Tips



ဘက်ထရီပုံ သတိပေးမီးနီလေး လင်းလာလျှင် သိထားသင့်သည့် အချက်များ

ဘက်ထရီပုံ သတိပေးမီးနီလေး လင်းလာလျှင် သိထားသင့်သည့် အချက်များ google

ဘက်ထရီပုံ သတိပေးမီးအနီလေး လင်းလာသည်မှာ များသောအားဖြင့် တော့ ဒိုင်နမို(Alternator)မှ ကားဘက်ထရီအိုးသို့ ချာဂျင်အားမသွင်း ပေး၍ ဖြစ်ပါသည်။ ယင်းဘက်ထရီပုံ သတိပေးမီးနီလေး လင်းတတ်သည့် အချက်များမှာ

 

(၁) ဘက်ထရီ အားမဝင်တော့၍ လင်းခြင်း၊

(၂) ဒိုင်နမို ပန်ကာကြိုး ပြတ်၍ လင်းခြင်း၊

(၃) ရေထဲဖြတ်မောင်းချိန် ဝါယာရင်းပြစ်ချက်ကြောင့် လင်းခြင်း၊

(၄) သတိပေးအချက်ပြမီးကြိုး ချွတ်ယွင်းချက်ကြောင့် လင်းခြင်း တို့ဖြစ်ပါသည်။

 

(၁) ဘက်ထရီအား မဝင်တော့၍ လင်းခြင်း

ကားတစ်စီး မောင်းနှင်ရန်အတွက် အဓိကလိုအပ်ချက်များတွင် အင်ဂျင်စက်နိုး၍ အောက်ပိုင်းကောင်းမွန်ကာ ဘီးများ၊ ဘရိတ်များကောင်းမွန်ရုံ နှင့်မရသေးပါ။ အင်ဂျင်ကို ထောက်ပံပေးသောချောဆီ၊ လောင်စာဆီ၊ ရေအေးခံစနစ်သုံး Coolant နှင့် ရေတိုင်ကီပန်ကာများ ကောင်းမွန်ပြည့်စုံ ရန် လိုပါသေးသည်။ ယခုခေတ်သုံး ဓာတ်ဆီ EFI အင်ဂျင်များနှင့် ဒီဇယ် Common Rail အင်ဂျင်များတွင်ပါ အင်ဂျင်တစ်လုံး ပုံမှန်အလုပ် လုပ်နိုင် စေရန်အတွက် မရှိမဖြစ်လိုအပ်သောအရာမှာ ဘက်ထရီမှ ရယူသုံးစွဲသော လျှပ်စစ်အားသည် တစ်ခုအပါအဝင်ဖြစ်ပါသည်။

 

အင်ဂျင် စတင်နိုးရန်အတွက် စတတ်တာမိုတာလည်စေရန်၊ အင်ဂျင် မှ ဆင်ဆာများ အလုပ်လုပ်စေရန်၊ လောင်စာဆီ ပေးပို့ထိုးသွင်းစေရန်နှင့် အင်ဂျင်ခန်း မီးလောင်ပေါက်ကွဲစေရန်အတွက် ပလပ်ကွိုင်(Ignition Coil) များမှ မီးထွက်စေရန်အတွက်ကိုပါ ဘက်ထရီမှ ထောက်ပံ့ပေးပါသည်။ ထိုကဲ့သို့ ဘက်ထရီမှ ရယူသုံးစွဲသောဓာတ်အားများ ကုန်ဆုံးမသွားစေရန် အတွက် ဒိုင်နမိုမှ ဘက်ထရီအိုးသို့ အားပြန်သွင်းပေးခြင်းဖြင့် အင်ဂျင် ပုံမှန်လည်နေစေရန် အဲကွန်းပန်ကာများမှ ကားအတွင်းသို့ လေအေးများ မှုတ်သွင်းပေးခြင်းတို့နှင့် ကား၏ အခြားထိန်းချုပ်စနစ်များ ပုံမှန် အလုပ် လုပ်စေရန် ကူညီပေးပါသည်။

 

ကားတစ်စီးလုံး ပုံမှန်လုပ်ငန်းများ လုပ်ဆောင်နိုင်စေရန် ဘက်ထရီ အိုးသို့ ပုံမှန်အားသွင်းပေးနေသော ဒိုင်နမိုမှ ဓာတ်အားများသည် ဘက် ထရီသို့ အားပုံမှန်မရောက်သောအခါ ဘက်ထရီပုံ အချက်ပြမီးလေးလင်း လာကာ သတိပေးပါသည်။ ထိုကဲ့သို့ ဘက်ထရီပုံအချက်ပြမီးလေး လင်း လာပါက အဲကွန်းပိတ်ကာ အနီးဆုံး ကားဆားဗစ်သို့သွားရောက် စစ်ဆေး ရမည်ဖြစ်ပါသည်။

 

ဒိုင်နမိုမှ ချာဂျင်မသွင်းပေး၍လင်းသောမီးကို မစစ်ကြည့်ဘဲ ဆက်၍ မောင်းနှင်ပါက ဘက်ထရီအိုးအတွင်းရှိ ဓာတ်အားများ ကုန်ဆုံးသော အခါတွင် ကားအင်ဂျင် မလည်ပတ်နိုင်တော့သဖြင့် ထိုးရပ်ပါတော့သည်။ ထိုကဲ့သို့ဖြစ်ပါက စတတ်မိုတာလည်း အလုပ်မလုပ်နိုင်တော့ပါ။ အထက်ပါ ကဲ့သို့ ဒိုင်နမိုအားမဝင်၍ ဘက်ထရီပုံ သတိပေးမီးနီလေး လင်းလာကာ ထိုးရပ်ခဲ့လည်း ထောက်နှိုးလျှင် နှိုး၍ရသော်ငြား ဘက်ထရီအားမရှိ၍ မောင်း၍မရပါ။ ကားကို ဆားဗစ်သို့ မောင်းယူရန်အတွက် အခြားကား တစ်စီးဖြင့် ဘက်ထရီကြိုးထောက်ကာ အားသွင်းခြင်း၊ အားရှိသော ဘက် ထရီအိုးတစ်လုံးဖြင့် ကားအိုးနေရာတွင် အစားထိုးတပ်ဆင်ကာ မောင်း နှင်နိုင်ပါသည်။ ထိုသို့မောင်းနှင်ချိန်တွင် အဲကွန်း၊ ရှေ့မီးကြီးမသုံးရပါ။ သုံးပါက ဘက်ထရီအား အကုန်မြန်ပြီး ဆားဗစ်မရောက်ခင် လမ်းတွင် ထပ်မံထိုးရပ်ခြင်း ဖြစ်နိုင်ပါသည်။

 

မိုဒယ်မြင့်ကားများ ဘက်ထရီအိုးလဲချိန်တွင် Backup ဆွဲထားရပါ မည်။ ဘက်ထရီအိုးလဲပြီး စက်ပြန်နှိုးချိန်တွင် အင်ဂျင်စက်ကို သော့ဖွင့်ကာ တန်းမနိုးရပါ။ ထိုသို့ နိုးပါက ကားတီဗီနှင့် ဘက် ကင်မရာ၊ ပါဝါဝင်းဒိုးများ ပါဝါကျသွားတတ်ပါသည်။ ထိုသို့ မဖြစ်စေရန်အတွက် ဘက်ထရီအိုး လဲထည့်ပြီးချိန်တွင် သော့ဖွင့်ကာ On တွင်ထား၍ တီဗီပုံမှန်အလုပ်လုပ်ပြီး ချိန်အထိ ခေတ္တစောင့်ဆိုင်းပြီးမှသာ စက်နှိုးရမည်ဖြစ်ပါသည်။

 

ဘက်ထရီပုံ သတိပေးမီးနီလေးလင်းလာပါက မဖြစ် မနေ ကားဆားဗစ်ဖြစ်စေ၊ ဒိုင်နမိုမိုတာဝါယာရင်း ဆိုင်တွင် ဖြစ်စေ စစ်ဆေးရမည်ဖြစ်ပြီး အချက်ပြမီး လင်းနေလျက်နှင့် ဆက်လက်မောင်းနှင်ပါက လမ်းခရီးတွင် ထိုးရပ်မည်မှာ သေချာပေါက် ဖြစ်ပါသည်။ ထိုသို့ ထိုးရပ်ချိန်တွင် ညအချိန်ဖြစ်ခြင်း၊ လူပြတ်သောနေရာနှင့် နေ့လယ်ခင်း နေအပူရှိန်ပြင်းသော နေရာများတွင်ဖြစ်ခဲ့ပါက အခက်အခဲ ဖြစ်နိုင်ပါသည်။

 

(၂) ဒိုင်နမိုပန်ကာကြိုးပြတ်၍ လင်းခြင်း

ဒိုင်နမို ပန်ကာကြိုးပြတ်လျှင်လည်း ဒိုင်နမိုမလည်နိုင်တော့သဖြင့် ဘက်ထရီအား မဝင်တော့ပါ။ ထို့ကြောင့် ဘက်ထရီပုံ အချက်ပြမီးနီလေး လင်းလာကာ သတိပေးပါသည်။ ထိုအချိန်တွင် ဆက်မောင်းပါက ဒိုင် နမိုနှင့် ရေလည်အုံကို ပန်ကာကြိုးတစ်ချောင်းတည်း ဆက်သွယ်ထားသော အင်ဂျင်မျိုးဖြစ်လျှင် အင်ဂျင်ရေဆူတတ်ပါသည်။ ထိုကဲ့သို့ ပန်ကာကြိုး ပြတ်ပါက ဘက်ထရီအား မကုန်တတ်သေးဘဲ စက်နှိုး၍ရပါသည်။ ဘက် ထရီအား ကုန်သွားခဲ့ပါက ဘက်ထရီအိုးလဲ၍လည်း ဆက်မောင်းကာ ကားဆားဗစ်သို့ ယူသွားရန်မသင့်ပါ။ ဆက်မောင်းသွားလျှင် ရေလည်အုံ မလည်ပါက အထက်တွင် ဖော်ပြသကဲ့သို့ ရေဆူပါမည်။ ဖြစ်နိုင်ပါက ပန်ကာကြိုးပြတ်သောနေရာတွင် လဲ၍ရလျှင် အကောင်းဆုံးဖြစ်ပြီး မရ လျှင် ကားဆွဲကာ ဆားဗစ်သို့ ယူသွားရမည်ဖြစ်သည်။ ရေဆူနေလျက်နှင့် ဆက်မောင်းပါက အင်ဂျင်ဟက်များ၊ ပစ္စတင်ရင်းများ ပျက်စီးကာ အင် ဂျင်တစ်လုံးလုံးချ၍ ပြန်ပြင်ရသည့်ကိန်း ဆိုက်တတ်ပါသည်။

 

ထို့ကြောင့် ခရီးထွက်မည်ဆိုပါက မိမိတို့ ပန်ကာကြိုးနံပါတ်တူများကို တစ်စုံစာ ဆောင်ထားသင့်ပါ၏။ ပန်ကာကြိုးသည် အသစ်ဖြစ်ပါစေ၊ အမှိုက်၊ အဝတ်စ အရာဝတ္ဃုတစ်ခုခု ပန်ကာကြိုးကြား ဝင်သွားပါက ပန်ကာကြိုး ပြတ်တတ်ပါသည်။ ပန်ကာကြိုး တစ်ချောင်းတည်းပါပါက နံပါတ်တူ တစ်ချောင်းသာ ဆောင်ထားရန်လိုမည်ဖြစ်ပါသည်။

 

(၃) ရေထဲဖြတ်မောင်းချိန် ဝါယာရင်းပြစ်ချက်ကြောင့် လင်းခြင်း

ရန်ကုန်မြို့တွင်း လမ်းများပေါ်တွင် ရေကြီးသောအခါနှင့် ရေကြီး သောဒေသများတွင် ရေထဲကားဖြတ်မောင်းချိန်၌ ဘက်ထရီပုံ သတိ ပေးမီးနီလေး လင်းတတ်ပါသည်။ အများအားဖြင့် Alphard နှင့် Honda Fit ကားများတွင် အများဆုံးဖြစ်တတ်ပါသည်။ ထိုကားများ၏ ဒိုင်နမို အတွင်းသို့ ပန်ကာကြိုးမှတစ်ဆင့် ရေစင်သောအခါ ဒိုင်နမိုမှ ဘက် ထရီအား သွင်းပေးခြင်းကို ခေတ္တဖြတ်တောက်သည့်အတွက် ဘက်ထရီ သတိပေးမီးနီလေး လင်းလာပါသည်။ ရေခြောက်သောနေရာသို့ ရောက် သောအခါ ဒိုင်နမိုမှ အားပြန်သွင်းပေးသောကြောင့် မီးပြန်မှိတ်သွားတတ်ပြီး ပုံမှန်အတိုင်း ဆက်မောင်း၍ရပါသည်။ ရေထဲဖြတ်ချိန်တွင် အဲကွန်း ပိတ်၍ ဖြတ်မောင်းခြင်းက အကောင်းဆုံးဖြစ်ပါသည်။ ဒိုင်နမိုချာဂျင် မဝင်ချိန်တွင် အင်ဂျင်စလိုး(Idle Speed Control) ၌ အပတ်ရေ ထိုးကျ တတ်၍ အဲကွန်းဖွင့်မောင်းပါက ရေထဲတွင် အခန့်မသင့်လျှင် စက်ရပ် တတ်ပါသည်။ ဤအချက်ကြောင့် ဘက်ထရီပုံ သတိပေးမီးနီလေး လင်း လာပါက ဆက်မောင်း၍ ရပါသည်။ ရေခြောက်သောနေရာတွင် မီး အလိုလို ပြန်ငြိမ်းကာ ဒိုင်နမိုမှ အားပြန်သွင်းပေးမည်ဖြစ်သောကြောင့် ကား ဆားဗစ်သို့ သွားရောက် ပြသစစ်ဆေးရန် မလိုအပ်ပါ။

 

(၄) သတိပေးအချက်ပြ မီးကြိုးချွတ်ယွင်းချက်ကြောင့် လင်းခြင်း

ဤအချက်တွင် ဘက်ထရီပုံ သတိပေးမီးနီလေးလင်းစေရန် အလုပ် လုပ်ဆောင်ပေးသော မီးကြိုးသည် အကြောင်းအချင်း တစ်စုံတစ်ရာ ကြောင့် ဝါယာရှော့ခ်ဖြစ်ချိန်တွင် လည်းကောင်း၊ ထိုကြိုးများ၏ ဃသညညန-ခအနမ များထဲသို့ ရေဝင်လျှင် သော်လည်းကောင်း အဆိုပါ ဘက်ထရီပုံ မီးနီလေး လင်းလာတတ်ပါသည်။ သတိပေးမီး လင်းနေပါသော်လည်း ဘက်ထရီအား ဝင်နေသောကြောင့် ကားဆားဗစ်သို့ရောက်အောင် ဆက် လက်မောင်းနှင်၍ ရပါသည်။ သို့သော် ကားဆားဗစ်သို့ မဖြစ်မနေပြသ စစ်ဆေးကာ ပြုပြင်ရမည်ဖြစ်ပါ၏။

 

အထက်ဖော်ပြပါ အချက်လေးချက်တွင် နံပါတ်သုံးအချက်မှလွဲ၍ ကျန်အချက်များမှာ ကားဆားဗစ်များ၌ စစ်ဆေးပြုပြင်ပြီးမှသာ ဆက်လက်မောင်းနှင်ရမည်ဖြစ်ပါကြောင်း ရေးသားအသိပေးအပ်ပါသည်။

 

 

Credit; Automobile Journal

Read times
Rate this item
(1 Vote)