Tips



မသန့်ရှင်းတဲ့ ၊ အရည်အသွေးမမီတဲ့ ဆီတွေသုံးစွဲမိရင် ဘာတွေဖြစ်နိုင်သလဲ ?

မသန့်ရှင်းတဲ့ ၊ အရည်အသွေးမမီတဲ့ ဆီတွေသုံးစွဲမိရင် ဘာတွေဖြစ်နိုင်သလဲ ? google

မသန့်ရှင်းတဲ့ ၊ အရည်အသွေးမမီတဲ့ ဆီတွေသုံးစွဲမိရင် ဘာတွေဖြစ်နိုင်သလဲ ဆိုတာ အသေးစိတ်ရေးသားဖော်ပြထားပါတယ်။

 

၁။ မီးသံခေါက်မယ်

 

ဒီနေ့ မြန်မာနိုင်ငံက ဓာတ်ဆီဆိုင်တော်တော်များများရဲ့ ဆီအရည်အသွေး မပြည့်မီမှုကြောင့် အများဆုံးခံစားနေရတဲ့ ကားပိုင်ရှင်တွေရဲ့ ပြဿနာက မီးသံခေါက်တာပါ။ အပေါ်မှာပြောခဲ့သလိုပါပဲ၊ မီးသံခေါက်တယ်၊ အင်ဂျင်အဆွဲအရုန်း performance ကျရတဲ့ အချက်များစွာထဲက အချက်တစ်ချက်ဟာ ဆီအရည်အသွေးမပြည့်မီမှုကြောင့်ဖြစ်ရတာ။ ဆီအရည်အသွေးမပြည့်မီတဲ့အတွက် engine ရဲ့ compression ratio အပြည့်အဝ မရောက်သေးခင်မှာပဲ အရည်အသွေးမပြည့်မီတဲ့ လောင်စာဆီတွေဟာ မီးလောင်ပေါက်ကွဲပြီး ဖိသိပ်နေတဲ့ piston ကို ပြန်လည်တွန်းကန်တဲ့အတွက် မလိုအပ်တဲ့ မီးသံခေါက်မှုတွေဖြစ်ပေါ်စေပြီး အင်ဂျင်ရဲ့ ပုံမှန်လုပ်ငန်းဆောင်တာတွေကို အနှောင့်အယှက်ပေးပါတယ်။

 

၂။ Spark plugs တွေ သက်တမ်းမကုန်ခင် ပျက်စီးမယ်

 

မသန့်ရှင်းတဲ့ဆီ၊ အရည်အသွေးနိမ့်တဲ့ဆီတွေကို သုံးစွဲမိလို့ နောက်ထပ်အဖြစ်များဆုံး ပြဿနာက spark plugs တွေအချိန်မတိုင်ခင် ပျက်စီးတာပါ။ အရည်သွေးနိမ့်တဲ့ဆီတွေကို မီးလောင်ကျွမ်းတဲ့အခါ၊ နိမ့်ကျတဲ့ဆီအရည်အသွေးကြောင့် လောင်စာဆီတွေဟာ အကုန်မလောင်ကျွမ်းဘဲ carbon ကြေးတွေအဖြစ်နဲ့ spark plugs ငုတ်တွေမှာကပ်ညှိကုန်ပါတယ်။ အဲဒီလို ကြေးတွေတက်လာတာများတဲ့အခါ spark plugs တွေရဲ့ performance တွေကို တဖြည်းဖြည်းကျဆင်းလာစေပြီး နောက်ဆုံးပျက်စီးစေပါတော့တယ်။ ဒီလိုစပြီး ပျက်စီးပြီဆိုတာနဲ့ သင့်ကားရဲ့ အဆွဲအရုန်းကျပြီး အင်ဂျင်တုန်ခါမှုတွေကို ဖြစ်ပေါ်စေမှာမလွဲမသွေပါပဲ။

 

၃။ ဆီတိုင်ကီထဲက fuel pump တွေပျက်စီးမယ်

 

အခုနောက်ပိုင်း EFI ကားတွေမှာ ဆီတိုင်ကီထဲကနေ အင်ဂျင်ထံကို လောင်စာဆီတွေမောင်းနှင်ပေးမယ် fuel pump တွေရှိကြပါတယ်။ EFI Pump လို့လည်း ခေါ်ကြတယ်။ ဒီပန့်တွေလည်း အရည်အသွေးနိမ့်တဲ့ ဆီတွေကြောင့်၊ အမှုန်အမွှားနဲ့ ကြေးတွေပိတ်ဆို့ပြီး pump pressure ကျတာ၊ (pump filter) ဆီစစ်ဇကာတွေ ကြေးပိတ်တာ၊ ပန့်ပျက်စီးတာတွေဖြစ်စေပြန်ပါတယ်။

 

တချို့အရည်အသွေးညံ့ဖျင်းလွန်းတဲ့ဆီဆိုင်တွေ၊ ခရီးသွားရင်း ကြုံရာဆိုင်တွေမှာ ဆီဖြည့်မိလို့ ကားမောင်းပြီး မကြာခင် ကားထိုးရပ်သွားတာတွေကလည်း ဒီလိုဆီတိုင်ကီထဲက ဆီပန့်တွေ ပျက်စီးတာကြောင့်ဖြစ်ပါတယ်။ ဒီလိုဖြစ်လာတယ်ဆိုရင် ဆီပန့်ဇကာတွေကို ဖြုတ်ပြီးဆေးကြောတာ၊ ဆီပန့်ရဲ့ pressure တွေကို တိုင်းတာတွေလုပ်ရပါမယ်။ ဆီစစ်ဇကာတွေ ဆိုးရွားစွာ ညစ်ညမ်းနေတာ ဒါမှမဟုတ် ဆီပန့်ရဲ့ သတ်မှတ် pressure အောက် ကျသွားပြီဆိုရင်တော့ ဆီပန့်ဇကာနဲ့ ဆီပန့်အသစ် လဲလည်တပ်ဆင်မှ သင့်ကားအင်ဂျင်လည်း ကောင်းမွန်စွာ အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။

 

၎။ ကာဗွန်ဂျိုးကပ်တာ

 

အခုဆိုရင် ကားတော်တော်များများ အဆွဲအရုန်းကျပြီဆို ကာဗွန်ဂျိုးဆေးတယ်ဆိုတာ အတော်လေးကို ခေတ်စားလာပါတယ်။ ကာဗွန်ဂျိုးကပ်ခြင်းရဲ့ အဓိက ပြဿနာတစ်ခုကလည်း ဆီအရည်အသွေးနဲ့သက်ဆိုင်နေပြန်ပါတယ်။ ဆီအရည်သွေးနိမ့်မှုကြောင့် မီးလောင်ခန်းထဲ အကုန်မလောင်ကျွမ်းနိုင်တဲ့ အကကြွင်းအကျန် carbon တွေဟာ piston ရဲ့ ထိပ်တည့်တည့်မှာ ထုနဲ့ ထည်နဲ့ ကပ်ညှိကုန်ပြန်ပါတယ်။ ဒါကိုပဲ ကာဗွန်ဂျိုးကပ်တယ်လို့ ခေါ်ဝေါ်ပြီး မီးသံခေါက်မှုရဲ့ တွဲဖက်တရားခံလည်းဖြစ်ပြန်ပါတယ်။

 

ဒီအချက်တွေက ဆီအရည်အသွေးမမှန်မှု၊ အရည်အသွေး မပြည့်ဝမှုတွေကြောင့် အဖြစ်အများဆုံး ကားအင်ဂျင်ပျက်စီးဆုံးရှူံးမှုတွ၊ မလိုအပ်ဘဲ အပိုကုန်ကျနိုင်တဲ့ ငွေကုန်ကြေးကျရမှုတွေရဲ့ အကြောင်းအရင်းကို ဖော်ပြထားတာပါ။

 

Credit; ကားအကြောင်းစုံ

Read times
Rate this item
(2 votes)