Tips



ဖြေလျှော့ပေးသည့် ဝင်ငွေခွန်များကို ဒီဇင်ဘာလ ၃၀ ရက်နေ့ထိ ပေးဆောင်နိုင်

၁။ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၂၆ ရက်နေ့တွင် ကျင်းပပြုလုပ်သည့်  Coronarvirus Disease 2019 ( Covid-19) ကာကွယ်မှု၊ ထိန်းချုပ်ကုသရေး၊ အမျိုးသားအဆင့်ဗဟိုကော်မတီ ညှိနှိုင်း အစည်းအ‌‌‌‌ေ၀းဆုံးဖြတ်ချက်အရ Covid-19 ရောဂါဖြစ်ပွားနေစဥ◌်ကာလအတွင်းပြည်သူများ၏စိတ်ဓတ်ရေးရာမြင့်တင်သည့် အနေဖြင့်

  နိုင်ငံတော်က ဖြေလျှော့ပေးထားသည့် ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များ၊ အခွန်အခများနှင့် ငွေကြေး ထောက်ပံ့မှုများကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု၀န်ကြီးဌာနက ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလကုန်သည်အထိ ကာလတိုးမြင့်ဆောင်ရွက်ပေးသွားမည်။

၂။ CMP  လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားရေးလုပ်ငန်များနှင့် အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း သုံးလတစ်ကြိမ်ပေးဆောင်ရမည့် ၀င်ငွေ ခွန်နှင့် လစဥ◌်ပေးဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန်တို့နှင့် စပ်လျဥ◌်း၍ -

(က) ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ၂၀၂၀ ပြည့်နှစ် မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးမည့် ဒုတိယသုံးလပတ်အတွက်လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်ဇွန်လ ၃၀ ရက်နေ့တွင် ကုန်ဆုံးမည့် တတိယသုံးလပတ်အတွက်လည်းကောင်း၊ ၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၃၀ရက်နေ့တွင်ကုန်ဆုံးမည့် စတုတ္ထသုံးလပတ်တွင်လည်းကောင်း၊ သုံးလ

 တစ်ကြိမ်ပေးဆောင်ရမည့်၀င်ငွေခွန်များကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ပေးဆောင်နိုင်ပါသည်။

(ခ) ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးမည့်လအတွက်မှစတင်၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း နို၀င်ဘာလ ၃၀ ရက်နေ့တွင် ကုန်ဆုံးမည့်လအတွက်အထိ လစဥ◌်ပေးဆောင်ရမည့် ကုန်သွယ်ရေးလုပ်ငန်းခွန်များကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိပေးဆောင်နိုင်ပါသည်။

By Myanmar Automobile Guide 

Read times
Rate this item
(2 votes)