Tips



ဒီဇယ်အင်ဂျင် စက်မနှိုးရခြင်း အကြောင်းအရင်းများ

ဒီဇယ်အင်ဂျင် စက်မနှိုးရခြင်း အကြောင်းအရင်းများ google

ဒီဇယ်အင်ဂျင် စက်မနှိုးရခြင်း အကြောင်းအရင်းများစွာ ရှိပါတယ်။ ဒါတွေကတော့ - ဒီဇယ်အင်ဂျင်တစ်လုံး၏ Fuel Injection System တွင် လေခိုသွားခြင်း၊ ဆီထဲတွင် ရေများ ရောပါ နေခြင်း၊ ဆီမသန့်ခြင်း၊ ဒီဇယ်စစ်ဘူးပိတ်ဆို့နေခြင်းစသော အားနည်းချက်များသည် ရုတ်တရက်စက်ထိုးရပ်သွားစေသော အကြောင်းအရင်းများဖြစ်ပါတယ်။

 

အခြားဖြစ်နိုင်သော အချက်များမှာ Timing Belt ကြိုးပြတ်ခြင်းနှင့် Pump Stop Valve ကို ပါဝါ Supply လုပ်ပေးသော ဝါယာကြိုးအဆက်ပြတ်ခြင်း တို့ကြောင့်လည်း စက်ရပ်သွားနိုင်ပါတယ်။ဆီတိုင်ကီတွင် ဆီလက်ကျန် နည်းပါးနေသော အချိန်တွင် လမ်းမျက်နှာပြင် တိမ်းစောင်းမှု အခြေအနေများကြောင့် ဆီလိုင်းတွင် လေခို သွားနိုင်သည်။ ဒီဇယ်ဆီပိုက်လိုင်းတွင် လေခိုသွားပါက ပန့်နှင့ေ့်န်ာဇယ်များမှ ဆီ ဖြန့်ပေးသောပမာဏ မမှန်တော့ဘဲ ဆီပြတ်ပြီး စက်သေ သွားတတ်ပါတယ်။ဒီဇယ်ဆီဖြည့်စဉ်က မိုးရေများ ရောနှောပါသွားပါက ထိုရေများသည် ဆီပိုက်လိုင်း မှတစ်ဆင့် ပန့်၊ နော်ဇယ်များသို့ ရောက်သွားပြီး စက်သေစေနိုင်ပါတယ်။ ထို့ပြင်သန့်ရှင်းမှုမရှိသော ဆီများကြောင့် ဆီစစ်ဘူးတွင် ပိတ်ဆို့ပြီး ပန့်သို့ ဒီဇယ်ဆီများ မရောက် ပါက အင်ဂျင်ချောဆီ ငတ်ပြီး စက်သေ နိုင်သည်။

 

လူစီးကားလေးများမှ ဒီဇယ်ပန့် ပီနီယံကို Timing Belt ကြိုးနှင့်ချိတ်ဆွဲပြီး Cam Shaft တိုင်မင်အတိုင်း လည်ပတ်စေပါတယ်။ရာဘာ Belt ကြိုးသည် သက်တမ်း ပြည့်ပါက ပြတ်တတ်သည့် အမျိုးဖြစ်ပါတယ်။တစ်ခါတစ်ရံ Timing Belt ကြိုးရာဘာအသားများကို စက်ဆီ၊ ချောဆီ၊ ဒီဇယ်ဆီများ ပေကျံပါက သက်တမ်း မပြည့်မီ ပျက်စီးသွားတတ်ပါတယ်။အင်ဂျင်တစ်လုံး တိုင်မင်ကျ လည်ပတ်နိုင်ရန် Timing Belt ကြိုးသည် Cam Shaft နှင့် ဒီဇယ်ပန့်ကို လှည့်ပေး ရသည်။ကြိုးပြတ်သွားပါက Timing Out သွားပြီး စက်ရပ်သွားမည့်အပြင် Cam Shaft နှင့် Valve များထောက်မိပြီး အင်ဂျင်ပါ ပျက်စီးသွားနိုင်ပါတယ်။ဒီဇယ်အင်ဂျင် စက်သတ်ရန် ဆိုလိုနွိုက် Stop Valve ကိုကစား ပေးရမှာ ဖြစ်ပါတယ်။ယာဉ်မောင်းကားသော့ ပိတ်လိုက်ခြင်းသည် Stop Valve ကို လျှပ်စစ်ဖြတ် တောက်လိုက်ခြင်း ဖြစ်ပါတယ်။ ဆိုလိုနွိုက်ကွိုင်သို့ သွယ်တန်း ထားသော ကားသော့အုံမှ လာသော ၀ါယာကြိုး သည် အကြောင်း တစ်ခုခုကြောင့် ၀ါယာ အဆက်အသွယ် ပြတ်သွားပါက ကားသော့ ပိတ်လိုက်သကဲ့သို့ ဖြစ်သွား၍ Stop Valve ကိုပိတ်သွား စေပါတယ်။

 

ဤကဲ့သို့ ၀ါယာ ဆက်သွယ်မှု ချွတ်ယွင်းချက် ဖြစ်ပါက ရုတ်တရက် အင်ဂျင်စက်သေ သွားတတ်ပြီး ဒီဇယ်ကားတစ်စီး စက်ထိုး ရပ်သွားပါက မော်တာဆွဲ၍ စက်ပြန် နှိုးကြည့်၍မော်တာတစ်ချက် ဆွဲရုံဖြင့် စက်ပြန် မနှိုးနိုင်ပါကဘာကြောင့်ဖြစ်ရသည်ကို အပြစ်ရှာဖွေ စုံစမ်းစစ်ဆေးရမှာ ဖြစ်ပါတယ်။ လမ်းပေါ်တွင် ကားလိမ့် နေပါက အန္တရာယ် ကင်းသော လမ်းဘေး နေရာလွတ် တစ်ခုရှာပြီး ကား ရပ်နားရမည်။ ကားစက်ပျက်၍ ရပ်ထားကြောင်း လမ်းပေါ်မှ အခြား ကားဆရာများ မြင်သာအောင် အချက်ပြထားရမှာ ဖြစ်ပါတယ်။ ထိုမှာ အင်ဂျင်စက် ချွတ်ယွင်းမှုမှာ ဖြစ်ပေါ်လာသော ပြသနာများကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။

 

 

Credit; Original Writer

Read times
Rate this item
(1 Vote)