှုဖြစ်တယ်ဆိုရင်
ဆီအနံ့ထွက်တာ
အင်ဂျင်စစနှိုးခြင်း (Slow) idle မမှန်တာ၊ စလိုးကြမ်းတာ၊ စက်ထိုးသေသွားတာ၊ ဆီစားများတာ
EVAP System နဲ့ပတ်သက်ပြီး အဖြစ်များဆုံး ပြဿနာအရင်းမြစ်တွေကတော့ ဆီတိုင်ကီအဖုံးမလုံတာ၊ ဆီဖြည့်ပြီး ပိတ်တဲ့ချိန် လော့မကျတာ၊ EVAP မှာရှိတဲ့ ပိုက်လိုင်းတွေ ပျက်တာ၊ ပေါက်တာ၊ Purge Valve ပျက်စီးတာ၊ Vent Valve ပျက်စီးတာ၊ Purge Valve ၊ Vent Valve တွေကို Control လုပ်တဲ့ Wiring Lines တွေ ပျက်စီးတာ အစရှိတဲ့ ပြဿနာတွေအဖြစ်များပါတယ်။ ဒီလိုပြဿနာတွေဖြစ်လာရင်တော့ အင်ဂျင်ချက်မီးလင်းလာတတ်ပြီး OBD2 Diagnostic စက်များနဲ့ ပြစ်ချက်ရှာဖွေ ပြုပြင်ရမှာဖြစ်ပါတယ်။
စာဖတ်သူ မိတ်ဆွေ ညီအစ်ကိုမောင်နှမအားလုံး နည်းပညာ ဗဟုသုတ ကြွယ်ဝကြပါစေ။   ။
Lynn Za Nee (P.T.U)
Myanmar Automobile Equipment Directory
Read times
Rate this item
(1 Vote)