Tips



ကားဘက်ထရီခေါင်း ဖြုတ်မိ၍ ကြုံတွေ့ရသော ပါဝါဝင်းဒိုး ပြဿနာ

ကားဘက်ထရီခေါင်း ဖြုတ်မိ၍ ကြုံတွေ့ရသော ပါဝါဝင်းဒိုး ပြဿနာ google

ကားဘက်ထရီခေါင်းဖြုတ်မိသောအခါ၊ ယာဉ်မောင်းသူ တံခါးပေါက်ရှိ ပါဝါဝင်းဒိုး မိန်း ခလုတ်မှ ယာဉ်မောင်းဘက် တံခါးမှန်မှလွဲ၍ ကျန်တံခါးပေါက် ၃ခုမှ မှန်များအား ယာဉ်မောင်းသူမှ အတင်အချ ပြုလုပ်၍ မရတော့ပါ။

 

ကျန်တံခါးပေါက် ၁ခုချင်းဆီမှသာ အတင်အချ ပြုလုပ်နိုင်တော့ခြင်း မျိုးဖြစ်တတ်ပါသည်။ ဒီအချိန်မှာ မှန်အတင်အချ ခလုတ်မှာပါသော မီးအစိမ်းလေးမှာ မှိတ်တုတ်မှိတ်တုတ်သာ လင်းနေပါမယ်။ ခုလိုဖြစ်နေရင် ဝါယာရိန်းဆိုင်သို့ ပြေးစရာမလိုဘဲ ကိုယ်တိုင်အလွယ်တကူ ဖြေရှင်းနိုင်ပါတယ်။

 

ကျနော်တို့အခေါ် အဝေါ် ဆက်တင်ပြန်ချိန်ရမယ်တို့ ဆော့ဝဲလ်သွင်းရမယ်ဆိုပီး လူရှိန်အောင် ပြောရတာ ပေါ့ဗျာ။ ဒါမှ ပိုက်ဆံ ပေးရမယ်သူလည်း ပျော်ပျော်ကြီး ပေးမှာလေ။

 

ဘယ်လိုလုပ်ရမလဲ ?

 

ကားစက်နိုးထားပါ၊ ယာဉ်မောင်းသူမှ မှန်အတင်အချ ပြုလုပ်မရသော တံခါးပေါက် ၁ခုမှ မှန်အတင်အချခလုတ်ကို နှိပ်၍ မှန်ကို အဆုံးထိတင်ပါ။ အဆုံးထိ ရောက်သွားပါက ခလုတ်ကို မလွှတ်သေးဘဲ ၃ စက္ကန့် လောက် ဆက် ' မ ' ထားပေးပါ။ ပြီးနောက် မှန်ကို အဆုံးထိချပါ။ အဆုံးထိ ရောက်သွားပါက ခလုတ်ကို မလွှတ်သေးဘဲ ၅ စက္ကန့် လောက် ဆက် ' ဖိ ' ထားပေးပါ။ထိုသို့ အတင်အချ ၃ကြိမ် ပြုလုပ်ပါ။(မသေချာမှာ စိုးလို့)

 

ကျန်တံခါးပေါက်အသီးသီးကိုလည်း အထက်ပါနည်းအတိုင်း တံခါး၁ပေါက်ချင်း ပြုလုပ်ပေးပါ။ ပြုလုပ်မူ အောင်မြင်ရင် ခလုတ်မှ မီးအစိမ်းလေးမှာ မှိတ်တုတ်မှိတ်တုတ် မဖြစ်တော့ဘဲ ငြိမ်သွားပါတယ်။ ယာဉ်မောင်းသူဘက် မိန်းခလုတ်မှ အပေါက်တိုင်းမှ မှန်များကို အတင်အချ လုပ်ကြည့်ပါ။ မရသေးသော တံခါးပေါက် ကျန်ရှိနေပါက အထက်ပါ နည်းအတိုင်း ပြန်လည်ပြုလုပ်ပေးပါ။ ရသွားပါလိမ့်မယ်။

 

သတိပေးချက် - ဘက်ထရီခေါင်း ဖြုတ်ခြင်းကြောင့် အခြားပြသာနာများ (ဥပမာ tv မှ ဘက်ကင်မရာ ပျောက်ခြင်း map ခွေတောင်းခြင်း code တောင်းခြင်း အခြား error များ) ဖြစ်တတ်ပါသဖြင့် ဘက်ထရီခေါင်းကို မဖြုတ်ကြပါနဲ့။ လိုအပ်လို့ဖြုတ်မယ်ဆိုရင်လည်း OBD 2 ပေါက်မှ ဘက်ထရီ ကျွေး ဖြုတ်ပါရန် အကြံပြုပါရစေ။

 

 

Credit; Original Writer

Read times
Rate this item
(3 votes)