Tips



ဧရာဝတီတိုင်းသားတို့အတွက် အမှတ်ရစရာဖြစ်ခဲ့တဲ့ သီတင်းကျွတ်အိမ်အပြန်

ဧရာဝတီတိုင်းသားတို့အတွက် အမှတ်ရစရာဖြစ်ခဲ့တဲ့ သီတင်းကျွတ်အိမ်အပြန် facebook

၁။ သီတင်းကျွတ်ညလေးတစ်ညပြန်လည်ကာ အမှတ်ရမိပါတယ်။ ကားလေးတွေတန်းလို့ ပျော်ပါတယ် ထန်းတစ်ပင်မီးထွန်းပွဲတော်မယ်

၂။ ဧရာဝတီသားတို့အိမ်အပြန်မှာ ကောက်ရိုးတစ်မျှင်အားထားစရာထက်ပိုခဲ့တဲ့ Omini Focus

 

မတတ်နိုင်ဘူးရင်ထဲက ………… ကြိတ်ကြည်ငြိုပြီးသားကိုး

 

ကျွန်တော်က ရန်ကုန်သားပါ။ ဓနုဖြူသူနဲ့အိမ်ထောင်ကျတော့ ဆံထုံးနောက်ယောင်ပါရတယ်ပေါ့။ သီတင်းကျွတ် ပိတ်ရက် ကျိုက်ကလွန်းဗွန်းဘုရားပွဲသွားမယ်လို့ ကျွန်တော်ရဲ့အိမ်ထောင်ရှင်မက တစ်ချက်လွှတ်မိန့်တယ်။ ဒါနဲ့ ၁၁ ရက်နေ့ မနက် ၈ နာရီထအိမ်ကထွက်ပေါ့။ ကိုယ်နေတာက သာကေတဆိုတော့ အားကိုးရာပြေးမြင်မိတာက YBS ၈၅ ။ ကားပေါ်ရောက်တာနဲ့ ကိုယ်လည်းလည်သလိုပတ်သလိုနဲ့ ယာဉ်မောင်းကိုအားကိုးတစ်ကြီးမေးမိတာက အကိုအဝေးပြေးရောက်ပါတယ်နော်ပေါ့။ အကျီ င်္အဖြူလည်ကတုံးဝတ် (ကိုယ်ထက်တောင်သန့်တဲ့) ဆရာသမားက ပြုံးပြုံးကြီးကြီးကြည့်ပြီး တစ်ချက်တည်းပြန်မိန့်တာက ကားပိတ်ရင်မရောက်ဘူး။ တကယ့်ကိုတစ်ခွန်းတည်းပါပဲ။ ကိုယ်လည်းအရင်အခေါက်တွေကားလမ်းမပိတ်လည်း ဆီဖြည့်စရာရှိတယ်၊ BOC မှာဆင်းတို့ ၊မီးခွက်ဈေးမှာဆင်းတို့ ဆိုတာတွေကိုကြုံဖူးထားတော့ မတတ်နိုင်ဘူး ရင်ထဲကကြိတ်ကြည်ငြိုပြီးသားကိုး လို့ကော်နီရဲ့ဆေးသီချင်းကို ခပ်တိုးတိုးပဲညဉ်းမိပါတယ်။

 

85.jpg

 

အရည်ကြိုနဲ့ ဇုန်ထုတ် မင်းဘာကိုရွေးမလဲ

 

စီးတဲ့ကားက အိမ်တို(တာဘိုကတုံး) စထွက်ကတည်းက လူထိုင်ခုံတောင်မပြည့်ပဲ ငယ်သံပါချင်နေပြီ။ ဘေးက မီးမကိုကြည့်ပြီး နောက်ကားစီးမလားပေါ့။ အိမ်ရှင်သခင်မက No ပါဆိုတော့ အင်းပေါ့။ ကားကကျပ်၊ လူကများများနဲ့ လှိုင်သာယာအ၀င်ရောက်တဲ့အထိ စိတ်ညစ်လာရပေမယ့် လှိုင်သာယာအထဲရောက်တော့ ကားချောင်လို့ဟူးတော် ပါသေးတယ်ရှိသေး နောက်ကနေ “အကို၊ အကို”ဆိုတဲ့ မိန်းကလေးအသံက ကမ္ဘာပျက်သွားစေခဲ့ပါတယ်။ ညီမတို့ကို မီးခွက်ဈေးရောက်ရင်ပြောပါတဲ့။ အဲ့တာများစကားတစ်လုံးနဲ့တစ်လုံးကို အဲလောက်ခွာပြောနေရသေးလားလို့ ခပ်ပြတ်ပြတ်ပဲပြောမိပါတယ်။ ဟုတ်တယ်လေ ။ ဒီကဘေးက အိမ်ကြီးရှင်မက ကိုယ့်ကိုဗျင်းချင်နေပြီလေ။ ဘာလဲ ဆိုတဲ့အနေအထားနဲပေါ့။ ပြောသာပြောရတယ်။ နောက်ကကောင်မလေးကလည်း ကားလောကစကားအရဆို ဇုန်ထုတ်လေးဆိုတော့ မဆိုးဘူးပေါ့။ ဘေးကအရည်ကြိုကတော့ စလစ်လည်းထုတ်မရလို့ ပြန်လည်းအပ်မရတော့ အလကားပါဗျာလို့ ……… ပြောရဲမယ်များထင်သလား ……..။

 

ဆိုင်ကယ် (ကယ်ရီ)နဲ့လက်ဝါးရိုက်ထားသလား ကားဆရာရယ်

 

ကဲထားဗျာ။ ကိုယ်လည်းသေချာမသိတော့ ကားဆရာမေးပေါ့။ မီးခွက်ဈေးရောက်တော့ နောက်က,ကလေးမလေးကို ရောက်ပြီဆိုပြီး ကားဆရာကလည်း နောက်ကိုကြည့်လို့ အလွန်တည်ကြည်တဲ့အသံနဲ့ပြောလိုက်ပါတယ်။ တစ်ဆက်တည်းဆိုသလိုပဲ အားလုံးပဲဂိတ် ဆုံးပါပြီ၊ ဒီကနေဆက်သွားလို့မရတော့ပါဘူး၊ ကားလမ်းတွေအရမ်းပိတ် နေလို့ ဆိုင်ကယ် (ကယ်ရီ) နဲ့ပဲသွားကြပါဆိုတာကိုလွှမ်းပိုင်ထက်မြန်တဲ့ ရွတ်နှုန်းနဲ့ပြောချလိုက်ရုံရှိသေး အလွန်တစ်ရာအားကိုးဖွယ်ကောင်းလှတဲ့ ဆိုင်ကယ်သမားတွေက ရွာကကိုယ့်အမျိုးတွေကို လာကြိုတဲ့အလားအထုပ် ပြေးဆွဲလို့ဆွဲ၊ ၂ ယောက်ဆိုရင်တော့ ၂ စီးငှားမှရမယ်နော်။ ဟိုကောင်မင်းလိုက်သွားလိုက်၊ ငါနောက်တစ်ခေါက်ဆို တဲ့ပုံစံနဲ့ ချက်ခြင်းဆိုသလို အကွက်ချလိုက်ပါတယ်။ ဒီလိုတော့ဘယ်ရမလဲ။ ကိုယ်လည်းအချဉ်မှမဟုတ်တာ။ ရတယ် ကားပဲစောင့်မယ်၊ ကျပ်ချင်ကျပ်၊ ကြာချင်ကြာပေါ့။

 

ဧရာစတီသားတို့အိမ်အပြန်မှာ ကောက်ရိုးတစ်မျှင်အားထားစရာထက်ပိုခဲ့တဲ့ Omini Focus

 

ဟုတ်တယ်ဗျ။ နေ့ခင်း ၁၁ နာရီဆိုတဲ့အပူအောက်မှာ နီနီရဲကြီးတစ်ကောင်ကျုပ်တို့နားကိုရောက်လာတယ်။ ပိုပူမယ် လို့ထင်ထားပေမယ့် အလွန်ကိုပဲကျုပ်တို့ရဲ့စိတ်ကိုငြိမ်းချမ်းသွားစေခဲ့တယ်။ ဟုတ်ပါတယ်။ Omini Foucs YBS ကြီးပါ။ အကိုအဝေးပြေးပဲ မေးရသေးတယ်။ တက်ညီလေးအကိုတို့ကအဲ့ကို မဖြစ်မနေသွားရမှာဆိုပြီး အေးအေးဆေး ဆေးပြန်ပြောလို့ အော်ဘာပဲဖြစ်ဖြစ် ဧရာဝတီနဲ့မကင်းနိုင်သေးတဲ့ငါတို့လို လူတွေအတွက်တော့ Omini Focus YBS ကအားထားရာကောက်ရိုးတစ်မျှင်ထက်တောင် ပိုနေပါပြီလို့ချက်ခြင်းဆိုသလိုပဲ မှတ်ချက်ချလိုက်မိပါတယ်။

အဲဒါနဲ့ပဲ Omini Focus ရဲ့သက်ဆိုင်ရာ page ထဲကိုဝင်ကြည့်တော့ ဘယ်အချိန်နောက်ဆုံးထွက်ကားရှိတယ်။ ဘယ်ကားတွေကတော့ ၂၄ နာရီပြေးဆွဲပေးနေတယ်ဆိုတယ်၊ ဘယ်ကားဘယ်မှာဘာဖြစ်နေတယ်ဆိုတာကို ချက်ခြင်းသိရှိဖို့ control center ကနေကြည့်ရှုထိန်းချုပ်ပေးနေတယ်ဆိုတာတွေကိုသိခဲ့ရလို့ တော်တော်လေးကို ကြည်ငြိုအားကိုးမိတာအမှန်ပါပဲ။

 

82.jpg

 

အဝေးပြေးကွင်းမှာတစ်ရေးတစ်မောနားမယ်

 

လှိုင်သယာအဝေးပြေးကွင်းရောက်တော့ ၁၂ နာရီထိုးပါပြီ။ ကားလက်မှတ်ဝယ်ဖို့နေနေသာသာ ပြန်မယ့်ခရီးသည် တွေသာမက ကြားကားဆရာတွေပါခြေချင်းလိမ်နေလို့ စားသောက်ဆိုင်မှာခုံတောင်မနည်းဦးထားရပါတယ်။ လက်မှတ်ကတော့ မရနိုင်ဘူးဆိုတာ သိပြီးသား။ ဒီတော့လိုင်းဝင်ရမယ်၊ ဂါရမယ်ပေါ့။ သိပြီးသားပါ။ အရေးကြီးတာ လက်မှတ်ရဖို့လေ။ ကံကောင်းချင်တော့ ပုံမှန်ထက် ၂ ဆလောက်နဲ့ပဲ ၁ နာရီခွဲကားလက်မှတ်ရပါတယ်။ ကလေးပါ တော့အေးအေးဆေးဆေးထမင်းစား၊ အအေးသောက်စောင့်မယ်ပေါ့။ ၂ နာရီထိုးတော့ လက်မှတ်ရောင်းတဲ့ ဦးလေးကြီးကလာတောင်းပန်ပါတယ်။ ကားကနည်းပညာနားရောက်နေပြီး အရမ်းလမ်းပိတ်နေလို့ပါပေါ့။ ရပါတယ်။ ဒီလောက်တော့ ကိုလည်းနားလည်နိုင်ပါတယ်ပေါ့။ အေးဆေးပါ။ ၃ နာရီ။ နည်းနည်းတော့များပြီ။ ၄ နာရီထိုးတော့ မီးမကသွားမေးတယ်။ အဖြေကတူတူပါပဲ။ နောက်ဆုံးတော့ ၅ နာရီခွဲမှာ ကားဝင်လာပါတယ်။ တော်သေးတာပေါ့။ မဟုတ်ရင်တော့ စားသောက်ဆိုင်ကလူတွေနဲ့တောင် အမျိုးတွေဖြစ်တော့မယ်။ ညီလေးဆေးလိပ်ယူသောက်လေ၊ အကိုလည်း လက်ဘရည်သောက်ပါဦးလားဖြစ်နေပြီ။ ဘာပဲဖြစ်ဖြစ်ပါ။ ၆ နာရီထွက်မယ်ဆိုရင် ၃နာရီကြာ၊ ၉ နာရီလောက်တော့ ဓနုဖြူရောက်မယ်ဆိုပြီး လာကြိုဖို့ဖုန်းတောင်ကြိုဆက်ထားလိုက်ပါတယ်။

 

 hlaing_thar_yarr.jpg

 

တစ်ညအိပ်ခရီးစပြီ

 

ဓနုဖြူလို မိုင် ၇၀ စွန်းစွန်းခရီးကို တစ်ညအိပ်လောက်မောင်းရမယ်လို့ ဘယ်သူထင်မှာလဲ။ ဟုတ်တယ်ဟုတ် …..။ တစ်နာရီကိုမိုင် ၂၀ နှုန်းထက်ပိုမမောင်းရ ဆိုတဲ့မြို့တွင်းကားတွေနဲ့နှိုင်းယှဉ်တွက်ချက်ရင်တောင် အများဆုံး ၃ နာရီပေါ့။ ဒါပေမယ့် ပေါ့လေ ……။ လှိုင်သာယာ တိုးဂိတ်ကို အဝေးပြေးကနေ တစ်နာရီလောက်မောင်းရမယ်လို့ ဘယ်သူထင်ထားမှာလဲ။ ဟုတ်ပါတယ်။ ကျွန်တော်တို့လို ဧရာဝတီနဲ့မကင်းနိုင်သူတွေ အသစ်အဆန်း ကြုံတွေခဲ့ ရပါတယ်။ ၁၉မိုင် ၄ ဖာလုံ လောက်ကို ၄ နာရီလောက်အထိ ကားကျပ်ပြီးတစ်ရွေ့ရွေ့နဲ့မောင်းခဲ့ရပါတယ်။

 

hta_ta_pin.jpg

 

ထန်းတစ်ပင်သူ၊သားတွေကြောင့် အစစအရာရာအဆင်ပြေခဲ့တယ်လေ

 

ယာဉ်ကြောကျပ်၊ ကားကြာလို့အပေါ့အပါး၊ မူးမောတတ်လား၊ ရေသန့်ဘူးအဆင့်သင့်မပါလာဘူးလား။ မစိုးရိမ်ကြပါနဲ့။ ဒစ်ဂျစ်တယ်ခေတ်မှာ လမ်းဘေးဈေးဆိုင်တည်တဲ့အထဲ ထန်းတစ်ပင်သူ၊သားတွေအမြန်ဆုံးလို့တောင် ထင်ရပါတယ်။ အိမ်ရှေ့ကားလမ်းဘေးတွေမှာ ရေသန့်ဘူး၊ ကွမ်းယာ၊ အမျိုးသမီးတွေအတွက် အပေါ့အပါး အိမ်ထဲသွား၊ တစ်ခုတော့ ၀ယ်ပေါ့နော်။ အလိုက်သိရမယ်လေ။ အရမ်းကိုရိုင်းပင်းကူညီကြပါတယ်။

 

night.jpg

 

ဒီလိုမျိုးဖော်ရွေပျူငှာတဲ့ ကားသမားနဲ့ဆိုအစစအရာရာအိုကေပြီလေ

 

ယာဉ်မောင်းက စိတ်ရှည်ပါတယ်။ တစ်လှိမ့်ချင်းလှိမ့်နေရလို့ စိတ်မညစ်ပါဘူး။ အိမ်တစ်အိမ်ဝင်လိုက်၊ တစ်ယောက်နဲ့ ဟီးဟားလုပ်လိုက်၊ အပေါ့အပါးသွားလိုက်နဲ့ အဆင်တွေပြေလို့။ သူ့အမျိုးတွေအလားတောင် အထင်မှားရပါတယ်။ ကားပေါ်ကလူတွေပျင်းမှာစိုးလို့ ဖွင့်ပေးထားတဲ့သီချင်းကလည်း တော်တော်ကောင်းပါတယ်။ Repeat တောင်တင် ထားပေးပါတယ်။ ဘာတဲ့ စိုင်းစိုင်းမော့ရဲ့ မူဆယ်နမ့်ခမ်းလမ်းတဲ့။

 

မူဆယ်နမ့်ခမ်းလမ်းကိုတောင် သတိရသွားစေမယ့် ရန်ကုန် - ပုသိမ်လမ်း

 

ဓနုဖြူရောက်တဲ့အထိ နားထဲဆွဲနေတုန်း။ မိုင် ၁၀၀ ကျော်သာရှိတဲ့ခရီးရဲ့အတိုင်းအထွာ တစ်နေကုန်အောင် မောင်းရတာ။ လမ်းတွေကဆိုးဆိုး၊ ချိုင်တွေကပေါပေါ၊ ကနေရောက်နိုင်မလား၊ မနက်ဖြန်ရောက်နိုင်မလား၊ မခန့်မှန်းနိုင်။ စာသားတွေတောင်အလွတ်ရခဲ့ပါတယ်။ ဒါပေမယ့် သူအဲ့ဒီသီချင်းဆိုလို့ မူဆယ်နမ့်ခမ်းလမ်း ကောင်းသွားတယ်လို့ အင်တာဗျူးတစ်ပုဒ်ကို youtube မှာတွေ့ခဲ့ရလို့ ကျွန်တော်တို့ ရန်ကုန် - ပုသိမ်လမ်း အတွက်လည်း ဧရာဝတီသားတစ်ယောက်လောက် တစ်ပုဒ်လောက်ဖြစ်ဖြစ် ဆိုပေးကြပါလို့ …………..

 

အော်ဒါနဲ့ ဓနုဖြူကို ည ၁ နာရီရောက်ခဲ့တယ်လို့။ အမျိုးတွေရော ဘယ်အချိန်ထွက်ပြီး ဘယ်အချိန်တွေရောက်ခဲ့လဲ ဆိုတာပြောသွားပေးဦးနော် ………။

 

YGN-PT_road.jpg

 

 

Myanmar Automobile Equipment Directory

Read times
Rate this item
(4 votes)