Tips



Piston အကြောင်းတစေ့တစောင်း

Piston အကြောင်းတစေ့တစောင်း google

Piston အကြောင်း မဖော်ပြမှီ မီးလောင်ကျွမ်းမှုအကြောင်းကို အနည်းငယ် ရှင်းပြလိုပါတယ်။ အရာဝတ္တု တခု မီးလောင်ကျွမ်းရန်အတွက်ခြေခံအချက် ၃ချက်လိုအပ်ပါတယ်။ ၄င်းတို့မှာ

 

၁။ လောင်စာ ( fuel )

၂။ လေ ( oxygen )

၃။ အပူ ( heat )

စတဲ့ အချက်၃ချက်ရှိမှ အရာဝတ္တု တခုဟာ မီးလောင်နိုင်ပါတယ်

 

Engine များတွင် Internal Combustion Engine ( အတွင်းမီးလောင်​​ပေါက်ကွဲအင်ဂျင် ) ၄င်းကို အတိုကောက်နေနဲ့ ( I . C . E engine ) ဆိုပြီး ထိပ်ဆုံးစာလုံးများကို အတိုကောက်ရည်ညွှန်း၍ ခေါ်ဆိုပါတယ်။ ယခုခေတ် အသုံးပြုနေကြသော engး အမျိုးအစားများ ဖြစ်ကြပါတယ်။ External Combustion Engine ( အပြင်မီးလောင်​​ပေါက်ကွဲအင်ဂျင် ) ၄င်းကို အတိုကောက်နေနဲ့ ( E . C . E engine ) ဆိုပြီး ထိပ်ဆုံးစာလုံးများကို အတိုကောက်ရည်ညွှန်း၍ ခေါ်ဆိုပါတယ်ရှေးခေတ်က သုံးစွဲခဲ့သော Boiler Engine များ ဖြစ်ကြပါတယ်( ဥပမာ - Titanic သင်္ဘောတွင် သုံးစွဲသော Engine ) စသည်ဖြင့် engး အမျိုးအစား ၂မျိုးရှိပါသည်

 

I.C.E (Internal Combustion Engine) အတွင်းမီးလောင်​​ပေါက်ကွဲ အင်ဂျင် တွေမှာ-

၁။ S.I engး နဲ့

၂။ C.I engး ဆိုပြီး နှစ်မျိုးနှစ်စားထပ်ရှိပါတယ်

၁။ S.I engး

S.I engး ဆိုတာ (Spark Ignition system ) ပါ ...cylး အတွင်းမှာ မီးလောင် ပေါက်ကွဲဖို့အတွက် sparking plug အကူအညီယူပြီး မီးလောင် ပေါက်ကွဲစေတဲ့စနစ်တခုပါ၊ cylးအတွင်ရောက်ရှိလာတဲ့ အချိုးအဆတခုနဲ့ ရောစပ်ထားသော fuelး air အချိုးကို pressure တခုအရောက်မှာ plug ကနေ မီးပေးစေလိုက်ခြင်းဖြင့် combustion တခုကို ဖြစ်​​ပေါ်စေခြင်းပါ။(တနည်းအားဖြင်ပြောရရင် sparking plug ကို အဓိက အားပြုပြီး ပေါက်ကွဲရတဲ့ engး အမျိုးအစားပါ)

 

၂။ C.I engး

C.I engးဆိုတာ cylး အတွင်းမှာ မီးလောင်​​ပေါက်ကွဲဖို့အတွက် လိုအပ်တဲ့ အပူတခုကိုpressure ဖြင့် (Compress)ဖိကျစ်ဖန်တီးယူပြီး fuel system တခုမှ fuel ဖြန်ပေးလိုက်ခြင်းဖြင်combustion တခုကို ဖြစ်​​ပေါ်စေခြင်းပါ။(တနည်းအားဖြင်ပြောရရင် compression (ဖိကျစ်ခြင်း) ကို အဓိက အားပြုပြီး ပေါက်ကွဲရတဲ့ engးအမျိုးအစားပါ)။

 

အထက်က ဖော်ပြပြီးသလို engး တလုံးတွင် ဖြစ်​​ပေါ်မည့် မီးလောင်​​ပေါက်ကွဲမှုအတွက်ခြေခံအနေဖြင့် အပူတခုလိုအပ်ပါမည်။ ထို လိုအပ်​​သောအပူကို piston က လုပ်​​ဆောင်​​ပေးပါသည်။ cylး အတွင်ရောက်ရှိလာသောလေကို piston က အပေါ်သို့ တွန်ရွှေ့ဖိကျစ်ပြီး အပူတခုအဖြစ်သို့ ကူးပြောင်ရောက်ရှိစေရန် လုပ်​​ဆောင်​​ပေးပါသည်။ ထိုရရှိလာသော လေအပူထဲကိုမှ fuel ( လောင်စာ ) ပက်ဖြန်ပေးလိုက်​​သောအခါ [ လောင်စာ + လေ + အပူ = မီးလောင်​​ပေါက်ကွဲ (combustion) ] မှုတခု ဖြစ်​​ပေါ်ပါသည်။ ထိုပေါက်ကွဲမှုကမှတဆင်ပေါက်ကွဲအားဖြင့် piston အား အောက်သို့ တွန်ရွေ့စေပြီး crankshaft ကို လည်ပတ်မှု ဖြစ်​​ပေါ်စေပါတယ်

 

ထို့ကြောင့် piston သည် မီးလောင်​​ပေါက်ကွဲမှုကြောင့် ထွက်​​ပေါ်လာသော thermal stress (အပူဒဏ်) အား အများဆုံး ခံရပါတယ်။ ထိုအပူဒဏ်ကို ခံနိုင်ရည်ရှိသည့် piston အား သတ္တု အမျိုးမျိုးဖြင်ရောစပ်၍ တီထွင်ထုတ်လုပ်ကြပါတယ်။ piston သည် အပူဒဏ်ကို ခံနိုင်ရည်ရှိရမည့်အပြင် ၊ ၄င်းမှာဖြစ်​​ပေါ်နေသော အပူဒဏ်အား လျင်မြန်စွာစီးကူးစေ၍ အခြားအစိတ်အပိုင်းများကို အပူဖြန့်ဖြူးပေးရပါမည်။ ဒါကြောင့် အပူစီးကူးမှုလျင်မြန်​​သော aluminium (အလူမီနီယမ်) သတ္တု ကိုအခြေခံပြီး piston များအား ထုတ်လုပ်ကြပါတယ်။ piston ထုတ်လုပ်ပုံနည်းလမ်းစဉ် ၂မျိုးရှိပါတယ်။ ၄င်းတို့မှာ casting (သတ္တု အရည်အားမိုလ်တခုအတွင်း သွန်လောင်းခြင်း) နှင့် forging ( အပူခံထားသောသတ္တု အား ဖိအားအမြင့်ဖြင့်​​ထုရိုက်၍ ပုံဖော်ခြင်း) ဟူသော နည်းများဖြင့် ပြုလုပ်ကြပါသည်။ forging နည်းဖြင့် ထုတ်လုပ်ထားသော piston သည် casting နည်းဖြင့်ထုတ်လုပ်​​သော piston ထက် ခံနိုင်ရည်အား မြင့်ပါသည်

 

Piston တလုံးတွင် ပါဝင်​​သော သတ္တု အချိုးအဆသည် ထုတ်လုပ်သူအပေါ်မူတည်၍ piston တမျိုးနှင့်တမျိုး မတူညီကြပေ။ piston တွင် ပါဝင်​​သော သတ္တု အမျိုးအစားအပေါ်မူတည်၍ piston ၏ အရည်သွေးနှင့် တန်ဘိုးဈေးနှုန်းများလည်း အထိုက်လျောက် ကွာခြားကြပါသည်။ casting ( သွန်လောင်းခြင်း) နည်းဖြင့်ထုတ်လုပ်ထားသော piston များသည် ကုန်ကျစရိတ် အနဲဆုံးဖြစ်ပါသည်။ အားနဲသောအချက်မှာ သွန်လောင်နေစဉ်တွင် piston သတ္တု သားအတွင်း လေခိုပြီး vacuum (လေဟာနယ်) ဖြစ်​​ပေါ်စေနိုင်ပါသည်။ piston သည် အပူဒဏ် ၊ အပူစီးကူးမှုအပြင် ပေါ့ပါးမှု ရှိဖို့လည်း လိုအပ်ပါသည်။ ထို့အတွက်​​ကြောင့် piston သတ္တု အား aluminium (အလူမီနီယမ်) သတ္တု ကိုအခြေခံပြီး အခြား သတ္တုများဖြင်​​ရောနှောပေါင်းစပ်ပြီးထုတ်လုပ်ကြပါသည်ရှေးယခင်က piston အား အခြားသတ္တုများဖြင်ရောနှောပေါင်းစပ်၍ ထုတ်လုပ်ကြသော်လည်း ယခုအခါတွင် ထို့ထက်နည်းပညာမြင့်မားသော တီထွင်မှုများဖြင့် ထုတ်လုပ်လာကြပါသည်။ piston ထုတ်လုပ်ရာတွင် စဉ်းစားရသည့်အခြေခံအချက် မှာ အပူဒဏ်ခံနိုင်ရည် ရှိရမည် ၊ အပူစီးကူးမှုအား ကောင်းရမည်ပေါ့ပါး ခိုင်ခန့်ရမည်။ ထုတ်လုပ်သူများသည် ထိုအချက်များအား အခြေခံစဉ်းစား၍ တီထွင်ထုတ်လုပ်လာကြပါသည်

 

ထို့ကြောင့် ယခုအခါတွင် piston အတွက် aluminium အတွင်း silicon ပေါင်းစပ်ပြီး ထုတ်လုပ်လာကြပါသည်။ silicon သည် အပူစုပ်ယူမှုနည်းသည်။ ခံစားရသည့်အပူကြောင့် aluminium သားအတွင်းပျော်ဝင်ပြီး တသားတည်ပေါင်းစပ်သွားသည်။ ထို့အတွက်​​ကြောင့် အပူအား piston မှ စုပ်ယူရသည့် အားလည်လျော့နဲသွားပါသည်။ ထို့ကြောင့် thermal stress ဒဏ် ခံရမှုနဲသည့်အတွက် အပူကြောင့် piston ပုံပျက်ခြင်း ၊ piston အား liner နှင့်ရိုက်ခတ်​​စေသည့်ဖြစ်စဉ်အား လျှော့ချနိုင်လာပါသည်။ ထိုနည်းတူစွာ engး မှထွက်​​ပေါ်မည့် noise ( ဆူညံမှု ) ကိုလည်လျှော့ချနိုင်လာပါသည်။အဆိုပါ piston မျိုးကို Hypereutectic piston ဟု ခေါ်ဆိုကြပါသည်

 

Piston type ကိုရွေးချယ်ရာတွင် combustion chamber ၏ ထုထည် ၊ compression ratio စသည်တို့အား အသေးစိတ်တွက်ချက်ပြီးမှ သင်တော်မည့် piston type ကို ရွေးချယ်၍ သုံးစွဲကြပါသည်

 

၁။ Dome piston type (ထိပ်လုံး piston)

အဆိုပါ piston type အား 2 stroke engine များတွင် အများဆုံးအသုံးပြုပါသည်။ အထူးသဖြင့် compression ratio မြင်သော 2 stroke engine များတွင်သုံးကြသည်

 

၂။ Bowl / Dish piston type (ထိပ်ချိုင့် piston)

အဆိုပါ type အား compression မြင့်လွန်သည့် combustion chamber ရှိသော engine များတွင် compression ratio လျှော့ချရန်အတွက် အသုံးပြုပါသည်။အထူးသဖြင့် turbocharger (သို့) supercharger ပါသော engine များတွင် detonation ဖြစ်​​ပေါ်မှုကိုရှောင်ကြဉ်နိုင်ရန်အတွက်compression ratio ကို လျှော့ချရန် အဆိုပါ bowl (or) dish piston type ကို သုံးစွဲကြပါသည်။များသောအားဖြင့် diesel engine များတွင် အသုံးများပါသည်။ ထို type ကိုသုံးစွဲခြင်းဖြင့် fuel spray ( လောင်စာဆီ ပန်းသွင်းမှု ) အားကောင်းမွန်​​စေပါသည်။ sparking engine များတွင်လည်း လျင်မြန်စွာ မီးလောင်​​ပေါက်ကွဲမှုကို ပြုလုပ်​​ပေးပါသည်

 

၃။ Flat piston type

အထက်ပါ flat piston type တွင် ၂မျိုး ၂စားရှိပါသည်

 

၁။ plane flat top type (မျက်နှာပြင်လုံးဝညီညာနေသော) နှင်

၂။ flat top piston with valve relief ( piston နှာပြင်တွင် Exhaust valve နှင့် Inlet valve အရာအချိုင့်များပါသော ) type ဟူ၍ ၂မျိုး ၂စား ကွဲပြန်ပါသည်

 

နံပါတ်(၁) အမျိုးအစားသည် ထုတ်လုပ်မှုကုန်ကျစရိတ် အသက်သာဆုံး ပုံစံဖြစ်ပါသည်။ထို့ကြောင်ဈေးသက်သာသော engine များနှင့် engine volume လျှော့ချလိုသော engine များအတွက်အသုံးများပါသည်

 

နံပါတ်(၂) အမျိုးအစားမှာမူ ထုတ်လုပ်မှုကုန်ကျစရိတ် အနည်းငယ် မြင့်မားပါသည်။ ၄င်းအမျိုးအစားသည် compression ratio ကို မြင့်မားစေပါသည်။ အထူးသဖြင့် piston ထိပ်ဆုံးရောက်ရှိချိန်သည် compression ratio အမြင့်ဆုံးအချိန်ဖြစ်ပါသည်။ direct injection ဖြစ်​​သော diesel engine များတွင် swirl volume နှင့် turbulance အတွက် air flow အားကောင်းစွာဖြစ်​​ပေါ်စေပါသည်

 

piston type အားရွေးချယ်ရာတွင် မည်သည့် engine အတွက် မည်သည့် type အသုံးပြုမည်ဟု ပုံသေသတ်မှတ်ချက်မရှိပါ။ combustion chamber ၏ volume နှင့် compression ratio တို့အား တွက်ချက်ပြီးမှသာ ၄င်းနှင့်ကိုက်ညီမည့် piston type ကို ထုတ်လုပ်သူမှ ရွေးချယ်သတ်မှတ်သုံးစွဲကြပါသည်

 

Piston တိုင်းတွင် piston slap ( piston ရိုက်ခတ်မှု) ရှိတတ်ကြပါသည်။အဆိုပါ ရိုက်ခတ်မှုသည် piston မည်သည်နေရာသို့ ရောက်ရှိနေပါစေ ဖြစ်​​ပေါ်တတ်ပါသည်။ ဘယ်အချိန်တွင် အဖြစ်များသနည်း ? engး အား စတင်နှိုးသောအချိန်တိုင်းတွင် ဖြစ်​​ပေါ်တတ်ပါသည်။ မည်သည်နေရာတွင် အဓိက ရိုက်ခတ်​​တတ်သနည်း ? Piston skirt နေရာတွင် အများဆုံးရိုက်ခတ်ပါသည်

 

 

piston တလုံးအား သာမန်ကြည့်လျင် လုံးဝ ဝိုင်းစက်​​နေသောပုံဟု ထင်မြင်ရတတ်ပါသည်။ အမှန်တကယ်တွင်​​တော့ oval shape (ဘဲဥပုံသဏ္ဍာန်) သာ ရှိပါသည်။ combustion ကြောင့်ဖြစ်​​ပေါ်သောအပူကြောင့်သာ piston ပြန့်ကားသွားပြီး အဝိုင်းပုံစံအပြည့်သို့ ရောက်ရှိပါသည်။ engး အေးစ အချိန်တွင် engး စနိုးနိုးချင်း piston သည် မပြန့်ကားသေးပါ၊ အချိန်အနဲငယ်အကြာ လုံလောက်သည်အပူချိန်ရမှ ပြန့်ကားလာရသည့်အတွက် engး စနှိုးတိုင်းတွင် piston slap ဖြစ်ရခြင်းဖြစ်ပါသည်။ သို့မဟုတ်ပါပဲ piston မှ အချိန်တိုင်း ရိုက်ခပ်သံ ထွက်​​ပေါ်နေပါက engး အား စစ်​​ဆေးသင်နေပါပြီ။

 

ထို့အတူ piston တွင် side thrust effect ဟူသော ဖြစ်စဉ်လည်း ရှိကြပါသည်။ piston တွေရဲ့ side thrust effect (ဘေးတိုက်တွန်းခြင်း)အကြောင်းကို အနည်းငယ်ရှင်းပြလိုပါတယ်။ piston တိုင်းဟာ engး သုံးစွဲသူရဲ့အပေါ်ကိုမူတည်ပြီး side thrust effect ဒဏ်ကို အနဲနှင့်အများ ခံစားကြရတဲ့ အစိတ်အပိုင်တခုဖြစ်ပါတယ်။ piston တလုံးကိုယူပြီး piston pin ပေါက်ရှိတဲ့အခြမ်းကို မိမိဘက်တွင်ထားပါ ၊ ပြီးရင် piston မျက်နှာပြင်ကို အပေါ်စီးကနေကြည့်ပါ piston pin ဝန်ရိုးရဲ့ ဘယ်ဘက်အခြမ်းနဲ့ ညာဘက်ခြမ်း ဧရိယာတွေဟာ အဆိုပါ side thrust effect ကို ခံစားကြရတဲ့ ဧရိယာတွေပါပဲ။(piston pin ပေါက်ရှိတဲ့ဘက် အခြမ်တွေမဟုတ်ပါ ပုံနှင့်တကွ ရှင်းပြပေးထားပါတယ်)

 

ဘယ်အချိန်မှာ ဘယ်လို side thrust ဒဏ်ခံစားရသလဲဆိုတော့ မီးလောင်​​ပေါက်ကွဲပြီးလို့ piston အောက်ဘက်ကို အရှိန်နဲ့ဆင်းလာချိန်မှာအဆိုပါ ဒဏ်ကိုအပြည့်အဝခံစားရပါတယ်...ပေါက်ကွဲမှုရဲ့ force(အား)နဲ့ piston ကိုဆောင့်တွန်းချခံလိုက်ရတဲ့အတွက်ပါ၊ အဆိုပါခံစားချက်ကို (major side thrust effect)လို့ ခေါ်ပါတယ်။ ဒီဒဏ်ကို engး အကြီးကြီးတွေ(တနည်းအားဖြင့် cylးအရေအတွက်များတဲ့ engးတွေမှာ lever ကို တဗျင်းဗျင်း တဗြဲဗြဲနဲ့ ဆော့ကစားခံရတဲ့ piston တွေမှာ) အဲ့ ဒဏ်အများဆုံးခံစားရပါတယ်

 

 

piston အပေါ်ဘက်ကို တက်တဲ့အချိန်မှာကျ သူ့မှာ force(အား)သိပ်မရှိတော့ပါဘူး၊ ဒါကြောင့် အနည်းငယ်ပဲ ဒီဒဏ်ကို ခံစားရပါတယ်၊ ဒါကို (minor side thrust effect) လို့ခေါ်ပါတယ်။ သူကလည်း လုံးဝ မခံစားရတာတော့မဟုတ်ပါဘူး၊အနည်းငယ်​​တော့ခံစားရပါတယ်။ ဒီသဘောကို ဆင်ခြင်မိရင် engး ကြီးတွေမောင်းနှင်​​နေတဲ့သူများ မိမိ engးကို lever ကစားခြင်ရှောင်ကြဉ်နိုင်ကြပါစေ ဗျာ...

 

( ငါးဖမ်းစက်​​လှေတွေမှာ တချို့ပဲ့နင်းများ lever ကစားတတ်​​လေ့ရှိကြပါတယ်)။

 

များသောအားဖြင့် ဒီအက်ကွဲတဲ့ ဒဏ်ကိုခံရတဲ့ piston တွေကတော့ piston တွေမှာ ချောဆီ oil groove slot မြောင်လေးတွေပါတဲ့piston တွေမှာ အဖြစ်များလေ့ရှိတာ..သုံးသပ်မိပါတယ်။ Piston တလုံးအား ကြည့်ရှု စစ်​​ဆေးရန်အတွက် piston အား အပိုင်း ၃ပိုင်းခွဲ၍ စစ်​​ဆေးပါ။

 

၁။ Piston head ( piston crown)

piston ၏ ထိပ်ဆုံးအပိုင်းကို ခေါ်ဆိုပါတယ်

၂။ Rings land & pin

piston ၏ piston rings နှင့် piston pin ရှိသောအပိုင်းကို ခေါ်ဆိုပါတယ်

၃။ Skirt

Piston ၏ အောက်ပိုင်း( piston pin ၏ အောက်ဘက်အပိုင်းကိုခေါ်ဆိုပါတယ်)

Piston တလုံးတွင်ရှိသော တည်​​နေရာခေါ်ဆိုပုံများအား ပုံနှင့်တကွ ပုံ(1) တွင်ဖော်ပြပေးထားပါသည်။ ပုံနှင့်စာ တိုက်ဆိုင်ကြည့်ရှု၍ လေ့လာကြပါရန်

piston တလုံး၏ total height (piston အမြင့်) အား piston ၏ ထိပ်ဆုံးနေရာ အနားအမြင့်မှ piston skirt အောက်စွန်းအနားထိ အကွာအဝေးကို ခေါ်ဆိုပါသည်

piston head (or) piston crown ၄င်းကို piston ring အပေါ်ဆုံးကွင်နေရာမှ piston အပေါ်ဘက်မျက်နှာပြင်​​နေရာအထိကို ခေါ်ဆိုပါသည်

Rings land (rings zone) ဆိုသည်မှာ piston ring များ တည်ရှိရာနေရာ အစိတ်အပိုင်းကို ခေါ်ဆိုပါသည်

Top land ဆိုသည်မှာ piston ring အပေါ်ဆုံးကွင်၏အထက် တည်ရှိရာနေရာကို ခေါ်ဆိုပါသည်

2nd land ဆိုသည်မှာ ပထမ piston ring နှင့် ဒုတိယ piston ring အကြား တည်ရှိရာနေရာကို ခေါ်ဆိုပါသည်

3rd land ဆိုသည်မှာ ဒုတိယ piston ring နှင့် တတိယ piston ring အကြား တည်ရှိရာနေရာကို ခေါ်ဆိုပါသည်

Rings groove ဆိုသည်မှာ piston ring အထိုင်ချ တပ်ဆင်ရာ မြောင်းကလေးကို ခေါ်ဆိုပါသည်

Piston တလုံးမှာ ထိပ်ဆုံးမှာရှိနေတဲ့ ring ကcompression ring ပါ၊ အလယ်မှာရှိနေတဲ့ ring တွေကတော့ intermediate ring တွေပါ၊ အောက်ဆုံးမှာ ရှိနေတာကတော့ oil control ring ပါ။ intermediate ring တွေကို wiper ring , scrapper ring ဟုလည်ခေါ်ဆိုတတ်ပါသည်

 

Piston တလုံးတွင် ဖိကျစ်မှုကို အဓိက လုပ်​​ဆောင်​​ပေးရတာက အပေါ်ဆုံးမှာ တည်ရှိနေတဲ့ compression ring ပါ၊ intermediate ring (wiper) (scraper) ကွင်းကတော့ ဒုတိယ အနေနဲ့ ဖိကျစ်​​ပေးတာပါ။ ၄င်းရဲ့ အဓိကလုပ်​​ဆောင်ချက်က oil control ring က liner ကို သုတ်လိမ်ပေးခဲ့သည်ချောဆီများကို ပြန်လည် ခြစ်ထုတ်ယူသွားရန်အတွက် အဓိက ရည်ရွယ်လုပ်​​ဆောင်ပါတယ်(ဒါကြောင့်လည်း ၄င်းကို wiper ring , scraper ring ဟု ခေါ်ဆိုရခြင်းဖြစ်ပါတယ်)။

 

 

oil control ring ကတော့ piston နှင့် liner ပေါ်တွင်ရှိနေသော အပူများအား ချောဆီမှတဆင့်သယ်​​ဆောင်ရန် နှင့် liner နှင့် rings များ၏ ပွတ်တိုက်မှုများအား လျော့နည်စေရန်အတွက် ဖြစ်ပါတယ်။ တချို့ engး များတွင် piston မှ အပူများအား လျှော့ချရန်အတွက် piston cooling nozzle ဟုခေါ်ဆိုသည်ချောဆီဖြန်ပေးသော nozzle များအား liner ၏ အောက်ဘက် crankase block အတွင်းဘက်တွင် တပ်ဆင်​​ပေးထားတတ်ကြပါသည်

 

oil control ring groove ထဲတွင်ရှိသော အပေါက်ကလေးများကို oil return hole ( ဆီပြန်​​ပေါက် ) ဟုခေါ်ဆိုပါသည်။ Compression height ဆိုသည်မှာ piston ၏ ထိပ်ဆုံးနေရာ အနားအမြင့်မှ piston pin ပေါက်၏ အလည်​​နေရာအထိကို ခေါ်ဆိုပါသည်

 

Piston pin ကို wrist pin ၊ gudgeon pin စသဖြင်ခေါ်ဆိုပါသည်

Pin bore ဆိုသည်မှာ Piston pin တပ်ဆင်သည့်အပေါက်ကို ​​ခေါ်ဆိုပါသည်

Piston pin အောက်ဘက်က နေရာလေးအား piston boss ဟုခေါ်ဆိုပါသည်။

Piston pin ဘေးရှိ နေရာအား side relief on full round ဟုခေါ်ဆိုပါသည်။

Piston ထိပ်ရှိ v/v ပုံစံအခွက်ကလေးအား v/v relief ဟု ခေါ်ဆိုပါသည်။

Piston pin ပေါက်အတွင်း အပြင်​​နေရာတွင်ရှိသော ​​မြောင်းနေရာလေးကို pin lock groove ဟု ခေါ်ဆိုပါသည်။Piston pin ကို lock လုပ်ရန်အတွက်ဖြစ်ပါသည်

Piston ၏ မျက်နှာပြင် ခုံးနေသော နေရာအား dome height ဟု ခေါ်ဆိုပါသည်။

Piston ၏ မျက်နှာပြင် ခွက်ဝင်​​နေသောနေရာအား bowl ဟု ခေါ်ဆိုပါသည်။

တချို့သော Piston ၏ skirt နေရာတွင်ပေါက်ကလေးများ ပါရှိတတ်ပါသည်။ ထိုနေရာကို slot ဟု ခေါ်ဆိုပါသည်။

 

Piston တလုံးအား visual check (မျက်မြင်စစ်​​ဆေး) ရာတွင် piston crown များ အက်ကွဲနေခြင်း ၊ ပွန်းစားနေခြင်း ရှိ/မရှိ ၊ piston bowl နေရာများတွင်အက်ကွဲနေခြင်း ရှိ/မရှိ ၊ piston pin နေရာတွင် အက်ကွဲနေခြင်း ၊ ပွန်းစားနေခြင်း ရှိ/မရှိ ၊ piston pin ၏ အခြားတဘက်ခြမ်နေရာတွင် side thrust effect ကြောင့် ပွန်းစားနေခြင်း ရှိ/မရှိ ၊ piston skirt နေရာတွင် piston slap ကြောင့် ပွန်းစား ပဲ့နေခြင်း ရှိ/မရှိ ၊ piston to liner clearance ကို စစ်​​ဆေးရာတွင် piston အား piston ring နှင့်အတူ liner အတွင်းထည့်သွင်းပြီး piston နှင့် liner အကြား feller gauge ဖြင့် ထိုးသွင်းပြီး စစ်​​ဆေးပေးရပါမည်။ စစ်​​ဆေးရာတွင် လက်ခံနိုင်သည့်အတိုင်းအတာ တန်ဘိုးများမှာ ပုံသေသတ်မှတ်ချက်မရှိပါ။ ထုတ်လုပ်သူ၏ ညွှန်ကြားချက်ပေးထားသော ကိန်းဂဏန်းတန်ဘိုးများအတိုင်းသာ လိုက်နာဆောင်ရွက်ရပါသည်

 

Piston ပျက်စီးမှုကြောင်းရင်းအားစမ်းစစ်ကြည့်လျင် % အားဖြင်

၁။ ဆီပန်းသွင်းပုံ timing မမှန်ခြင်

ကြောင့် 32%

၂။ exး ပိတ်ဆို့ခြင်ကြောင့် 22%

၃။ engး load အလွန်အကျွံမောင်

ခြင်ကြောင့် 15%

၎။ cylး အတွင်းဆီများစွာ ရောက်ရှိ

သောကြောင့် 12%

၅။ piston crown လုံလောက်စွာ

အေးသောကြောင့် 11%

၆။ လောင်စာဆီအရည်သွေးညံ့

ဖျင်သောကြောင့် 5%

၇။ တပ်ဆင်ပုံနည်းစနစ်မမှန်​​သော

ကြောင့် 3%

စသည့်အကြောင်းအချက်တို့အားတွေ့ရှိရပါမည်

 

ထို့အပြင် မည်သည်နေရာများတွင် ပျက်စီးလေ့အများဆုံး ရှိသည်ကို စမ်းစစ်ကြည့်လျင်

၁။ piston pin ပျက်စီးမှု 29%

၂။ piston head ပျက်စီးမှု 21%

၃။pistonhead seizeဖြစ်ခြင်19%

၎။ piston skirt seize ခြင်း 17%

၅။ rings နှင့် skirt ပျက်စီးခြင်း 7%

၆။ piston pin ကျိုးပဲ့ခြင်း 4%

၇။ piston pin seize ဖြစ်ခြင်း 3% စသည်ဖြင်တွေ့ရှိရပါမည်

 

Credit; Original Writer

Read times
Rate this item
(1 Vote)