Tips



ဒီဇယ်ကား မီးခိုး ဘာကြောင့်မဲသလဲ

ဒီဇယ်ကား မီးခိုး ဘာကြောင့်မဲသလဲ google

တခါတရံ ဒီဇယ်အင်ဂျင်မှ မီးခိုးမဲ ( Black Smoke ) များထွက်ခြင်းသည်ပြသာနာ တစ်ခုရှိတာလည်းဖြစ်နိုင်ပါတယ်။

 

လေအ၀င်နည်းပြီး ဆီများလွန်းလျှင် မီးခိုးမဲများထွက်လာတတ်ပါတယ်။ Injection Pump Timing မှားနေလျှင်လည်း မီးခိုးမဲတတ်ပါတယ်။ Nozzle နှင့် Injector များ မကောင်းလျှင် လည်းမီးခိုးမဲများထွက်မှာ ဖြစ်ပါတယ်။ Air Cleaner အတွင်းမှ လေစစ် များပိတ်နေသလား။ လေ၀င်ပိုက်ခေါက်ပြီး လေပေါက်ပိတ်နေသလား စစ်ဆေးကြည့်ပေးပါ။

 

ဒီဇယ်ဆီများတွင် ဆာလဖာ နှင့် ဖယောင်းများပါဝင်နေသဖြင့် ကြာလာလျှင် နော်ဇယ်ထိပ် ၊ Injector ထိပ်များတွင် Vamish ချိုးများအနယ် ထိုင်ပြီး ဆီပန်းထွက်သော အပေါက်ကို ပိတ်ဆို့နေတတ်ပါတယ်။ Nozzle နှင့် Injector များကို ဆေးကြောသန့်ရှင်း ပေးသင့်ပါတယ်။ ရိုးရိုးဒီဇယ်ဆီတွင် ဆာလဖာများပါဝင်၍ အရည်အသွေးကောင်းသော Ultra-Low-Sulfur Diesel Oil ( ULSD ) ဒီဇယ်ဆီကို သုံးပေးပါ။

 

ဒီဇယ်မီးခိုးအဖြူများထွက်ခြင်း

 

ဒီဇယ်မီးခိုးအဖြူများထွက်ခြင်းသည်လည်း လုံလောက်သော အပူချိန်မရဘဲ ဒီဇယ်များဆီအပြည့်အ၀ မလောင်ခြင်းကြောင့်ဖြစ်ပါတယ်။ အေးသောရာသီတွင် ပို၍အဖြစ်များသည်။ ကြိုတင်အပူပေးရသော Glow Plug များအပူမပေးနိုင်ခြင်းကြောင့်လည်းဖြစ်နိုင်ပါတယ်။ Glow Plug နှင့် Relay Timer ဘူးများကိုစစ်ဆေးပါ။ အင်ဂျင်ဖိသိပ်အား Compression ကျဆင်းနေလျှင်လည်းမီးခိုးဖြူတတ်ပါတယ်။ တိုင်မင်မမှန်ခြင်း ၊ နော်ဇယ်နှင့် Injector များမကောင်းလျှင်လည်း မီးခိုးဖြူထွက်တတ်ပါတယ်။

 

ဖြစ်လေ့ဖြစ်ထရှိသော ဒီဇယ်ပြဿနာများကို သိရှိလျှင်ကျွမ်းကျင်သော ဒီဇယ်ဆားဗစ်စင်တာများတွင် ပြသ၍ပြုပြင်ပါ။ နောက်ပိုင်းဝင်လာသောဒီဇယ်ကားများတွင် ကွန်ပျူတာထိန်းချုပ်သော Common Rail Fuel Injection စနစ်များဖြစ်ပြီး ကွန်ပျူတာ Scan ဖတ်၍ ပြစ်ချက်ရှာဖွေရပါတယ်။ ဒီဇယ်ပြဿနာအခြေခံများကိုသိရှိထားလျှင်အချိန်မီပြုပြင်ထိန်းသိမ်းနိုင်ပါမှာ ဖြစ်ပါတယ်။

 

Credit; Original Writer

Read times
Rate this item
(2 votes)