Tips



ကားအင်ဂျင်ဝိုင်နဲ့ပတ်သက်ပြီးမေးစရာမေးခွန်း (၄) ခု

ကားအင်ဂျင်ဝိုင်နဲ့ပတ်သက်ပြီးမေးစရာမေးခွန်း (၄) ခု google

ကားအင်ဂျင်ဝိုင်နဲ့ပတ်သက်ပြီးမေးစရာမေးခွန်း (၄)ခု ရှိပါတယ်။

 

၁။ ဘယ်အချိန်မှာကားအင်ဂျင်ဝိုင်ကိုလဲလှယ်ရမလဲ?

ကားတစ်စီးနဲ့တစ်စီး၊ မော်ဒယ်တစ်ခုနဲ့တစ်ခု၊ ထုတ်လုပ်တဲ့ခုနှစ်တွေစတဲ့အချက်တွေပေါ်မူတည်ပြီး အင်ဂျင်ဝိုင်လဲလှယ်ရမယ့်အချိန်ကာလကွဲပြားပါတယ်။ အခုနောက်ပိုင်းကားတွေမှာအင်ဂျင်ဝိုင်လဲလှယ်ရမယ့် ကာလကို အလိုအလျောက် အချက်ပေးတဲ့စနစ်တွေပါဝင်လာပါတယ်။

 

 

၂။ အင်ဂျင်ဝိုင် Level ကို ဘယ်အချိန်တွေမှာစစ်ဆေးရမလဲ?

အကြံပြုချင်တာကတော့ တစ်လတစ်ခေါက်အနည်းဆုံး အင်ဂျင်ဝိုင် Level ကို စစ်ဆေး ပေးစေချင်ပါတယ်။ မနက်စောစော ကားအင်ဂျင်လုံးဝမနှိုးရသေးတဲ့အချိန် ကားစက်ဖုံးကိုဖွင့်ပြီးတော့ အင်ဂျင်ဝိုင်တုတ်တိုင်ကိုထုတ်ကာ အင်ဂျင်ဝိုင်ပမာဏကိုစစ်ဆေးနိုင်ပါတယ်။ အင်ဂျင်ဝိုင်ပမာဏဟာ အနည်းဆုံးနဲ့အများဆုံးအမှတ် ၂မှတ်ရဲ့ကြားထဲမှာရှိနေဖို့လိုပါတယ်။ နည်းနေရင်ထပ်ဖြည့်ပေးရမှာဖြစ်ပြီး များနေရင်တော့ကားဝပ်ရှော့မှာစက်ပြင်တွေနဲ့တိုင်ပင် ဆွေးနွေးသင့်ပါတယ်။

 

>>>Lubricants အင်ဂျင်ဝိုင်အတွက် ဆိုင်ပေါင်း ၄၇၇ ဆိုင်ကိုရှာရန်နှိပ်ပါ။<<<

 

၃။ ဘယ်အင်ဂျင်ဝိုင်ကိုရွေးချယ်ရမလဲ?

မိမိအသုံးပြုတဲ့ ကားမော်ဒယ်ပေါ်မူတည်ပြီး သုံးသင့်တဲ့အင်ဂျင်ဝိုင်များစွာကွဲပြားပါတယ်။ အခုနောက်ပိုင်း ကားအင်ဂျင်ဝိုင်အမျိုးအစားတွေကလည်း များစွာရှိလို့ ရွေးချယ်ရတာခေါင်းကိုက်နေရင် စက်ပြင်တွေရဲ့အကြံဥာဏ်တွေရယူပါ။ ယေဘုယျအားဖြင့်တော့ ဆီသား ပါးပြီးပျစ်ချွဲမှုကောင်းတဲ့ Multi-grade Engine Oils တွေကို ရွေးချယ်သင့်ပါတယ်။

 

 

၎။ ဈေးကြီးတိုင်းကောင်းလား?

ဈေးကွက်ထဲမှာဈေးပေါတဲ့အင်ဂျင်ဝိုင်တွေရှိသလိုဈေးကြီးတဲ့အင်ဂျင်ဝိုင်တွေလည်းရှိပါတယ်။ သူ့ဟာနဲ့သူ သင့်တော်ရာကားတိုင်းမှာ အသုံးပြုသင့်ပါတယ်။ ဥပမာ- Fully-synthetic Engine Oils တွေက ဈေးကြီးသလို ကားအင်ဂျင်ကိုလည်း အခြားသောအင်ဂျင်ဝိုင်တွေထက်ပိုပြီးကာကွယ်ပေးပါတယ်။

 

 

Credit; Original Writer

Read times
Rate this item
(4 votes)