Tips



ကားသစ်တစ်စီး ၀ယ်ပြီဆို အကြာကြီး အစီးခံအောင် ဘယ်လိုလုပ်ကြမလဲ…?

ကားသစ်တစ်စီး ၀ယ်ပြီဆို အကြာကြီး အစီးခံအောင် ဘယ်လိုလုပ်ကြမလဲ…? google

ကားဝယ်ဖို့ စဉ်းစားဆုံးဖြတ်တဲ့ အခါမှာ ကိုယ်စိတ်ကြိုက်အဖြစ်ဆုံးကားကို ရွေးချယ်ဝယ်ယူကြပါတယ်။

 

ကားဝယ်ယူပြီးရင်တော့ ကိုယ်ရဲ့ကားကို သက်တမ်းရလာတာနှင့် အမျှ အသစ်အတိုင်းမဟုတ်ရင်တောင် အကောင်းဆုံးအနေအထားဖြစ်နေစေချင်တာ ကားပိုင်ရှင်တိုင်းရဲ့ ဆန္ဒပါ။ကိုယ်ရဲ့ကားတွေ တတ်နိုင်သမျှ အကောင်းဆုံးအနေအထားဖြစ်နေစေဖို့ ဆောင်ရွက်သင့်တဲ့ အချက်အချို့ကို ဝေမျှလိုက်ပါတယ်။

 

၁။ ကားသစ်တစ်စီးရဲ့ ပထမဆုံးမောင်းနှင်မယ့် မိုင် ၁၀၀၀ (၁၆၀၀ ကီလို)ဟာ တစ်နာရီ ၅၅ မိုင် (88kpm) အောက်မှာပဲရှိနေစေဖို့ တတ်နိုင်သမျှထိန်းသိမ်း မောင်းနှင်ပါ။

 

၂။ သင်တို့ရဲ့ကားတွေကို ဝန်အပိုတင်ခြင်း၊ ဝန်အလေးဆွဲခြင်း (အခြားကားတစ်စီးကို ကြိုးဖြင့်ဆွဲပေးခြင်း)၊ ကားခေါင်မိုးပေါ်မှာ ဆောက်လုပ်ရေးသုံး ပစ္စည်းတွေတင်ခြင်းတို့ကို ရှောင်ကြဉ်ပါ။

 

၃။ သင်တို့ရဲ့ကားကို အသုံးမပြုဘဲ အကြာကြီးရပ်မထားပါနဲ့၊ စက်ရပ်ထားတဲ့ အချိန်ကိုမဆိုထားနဲ့ ဘရိတ်နင်းတဲ့ အချိန်ပိုင်းလေးမှာတောင် အင်ဂျင်ရဲ့ အစိတ်အပိုင်းတော်တော်များများကို ဆီပို့လွှတ်တဲ့စနစ်တွေဟာ ဆီမရောက်ရှိနိုင်အောင် ရပ်တန့်ပစ်ပါတယ်။ ကားရဲ့ စက်ပိုင်းဆိုင်ရာတော်တော်များများဟာ လောင်စာဆီအသုံးပြုရတဲ့အတွက် ဆီဖြင့်အချိန်အကြာကြီး မထိတွေ့အောင် မပြုလုပ်သင့်ပါဘူး။

 

၎။ ကားစက်နှိုးပြီးပြီးချင်း အမြန်မောင်းနှင်ခြင်းကို ရှောင်ကြည်ပါ၊ စထွက်တဲ့ကားတစ်စီးဟာ တစ်မိနစ်ကို ဘီးအပတ်ရေ ၃၀၀၀ (3000 rpm) အောက်မှာပဲ ရှိသင့်ပါတယ်။ ဘီးအပတ်ရေ ၃၀၀၀ ဆိုတာ မြို့တွင်းမောင်းနှင်နေတဲ့ အရှိန်လောက်ကိုပဲ ဆိုလိုတာပါ။

 

ယခု ဝေမျှပေးခဲ့တဲ့ အချက်တွေက "ကားအသစ်တစ်စီး" ဆောင်ရွက်သင့်တဲ့ အချက်တွေပါ။

 

 

Credit; CG GPS Myanmar

Read times
Rate this item
(2 votes)