Tips



ယာဉ် လိုင်စင် သက်တမ်း မတိုးခင် ပြင်ဆင်သင့်ထားသော အချက်များ

ယာဉ်ပိုင်ရှင်တိုင်း နှစ်စဉ်မပျက်မကွက် ဆောင်ရွက်ရသော အလုပ်တစ်ခုမှာ ယာဉ်မှတ်ပုံတင် သက်တမ်းတိုးခြင်း ဖြစ်ပါတယ်။ 

 

မော်တော်ယာဉ်ဥပဒေအရ ယာဉ်မှတ်ပုံတင် သက်တမ်းတိုးရန်တာဝန်သည် ယာဉ်ပိုင်ရှင်၏တာဝန်ဖြစ်ပါတယ်။ သက်တမ်းမကုန်ဆုံးမီ ကြိုတင်၍ သက်တမ်းတိုးထားသင့်ပါတယ်။

 

အထက်ပါ သတ်မှတ်ချက်ကို ကျူးလွန်ပါက ထိုင်သင့်သော ပြစ်ဒဏ်မှာ တစ်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသောင်းထက်မပိုသော ဒဏ်ငွေဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ပြစ်ဒဏ်ချမှတ်နိုင်သည်ဟု မော်တော်ယာဉ် ဥပဒေပုဒ်မ ၅၈(က)တွင် ပြဌာန်းထားပါတယ်။

 

ယာဉ်ပိုင်ရှင်များအနေဖြင့် သက်ဆိုင်ရာ ကညနရုံးများတွင် ယာဉ်မှတ်ပုံတင်သက်တမ်းမတိုးမီ ယာဉ်စစ်ဆေးခြင့် ခံရပါတယ်။  ယာဉ်စစ်ဆေးခြင်းသည် ဥပဒေအရ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။

 

မော်တော်ယာဉ်ဥပဒေပုဒ်မ (၅)တွင် မော်တော်ယာဉ်ပိုင်ရှင်သည် မော်တော်ယာဉ်ကို အန္တရာယ်ကင်းစွာ မောင်းနှင်နိုင်ရန် စံချိန်စံညွန်းများနှင့်အညီ ထိန်းသိမ်းပြုပြင်ထားရှိရမည်ဟု ပြဌာန်းထားပါတယ်။

 

ယာဉ်မှတ်ပုံတင် သက်တမ်းတိုးရန် ယာဉ်ပိုင်ရှင်များအနေဖြင့် ကြိုတင်ပြုပြင် စစ်ဆေးထားသင့်သော အချက်များကို ဖော်ပြပေးလိုက်ပါတယ်။ မော်တော်ယာဉ်စစ်ဆေးခြင်းဆိုသည်မှာ ယာဉ်တစ်စီး၏ ဘေးကင်းလုံခြုံမှု အဆင့်အတန်းနှင့် အများပြည်သူဆိုင်ရာလမ်းများပေါ်တွင် အသုံးပြုမောင်းနှင်ရန် သင့်/ မသင့်ကို အကဲဖြတ်စစ်ဆေးသောလုပ်ငန်းစဉ် ဖြစ်ပါတယ်။

 

ယာဉ်ပိုင်ရှင်များအနေဖြင့် ယာဉ်စစ်ဆေးခံရန် အသင့်ဖြစ်နေဖို့ ကြိုတင်ပြင်ဆင်ထားရပါတယ်။ မိမိပိုင်မော်တော်ယာဉ်၏ အခြေအနေကိုလိုက်၍ ပြုပြင်ရသောအချက်များ ကွာခြားကြပါတယ်။ ဒါကြောင့် မော်တော်ယာဉ်တိုင်းလိုအပ်သော ယေဘုယျပြင်ဆင်ရမည့်အချက်များကို ဖော်ပြပေးလိုက်ပါတယ်။

 

အင်ဂျင်ပိုင်း

========

- စက်နှိုးရလွယ်ရမယ်၊ ဓာတ်ဆီကားဖြစ်စေ၊ ဒီဇယ်ကားဖြစ်စေ စက်နှိုးမော်တာစနစ်ကောင်းအောင် ဆားဗစ်စင် လုပ်ထားပါ။ Fuel System ပုံမှန်အလုပ်လုပ်ရန် လိုအပ်ပါတယ်။ ဆီစစ်ဘူး၊ ဆီပန့်၊ ကာပရိုက်တာ၊ Injector များ ကောင်းနေရပါမယ်။ Ignition System ၏ ပလပ်၊ ပလပ်ကြိုး၊ ဒစ်စတြီဗျူတာ၊ မီးကွိုင် ( Ignition Coil) များ ကောင်းရပါမယ်။

 

- အင်ဂျင်အအေးခံစနစ် ကောင်းရပါမယ်။ အင်ဂျင်အအေးခံစနစ်မှ သာမိုစတတ်၊ water pump ၊ ပန်ကာကြိုး၊ water pipe ၊ ရေတိုင်ကီ၊ Electrical Fan နျင့် Temperature Sensor များ ကောင်းနေရန် စစ်ဆေးပြီး လိုအပ်ချက်များ ပြုပြင်ပါ။ ဘက်ထရီကောင်းး၍ ချာဂျင်အားသွင်းစနစ် မှန်ကုန်ရမည်။ ဘက်ထရီနှင့် AC/Dc ဒိုင်နမို ဆားဗစ်လုပ်ပါ။ ဘက်ထရီချာဂျင် အမ်ပီယာကို တိုင်းပါ။

 

- အင်ဂျင်ဘလောက်နှင့် အင်ဂျင်ခန်းတစ်ခုလုံး သန့်ရှင်းနေအောင် ဆေးကြောပါ။ အင်ဂျင်နံပါတ်နှင့် ချက်စီနံပါတ် ခဲခြစ်နေရာများကို သန့်ရှင်းအောင် ပြုလုပ်ပါ။ Air Cleaner အား ဖုန်ခါ သန့်ရှင်းထားပါ။ အင်ဂျင် မိန်းအွိုင်းဆီးများမှ အင်ဂျင်ဝိုင်ယိုစိမ့်မှုမရှိအောင် စစ်ဆေးပြုပြင်ပါ။

 

- ဒီဇယ်ကားများတွင် စက်နှိုး အထကောင်းစေရန် Heat Plug ဂလိုးမီးများ စစ်ဆေးပါ။ ဒီဇယ်ကားများတွင် ဘက်ထရီနှင့် မော်တာ အထူးကောင်းမွန်ဖို့ လိုအပ်ပါတယ်။ ဒီဇယ်ကား အင်ဂျင်စတင်နှိုးခြင်း မြန်ဆန်ရမည်။ စက်နှိုးမော်တာတစ်ချက်ဆွဲရုံဖြင့် စက်နှိုးနိုင်ရမည်။ ဒီဇယ်ကားများတွင် ဘက်ထရီနှင့် မော်တာ အထူးကောင်းမွန်ဖို့ လိုအပ်ပါတယ်။

 

- အင်ဂျင်ဝိုင်များ လဲရန်အချိန်တန်ပါက အင်ဂျင်ဝိုင်နှင့် ဆီစစ်ဘူးများ လဲထားပါ။ Nozzle မကောင်းပါက အသစ်လဲလှယ်ပါ။ ဒီဇယ်ဆားဗစ်ဆိုင်တွင် အင်ဂျင်အကောင်းဆုံး အနေအထားဖြစ်လာစေရန် ချိန်ညှိပါ။ ဓာတ်ဆီကားများ အင်ဂျင်ကျူးနင်း လုပ်ပါ။

 

Drive-trainစနစ်

==========

- ကလပ်၊ ကလပ်ဝါရှာ၊ ကလပ်ပိုက်ပျော့များ ဆီယိုစိမ့်မှု ရှိ မရှိ စစ်ဆေးပါ။ ဂျွိုင်းရှပ်နှင့် ဂျွိုင်းဘောလ်များ ချောင်နေခြင်း ရှိ မရှိ စစ်ဆေးပါ။ ဂီယာထိုးရ ခက်ခဲနေလျှင် ကလပ်ကြောင့်လား၊ ဂီယာဘောက်စ်ကြောင့်လား စစ်ဆေးပါ။

 

ကားအောက်ပိုင်းနှင့် စတီယာရင်

=====================

- ကားအောက်ပိုင်းဆပ်စပန်းရှင်းစနစ်များ ကောင်းရပါမည်။ တိုက်ရော့၊ ဘော်ဂျွိုင်းများ၊ ရော်ဘာဘွတ်များ တင်းနေပါစေ။ ကားအောက်ပိုင်းနှင့် တွဲလျက်ရှိသောအရာမှာ စတီယာရင်လင့်အဆက်များ ဖြစ်ပါတယ်။ တိုက်ရော့ဂေါ်လီသီးများ စားနေပါက အသစ်လဲပါ။

 

- ရှော့အိတ်စ်ဇောဘားများ ကောင်း မကောင်း စစ်ဆေးပါ။ ကားဘီး အလိုင်းမန့် ချိန်ပါ။ ပါဝါပန့်ကို စစ်ဆေးပါ။

 

ဘရိတ်စနစ်

=======

- ကားဘီးအားလုံး ဘရိတ်အမိ ညီညာရမည်။ ဘရိတ်ရှူးများအသံမထွက်ရ၊ ဘရိတ်စနစ်ညံ့ပါက စိတ်ချရအောင်လုပ်ပါ။ ဘရိတ်လေးဘီးစလုံးဒေါင်း၍ ဆားဗစ်စင်လုပ်ပါ။ ဘရိတ်ရှူးခြမ်းများ ပြန်ချိန်ပါ။ ဆီယိုနေသော ဝါရှာများ လဲလှယ်ပါ။

 

- ဆာဘိုယူစနစ် မကောင်းပါက စစ်ဆေးပြုပြင်ပါ။ Hand Brake ကောင်းရမည်။

 

Lighting မီးထွန်းစနစ်

==============

- ရှေ့မီးကြီး၊ အချက်ပြမီး၊ ဘရိတ်မီး၊ Side Lamp မီး၊ Back-up မီး၊ လိုင်စင်နံပါတ်ပြားမီးများ အားလုံးကို စစ်ဆေးပါ။ ဟွန်းသံမြည်ရပါမည်။ ဝိုက်ပါမော်တာနှင့် ဝိုက်ပါအရါက်များ ကောင်းရပါမည်။

 

- နောက်ကြည့်မှန်များ ပြည့်စုံရပါမည်။ ကားမှန်များ စတစ်ကာကပ်မထားပါနှင့်။ ကားခေါင်မိုးပေါ်မှာ စင်များ၊ ဘောက်များ၊ ဝက်ခြံများ ဖြုတ်ချထားပါ၊

 

တာယာဘီးများ

==========
တာယာဘီးပန်းသားများထုအကျန် အနည်းဆုံး ၂၅ ရာခိုင်နှုန်းခန့် ကျန်ရပါမည်။ လိမ်နေသော တာယာ၊ ကြိုးပေါ်နေသော တာယာ၊ ပန်းထိုးထားသော တာယာမဖြစ်ရပါ။ Spare တာယာဘီးပါ ကောင်းရပါမည်။ တာယာလေးလုံးစလုံး ဘက်ညီရပါမည်။ လေပေါင်ဖိအား မှန်ရပါမည်။

 

အိပ်ဇောစနစ်

========

အိတ်ဇောပိုက်မှ မီးခိုးအလွန်အကျွံ မထွက်ရပါ။ Exhaust Emission Test လုပ်ပါက Catalytic Converter ( ကျောက်ဆန်ခါ) ကောင်းရပါမည်။ အိပ်ဇောမာဖလာဘူးပေါက်နေပါက အိပ်ဇောဘူးအသစ် လဲထားပါ။ ပါဝါအိပ်ဇောဘူး လုံးဝလက်မခံပါ။ အိပ်ဇောဆူညံသံ မထွက်ရပါ။

 

ကားဘော်ဒီနှင့် ဆေးရောင်

==================

ကားဘော်ဒီ အနာအဆာအပေါက်အပြဲ၊ သံကြေး(ချေး)တက်သောနေရာများကို ဖာထေးဖြတ်ဆက်ပါ။ ဆေးပြန်မှုတ်ပါ။

 

ကားဘော်ဒီဆေးများ၊ မြင်မကောင်းအောင်ထွက်နေပါက ဘော်ဒီဆေးပြန်မှုတ်ထားပါ။ မိမိကားသည် သက်တမ်းကြာ အပြစ်အနာအဆာများနေ၍ ပြုပြင်စရာများလျှင် ကြိုတင်ပြုပြင်ပါ။ ကားပြင်လျှင် အချိန်ပေးရပါတယ်။ ဆေးဘော်ဒီပြင်ရလျှင် ပို၍အချိန်ပေးရပါတယ်။

 

ကားတစ်စီးအားစစ်ဆေးရန် ကြိုတင်ပြင်ဆင်ထားခြင်းသည် မိမိကားဘေးကင်းလုံခြုံရေး အဆင့်မြှင့်တင်ခြင်း ဖြစ်ပါတယ်။ လမ်းပေါ်တွင် ဖြစ်ပွားရသော ယာဉ်မတော်ဆမှုများတွင် ယာဉ်၏ အားနည်းချက်၊ ချွက်ယွင်းချက်များကြောင့် ဖြစ်ပွားရသော Accident အရေအတွက်သည် ယာဉ်မတော်တဆမှုအားလုံး၏ ၁၆ ရာခိုင်နှုန်းရှိသည်ကို သတိပြုပါ။

 

သင့်ကားသည် အမြဲလုံခြုံစိတ်ချရသော အခြေအနေမျိုးတွင် ရှိနေခြင်းသည် သင်နှင့် သင့်မိသားစု၏ ဘေးကင်းလုံခြုံရေးအတွက်ဖြစ်သလို လမ်းအသုံးပြုသူများအားလုံးအတွက်လည်း ဘေးကင်းစေပါတယ်။

Automobile

 

(Zawgyi)

 

ယာဥ္ပိုင္ရွင္တိုင္း ႏွစ္စဥ္မပ်က္မကြက္ ေဆာင္႐ြက္ရေသာ အလုပ္တစ္ခုမွာ ယာဥ္မွတ္ပုံတင္ သက္တမ္းတိုးျခင္း ျဖစ္ပါတယ္။ေမာ္ေတာ္ယာဥ္ဥပေဒအရ ယာဥ္မွတ္ပုံတင္ သက္တမ္းတိုးရန္တာဝန္သည္ ယာဥ္ပိုင္ရွင္၏တာဝန္ျဖစ္ပါတယ္။ သက္တမ္းမကုန္ဆုံးမီ ႀကိဳတင္၍ သက္တမ္းတိုးထားသင့္ပါတယ္။

 

အထက္ပါ သတ္မွတ္ခ်က္ကို က်ဴးလြန္ပါက ထိုင္သင့္ေသာ ျပစ္ဒဏ္မွာ တစ္လထက္မပိုေသာ ေထာင္ဒဏ္ျဖစ္ေစ၊ က်ပ္ငါးေသာင္းထက္မပိုေသာ ဒဏ္ေငြျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးကိုျဖစ္ေစ ျပစ္ဒဏ္ခ်မွတ္ႏိုင္သည္ဟု ေမာ္ေတာ္ယာဥ္ ဥပေဒပုဒ္မ ၅၈(က)တြင္ ျပဌာန္းထားပါတယ္။

 

ယာဥ္ပိုင္ရွင္မ်ားအေနျဖင့္ သက္ဆိုင္ရာ ကညန႐ုံးမ်ားတြင္ ယာဥ္မွတ္ပုံတင္သက္တမ္းမတိုးမီ ယာဥ္စစ္ေဆးျခင့္ ခံရပါတယ္။ ယာဥ္စစ္ေဆးျခင္းသည္ ဥပေဒအရ ေဆာင္႐ြက္ျခင္း ျဖစ္ပါတယ္။

 

ေမာ္ေတာ္ယာဥ္ဥပေဒပုဒ္မ (၅)တြင္ ေမာ္ေတာ္ယာဥ္ပိုင္ရွင္သည္ ေမာ္ေတာ္ယာဥ္ကို အႏၲရာယ္ကင္းစြာ ေမာင္းႏွင္ႏိုင္ရန္ စံခ်ိန္စံၫြန္းမ်ားႏွင့္အညီ ထိန္းသိမ္းျပဳျပင္ထားရွိရမည္ဟု ျပဌာန္းထားပါတယ္။

 

ယာဥ္မွတ္ပုံတင္ သက္တမ္းတိုးရန္ ယာဥ္ပိုင္ရွင္မ်ားအေနျဖင့္ ႀကိဳတင္ျပဳျပင္ စစ္ေဆးထားသင့္ေသာ အခ်က္မ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။ ေမာ္ေတာ္ယာဥ္စစ္ေဆးျခင္းဆိုသည္မွာ ယာဥ္တစ္စီး၏ ေဘးကင္းလုံၿခဳံမႈ အဆင့္အတန္းႏွင့္ အမ်ားျပည္သူဆိုင္ရာလမ္းမ်ားေပၚတြင္ အသုံးျပဳေမာင္းႏွင္ရန္ သင့္/ မသင့္ကို အကဲျဖတ္စစ္ေဆးေသာလုပ္ငန္းစဥ္ ျဖစ္ပါတယ္။

 

ယာဥ္ပိုင္ရွင္မ်ားအေနျဖင့္ ယာဥ္စစ္ေဆးခံရန္ အသင့္ျဖစ္ေနဖို႔ ႀကိဳတင္ျပင္ဆင္ထားရပါတယ္။ မိမိပိုင္ေမာ္ေတာ္ယာဥ္၏ အေျခအေနကိုလိုက္၍ ျပဳျပင္ရေသာအခ်က္မ်ား ကြာျခားၾကပါတယ္။ ဒါေၾကာင့္ ေမာ္ေတာ္ယာဥ္တိုင္းလိုအပ္ေသာ ေယဘုယ်ျပင္ဆင္ရမည့္အခ်က္မ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။

 

အင္ဂ်င္ပိုင္း

========

- စက္ႏႈိးရလြယ္ရမယ္၊ ဓာတ္ဆီကားျဖစ္ေစ၊ ဒီဇယ္ကားျဖစ္ေစ စက္ႏႈိးေမာ္တာစနစ္ေကာင္းေအာင္ ဆားဗစ္စင္ လုပ္ထားပါ။ Fuel System ပုံမွန္အလုပ္လုပ္ရန္ လိုအပ္ပါတယ္။ ဆီစစ္ဘူး၊ ဆီပန႔္၊ ကာပ႐ိုက္တာ၊ Injector မ်ား ေကာင္းေနရပါမယ္။ Ignition System ၏ ပလပ္၊ ပလပ္ႀကိဳး၊ ဒစ္စႀတီဗ်ဴတာ၊ မီးကြိဳင္ ( Ignition Coil) မ်ား ေကာင္းရပါမယ္။

 

- အင္ဂ်င္အေအးခံစနစ္ ေကာင္းရပါမယ္။ အင္ဂ်င္အေအးခံစနစ္မွ သာမိုစတတ္၊ water pump ၊ ပန္ကာႀကိဳး၊ water pipe ၊ ေရတိုင္ကီ၊ Electrical Fan န်င့္ Temperature Sensor မ်ား ေကာင္းေနရန္ စစ္ေဆးၿပီး လိုအပ္ခ်က္မ်ား ျပဳျပင္ပါ။ ဘက္ထရီေကာင္းး၍ ခ်ာဂ်င္အားသြင္းစနစ္ မွန္ကုန္ရမည္။ ဘက္ထရီႏွင့္ AC/Dc ဒိုင္နမို ဆားဗစ္လုပ္ပါ။ ဘက္ထရီခ်ာဂ်င္ အမ္ပီယာကို တိုင္းပါ။

 

- အင္ဂ်င္ဘေလာက္ႏွင့္ အင္ဂ်င္ခန္းတစ္ခုလုံး သန႔္ရွင္းေနေအာင္ ေဆးေၾကာပါ။ အင္ဂ်င္နံပါတ္ႏွင့္ ခ်က္စီနံပါတ္ ခဲျခစ္ေနရာမ်ားကို သန႔္ရွင္းေအာင္ ျပဳလုပ္ပါ။ Air Cleaner အား ဖုန္ခါ သန႔္ရွင္းထားပါ။ အင္ဂ်င္ မိန္းအြိဳင္းဆီးမ်ားမွ အင္ဂ်င္ဝိုင္ယိုစိမ့္မႈမရွိေအာင္ စစ္ေဆးျပဳျပင္ပါ။

 

- ဒီဇယ္ကားမ်ားတြင္ စက္ႏႈိး အထေကာင္းေစရန္ Heat Plug ဂလိုးမီးမ်ား စစ္ေဆးပါ။ ဒီဇယ္ကားမ်ားတြင္ ဘက္ထရီႏွင့္ ေမာ္တာ အထူးေကာင္းမြန္ဖို႔ လိုအပ္ပါတယ္။ ဒီဇယ္ကား အင္ဂ်င္စတင္ႏႈိးျခင္း ျမန္ဆန္ရမည္။ စက္ႏႈိးေမာ္တာတစ္ခ်က္ဆြဲ႐ုံျဖင့္ စက္ႏႈိးႏိုင္ရမည္။ ဒီဇယ္ကားမ်ားတြင္ ဘက္ထရီႏွင့္ ေမာ္တာ အထူးေကာင္းမြန္ဖို႔ လိုအပ္ပါတယ္။

 

- အင္ဂ်င္ဝိုင္မ်ား လဲရန္အခ်ိန္တန္ပါက အင္ဂ်င္ဝိုင္ႏွင့္ ဆီစစ္ဘူးမ်ား လဲထားပါ။ Nozzle မေကာင္းပါက အသစ္လဲလွယ္ပါ။ ဒီဇယ္ဆားဗစ္ဆိုင္တြင္ အင္ဂ်င္အေကာင္းဆုံး အေနအထားျဖစ္လာေစရန္ ခ်ိန္ညႇိပါ။ ဓာတ္ဆီကားမ်ား အင္ဂ်င္က်ဴးနင္း လုပ္ပါ။

 

Drive-trainစနစ္

==========

- ကလပ္၊ ကလပ္ဝါရွာ၊ ကလပ္ပိုက္ေပ်ာ့မ်ား ဆီယိုစိမ့္မႈ ရွိ မရွိ စစ္ေဆးပါ။ ဂြၽိဳင္းရွပ္ႏွင့္ ဂြၽိဳင္းေဘာလ္မ်ား ေခ်ာင္ေနျခင္း ရွိ မရွိ စစ္ေဆးပါ။ ဂီယာထိုးရ ခက္ခဲေနလွ်င္ ကလပ္ေၾကာင့္လား၊ ဂီယာေဘာက္စ္ေၾကာင့္လား စစ္ေဆးပါ။

 

ကားေအာက္ပိုင္းႏွင့္ စတီယာရင္

=====================

- ကားေအာက္ပိုင္းဆပ္စပန္းရွင္းစနစ္မ်ား ေကာင္းရပါမည္။ တိုက္ေရာ့၊ ေဘာ္ဂြၽိဳင္းမ်ား၊ ေရာ္ဘာဘြတ္မ်ား တင္းေနပါေစ။ ကားေအာက္ပိုင္းႏွင့္ တြဲလ်က္ရွိေသာအရာမွာ စတီယာရင္လင့္အဆက္မ်ား ျဖစ္ပါတယ္။ တိုက္ေရာ့ေဂၚလီသီးမ်ား စားေနပါက အသစ္လဲပါ။

- ေရွာ့အိတ္စ္ေဇာဘားမ်ား ေကာင္း မေကာင္း စစ္ေဆးပါ။ ကားဘီး အလိုင္းမန႔္ ခ်ိန္ပါ။ ပါဝါပန႔္ကို စစ္ေဆးပါ။

 

ဘရိတ္စနစ္

=======

- ကားဘီးအားလုံး ဘရိတ္အမိ ညီညာရမည္။ ဘရိတ္ရႉးမ်ားအသံမထြက္ရ၊ ဘရိတ္စနစ္ညံ့ပါက စိတ္ခ်ရေအာင္လုပ္ပါ။ ဘရိတ္ေလးဘီးစလုံးေဒါင္း၍ ဆားဗစ္စင္လုပ္ပါ။ ဘရိတ္ရႉးျခမ္းမ်ား ျပန္ခ်ိန္ပါ။ ဆီယိုေနေသာ ဝါရွာမ်ား လဲလွယ္ပါ။

- ဆာဘိုယူစနစ္ မေကာင္းပါက စစ္ေဆးျပဳျပင္ပါ။ Hand Brake ေကာင္းရမည္။

 

Lighting မီးထြန္းစနစ္

==============

- ေရွ႕မီးႀကီး၊ အခ်က္ျပမီး၊ ဘရိတ္မီး၊ Side Lamp မီး၊ Back-up မီး၊ လိုင္စင္နံပါတ္ျပားမီးမ်ား အားလုံးကို စစ္ေဆးပါ။ ဟြန္းသံျမည္ရပါမည္။ ဝိုက္ပါေမာ္တာႏွင့္ ဝိုက္ပါအရါက္မ်ား ေကာင္းရပါမည္။

- ေနာက္ၾကည့္မွန္မ်ား ျပည့္စုံရပါမည္။ ကားမွန္မ်ား စတစ္ကာကပ္မထားပါႏွင့္။ ကားေခါင္မိုးေပၚမွာ စင္မ်ား၊ ေဘာက္မ်ား၊ ဝက္ၿခံမ်ား ျဖဳတ္ခ်ထားပါ၊

 

တာယာဘီးမ်ား

==========
တာယာဘီးပန္းသားမ်ားထုအက်န္ အနည္းဆုံး ၂၅ ရာခိုင္ႏႈန္းခန႔္ က်န္ရပါမည္။ လိမ္ေနေသာ တာယာ၊ ႀကိဳးေပၚေနေသာ တာယာ၊ ပန္းထိုးထားေသာ တာယာမျဖစ္ရပါ။ Spare တာယာဘီးပါ ေကာင္းရပါမည္။ တာယာေလးလုံးစလုံး ဘက္ညီရပါမည္။ ေလေပါင္ဖိအား မွန္ရပါမည္။

 

အိပ္ေဇာစနစ္

========

အိတ္ေဇာပိုက္မွ မီးခိုးအလြန္အကြၽံ မထြက္ရပါ။ Exhaust Emission Test လုပ္ပါက Catalytic Converter ( ေက်ာက္ဆန္ခါ) ေကာင္းရပါမည္။ အိပ္ေဇာမာဖလာဘူးေပါက္ေနပါက အိပ္ေဇာဘူးအသစ္ လဲထားပါ။ ပါဝါအိပ္ေဇာဘူး လုံးဝလက္မခံပါ။ အိပ္ေဇာဆူညံသံ မထြက္ရပါ။

 

ကားေဘာ္ဒီႏွင့္ ေဆးေရာင္

==================

ကားေဘာ္ဒီ အနာအဆာအေပါက္အၿပဲ၊ သံေၾကး(ေခ်း)တက္ေသာေနရာမ်ားကို ဖာေထးျဖတ္ဆက္ပါ။ ေဆးျပန္မႈတ္ပါ။

ကားေဘာ္ဒီေဆးမ်ား၊ ျမင္မေကာင္းေအာင္ထြက္ေနပါက ေဘာ္ဒီေဆးျပန္မႈတ္ထားပါ။ မိမိကားသည္ သက္တမ္းၾကာ အျပစ္အနာအဆာမ်ားေန၍ ျပဳျပင္စရာမ်ားလွ်င္ ႀကိဳတင္ျပဳျပင္ပါ။ ကားျပင္လွ်င္ အခ်ိန္ေပးရပါတယ္။ ေဆးေဘာ္ဒီျပင္ရလွ်င္ ပို၍အခ်ိန္ေပးရပါတယ္။

 

ကားတစ္စီးအားစစ္ေဆးရန္ ႀကိဳတင္ျပင္ဆင္ထားျခင္းသည္ မိမိကားေဘးကင္းလုံၿခဳံေရး အဆင့္ျမႇင့္တင္ျခင္း ျဖစ္ပါတယ္။ လမ္းေပၚတြင္ ျဖစ္ပြားရေသာ ယာဥ္မေတာ္ဆမႈမ်ားတြင္ ယာဥ္၏ အားနည္းခ်က္၊ ခြၽက္ယြင္းခ်က္မ်ားေၾကာင့္ ျဖစ္ပြားရေသာ Accident အေရအတြက္သည္ ယာဥ္မေတာ္တဆမႈအားလုံး၏ ၁၆ ရာခိုင္ႏႈန္းရွိသည္ကို သတိျပဳပါ။

 

သင့္ကားသည္ အၿမဲလုံၿခဳံစိတ္ခ်ရေသာ အေျခအေနမ်ိဳးတြင္ ရွိေနျခင္းသည္ သင္ႏွင့္ သင့္မိသားစု၏ ေဘးကင္းလုံၿခဳံေရးအတြက္ျဖစ္သလို လမ္းအသုံးျပဳသူမ်ားအားလုံးအတြက္လည္း ေဘးကင္းေစပါတယ္။

Automobile

Read times
Rate this item
(0 votes)