Tips



သင်ဝယ်မည့်ကားကို ပြစ်မှုရှိမရှိ ၊ ချလန်ဖြတ်ခံထားရမှုရှိမရှိ ၊ ယာဉ်တိုက်ခိုက်မှုရှိမရှိ မည်သည့်နေရာကမဆို မေးမြန်းနိုင်ပါပြီ

ကိုယ်ဝယ်မည့်ကားမှာ အမှုတွေများရှိနေမလား ၊ ယာဉ်တိုက်ခိုက်မှုတွေများရှိနေမလား ၊ ယာဉ်/လမ်းစည်းကမ်းချိုးဖေါက်ထားလို့ ချလန်ဖြတ်အရေးယူထားတာများရှိနေမလား။ 

 

စသည်ဖြင့် မိမိကား/မိမိဝယ်မည့်ကားအပေါ် စိုးရိမ်မှု clear ဖြစ်လိုမှုတွေဖြတ်ပေါ်ပါလိမ့်မယ်။ အခုတော့ အဲ့ဒီလိုစိုးရိမ်စိတ်ဖြစ်ပေါ်လာတာနဲ့ သိလိုသည်များကိုအတည်ပြုမေးမြန်းနိုင်ပါပြီ။ သင်၏ကားနှင့်အတူ မြန်မာတစ်နိုင်လုံးရှိ မည်သူ၏ကားကိုမဆို မည်သည့်တိုင်း မည်သည့်ပြည်နယ် မည်သည့်မြို့ မည်သည့်နေရာတွင် ချလန်ဖြတ်ခံရခြင်းရှိမရှိ ရဲမှုရှိမရှိ Clear ဖြစ်မဖြစ် မည်သူမေးမေး ဖြေဆိုနိုင်ပါပြီ။

 

ယာဉ်ထိန်းရဲတပ်ဖွဲ့၊တပ်ဖွဲ့မှုး ရဲမှုးကြီးအောင်ကိုဦးမှ ယာဉ်ပိုင်ရှင်များ၊ယာဉ်အသုံးပြုပြည်သူများ၏ ထိုသို့ဖြစ်ပေါ်နေမှုကို ကူညီဖြေရှင်ပေးနိုင်ရန်အတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့ပိုင် ကိုယ်ပိုင် server တစ်ခုထောင်ခဲ့ပါတယ်။

 

အဲ့ဒီ server ထဲမှာ မြန်မာတစ်နိုင်ငံလုံးက ယာဉ်စည်းကမ်း လမ်းစည်းကမ်းချိုးဖေါက်မိလို့ ချလန်ဖြတ်အရေးယူခံထားရတဲ့ယာဉ်တွေရဲ့ ဒေတာအချက်အလက်တွေ၊ ယာဉ်မတော်တဆဖြစ်လို့ မှတ်တမ်းတင်ပြုစုထားတဲ့အချက်အလက်တွေ အားလုံးကို နေ့စဉ်နှင့်အမျှရေးသွင်းပြုစုထားပါတယ် အဆိုပါအချက်အလက်တွေကို mobile application, pc application တို့မှာ နေ့စဉ် store လုပ်ထားပါတယ်။

 

ဘယ်နေရာမှာ/ဘယ်မှာတိုက်ခဲ့သလဲ ၊ ဘယ်နှစ်ခါတိုက်ထားထားသလဲ ၊ ဘယ်မှာတိုက်ခဲ့ဖူးတယ် ၊ ဘယ်မှာတော့အဖမ်းခံရဖူးတယ် ၊ ဘယ်မှာအမှုရှိခဲ့တယ် စသည်ဖြင့် ယာဉ်အရောင်းအဝယ်မှားတွေမဖြစ်အောင် ၊ သံသယကင်းကင်းနဲ့ရောင်းနိုင်အောင် ၊ သံသယကင်းကင်းကင်းနဲ့ဝယ်နိုင်အောင် ၊ အဲ့ဒီလိုစေတနာနဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးမှ ကူညီဆောင်ရွက်ပေးထားပါတယ်။

 

မိမိသိလိုသည်များကို နီးစပ်ရာ မည်သည့်ယာဉ်ထိန်း ဒုတပ်ဖွဲ့ခွဲမှူးရုံးမှာမဆို မေးမြန်းနိုင်ပါတယ်။ အမှုစစ်လို့ရတဲ့ application ဟာ တစ်နိုင်ငံလုံးသည်တစ်ခုတည်ရှိပါတယ်။ တစ်နိုင်ငံလုံးက အချက်အလက်တွေအားလုံး ဒီတစ်ခုတည်းမှာပဲ ရေးသွင်းထားတာမို့ ရန်ကုန်မှာပဲမေးမေး မန္တလေး၊ မြစ်ကြီးနားမှာပဲမေးမေး အဖြေကအတူတူပါ။

 

ကျွန်တော်တို့စတင်အသုံးပြုနေတာ လပိုင်းလောက်ရှိနေပါပြီ။ ကျွန်တော်တို့အတွက်အဆင်ပြေသလို ပြည်သူတွေအတွက်လည်းပိုကောင်းပါတယ်။ နီးစပ်ရာယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲမှူးရုံးများကို မေးမြန်းနိုင်ဖို့ ဒုတပ်ဖွဲ့ခွဲမှူးရုံးများရဲ့ ဖုန်းနံပါတ်များကို‌ဖော်ပြပေးလိုက်ပါတယ်။


အမှတ်(၁)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး (နေပြည်တော်)

၀၆၇-၅၅၀၁၂၆

 

အမှတ်(၂)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး(ကယာ)

၀၈၃-၂၃၀၉၅

 

အမှတ်(၃)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး(ပဲခူး)

၀၅၂-၂၀၁၁၀၀

 

အမှတ်(၄)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး(မကွေး)

၀၆၃-၂၈၀၉၅ /၂၈၀၉ /၂၅၅၆၈

 

အမှတ်(၅)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး(ရခိုင်)

၀၄၃-၂၂၈၄၂

 

အမှတ်(၆)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်-အရှေ့) 

၀၁-၂၉၂၂၈၈

 

အမှတ်(ရ)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်-အနောက်)

၀၁-၂၆၀၄၈၁၂

 

အမှတ်(၈)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်-တောင်)

၀၁-၂၉၂၂၇၂

 

အမှတ်(၉)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်-မြောက်)

၀၁-၆၄၅၈၂၅

 

အမှတ်(၁၀)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး(ကရင်)

၀၅၂-၂၃၂၈၀

 

အမှတ်(၁၁)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး(တနသာင်္ရီ)

၀၅၃-၂၃၉၉၇

 

အမှတ်(၁၂)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး(မွန်)

၀၅၇-၂၅၇၉၀

 

အမှတ်(၁၃)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး(ဧရာဝတီ)

၀၄၂-၂၃၈၄၃

 

အမှတ်(၁၄)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး(မန္တလေး)

၀၂-၆၇၄၂၉

 

အမှတ်(၁၅)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး(ကချင်)

၀၇၄-၂၂၃၁၈

 

အမှတ်(၁၆)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး(ချင်း)

၀၇၀-၂၂၅၃၇

 

အမှတ်(၁၇)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး(စစ်ကိုင်း)

၀၇၁-၂၆၁၄၈

 

အမှတ်(၁၈)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး (ရှမ်း-တောင်)

၀၈၁-၂၁၅၂၄၉၉

 

အမှတ်(၁၉)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး(ရှမ်း-ရှေ့)

၀၈၄-၂၄၀၁၅

 

အမှတ်(၂၀)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး (ရှမ်း-မြောက်)

၀၈၂-၃၀၄၉၆

 

ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ

Read times
Rate this item
(5 votes)