Tips



ဘက်တ္တရီကြိုးဖြုတ်မယ်ဆိုရင်

ဘက်တ္တရီကြိုးဖြုတ်မယ်ဆိုရင် google

ကားကို လျှပ်စစ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်လို့ တစ်ခုခု ပြင်တော့မယ်ဆိုရင် ဘတ္တရီရဲ့ ကြိုးတွေကို အရင်ဖြုတ်ပါ။ ပါဝါ၀င်ဒိုးဆိုရင် ကြိုးမဖြုတ်ခင်မှာ ကားတခါးရဲ့ မှန်တွေကို အရင်ချပါ။

 

မှန်ပိတ်ထားမယ်ဆိုရင်တော့ အထဲမှာ ကားသော့ရှိနေရင် အရင်ယူထားပါ။ ဘတ္တရီကြိုးအဖြုတ်မှာ တံခါးတွေက သူအလိုလို လော့ခ်ကျသွားတတ်ပါတယ်။ ဘတ္တရီခေါင်းတွေ ပြန်တပ်ရင်တောင်မှ လော့ခ်က သူအလိုလို ပြန်မတက်တော့ပါဘူး။ကြိုးမှာ ခေါင်းကနှစ်ခုရှိပါတယ်။ အဖိုခေါင်းနဲ့ အမခေါင်း ဘယ်ဟာ အရင်စဖြုတ်ရမလဲ? အင်္ဂလိပ်တွေ ဓလေ့အတိုင်း လေဒီ First ဖြစ်ပါတယ်။ မိန်းမတွေကို ဦးစားပေးပါတဲ့။ ဘတ္တရီကလည်း အမခေါင်းကို စဖြုတ်ရပါမယ်။

 

ဘာလို့ အမခေါင်းကို အရင် စဖြုတ်ရတာပါလဲ။ ဘတ္တရီရဲ့ လျှပ်စစ်ဟာ ဘတ်ထရီရဲ့ အမခေါင်းကနေ ခရီးစပါတယ်။ သွားစရာရှိတာ သွားပြီးတဲ့အခါ အဖိုခေါင်းကနေ ပြန်ဝင်ပါတယ်။ အဖိုခေါင်းကို အရင်စဖြုတ်မိရင် အမခေါင်းကနေ ခရီးထွက်နေတဲ့ ဘတ္တရီတွေဟာ ဘတ္တရီကို ပြန်မရောက်နိုင်တော့ပါဘူး။ ဒီအချိန်မှာ ကားကိုယ်ထည်ကို သွားထိမိရင် ထိတဲ့သူရဲ့ ကိုယ်ထဲ လျှပ်စီး စီးဝင်ပါတယ်။ ဓာတ်လိုက်မှာ ဖြစ်ပါတယ်။

 

ဒီတော့ အမခေါင်းကို အရင်စဖြုတ်ရမှာ ဖြစ်ပါတယ်။ အမခေါင်းတစ်ခု ဖြုတ်ထားရုံနဲ့ ဘတ္တရီကို တစ်ခြား မရွေ့ဘူးဆိုရင် လုံလောက်ပါတယ်။ ပြန်တပ်ရင်တော့ အဖိုကို ပြန်တပ်ရပါမယ်။ ပြီးမှ အမခေါင်းကို ပြန်တပ်ရပါမယ်။ အမခေါင်းကို တပ်တဲ့အခါ မီးခတ်မိတတ်ပါတယ်။ မပူပါနဲ့။ ဆက်တပ်ပါ။ ခေါင်းတွေကို တပ်ပြီးရင် အပေါ်က အဖုံးကို သေချာပြန်စွပ်ပြီး ကာပေးဖို့ မမေ့ပါနဲ့။ သေသေသပ်သပ် ကြပ်ကြပ်လေး ဖြစ်နေပါစေ။

 

ကားဘတ္တရီတွေက အကြီးအသေးအလတ် ကွာကြပေမဲ့ ဗို့အားကတော့ တူကြပါတယ်။ ၁၂ ဗို့ဖြစ်ပါတယ်။ ဘတ္တရီခေါင်းတွေကို သန့်ရှင်းမှု အပြည့် အမြဲရှိနေစေဖို့ ဂရိုစိုက်ပါ။ ညစ်ပတ်ရင် ဗို့အားမှာ ပြသနာ သိပ်မရှိပေမဲ့ လျှပ်စစ်ပမာဏ အမ်ပီယာ ကျသွားတတ်ပါတယ်။ အမ်ပီယာမမှန်ရင် မောင်းလို့မကောင်းတော့ပါဘူး။ ဆီကျွေးတာကအစ မမှန်တာတွေ ဖြစ်တတ်ပါတယ်။

 

ဘတ္တရီမကောင်းရင် အမြန်ဆုံးလဲပါ။ တွန်းတွန်းပြီး နိုးတာက တစ်ခါနှစ်ခါလောက်ပဲ ကောင်းပါတယ်။ ကြိမ်ဖန်များရင် အင်ဂျင်ရဲ့ တိုင်မင်ကြိုး ချော်သွားတတ်ပါတယ်။ ဆင်ဖိုးထက် မြင်းဖိုးကဲသွားပါလိမ့်မယ်။ ပန်ကာကြိုးတွေကိုလည်း ပစ်ထားလို့မရပါဘူး။ လျော့နေရင် ဒုက္ခပေးတတ်ပါတယ်။ ဒိုင်နမိုင် ပန်ကာကြိုးလျော့နေရင် ပူလီကို သုံးပြီး တင်ကြည့်ပါ။ မရရင် ပန်ကာကြိုး အသစ်လဲပါ။ နို့မို့ဆို ဘတ္တရီကို အားသွင်းပေးတာ မမှန် ဖြစ်တတ်ပါတယ်။

 

တစ်ခြား ပန်ကားကြိုးတွေကိုလည်း အလားတူ ဂရုစိုက်ပေးပါ။ တတ်နိုင်ရင် မိုင် ၅၀၀၀ (ကီလိုမီတာ ၈၀၀၀) မောင်းပြီးရင် လဲပေးပါ။ မောင်းပြီးသမျှ ကီလိုမီတာ စုစုပေါင်းကို ယာဉ်မောင်းဒိုင်ခွက်မှာ ပြပေးထားတာမို့ အဲဒီမှာ ကြည့်လို့ရပါတယ်။ အင်ဂျင်နိုးထားတဲ့ နာရီ စုစုပေါင်းအနည်းအများက ပန်ကာကြိုးကို ဘယ်လောက်ကြာကြာ ခိုင်းထားသလဲဆိုတာ အဆုံးအဖြတ်ပြုပါတယ်။

 

ဆီရေလေ၀ိုင်နဲ့ ပန်ကာကြိုးတွေအပြင် မီးလုံးတွေကို ပါ စစ်ဆေးရမှာ ဖြစ်ပါတယ်။ ဘရိတ်မီးက အနောက်က ကြည့်ပေးတဲ့သူရှိရင် စစ်ရတာ လွယ်ပါတယ်။ မရှိရင်တော့ ဘရိတ်ခြေမနင်းကို အုတ်ခဲဖိပြီး ကိုယ်တိုင် သွားကြည့်နိုင်ပါတယ်။ ဘရိတ်မီးမလင်းရင် နောက်က လိုက်လာတဲ့ကား နမ်းတာ ခံရတတ်ပါတယ်။ ဘရိတ်နင်းရင် တော့တော့ပြီး မှ အဆုံးထိနင်းပါ။ ဒါဆိုရင် မီးက မှိတ်တုတ် မှိတ်တုတ်ဖြစ်ပြီး နောက်က ကားမှ လူကို ကိုယ်က ဘရိတ်နင်းနေပြီးဆိုတာ ကို သတိပြုမိစေမှာ ဖြစ်ပါတယ်။

 

ကားမီးလုံးတွေက တစ်ခြားကားတွေကို စကားလှမ်းပြောပေးတဲ့ ပါးစပ်ပေါက်တွေ ဖြစ်ပါတယ်။ မှိတ်တုတ်မီးဝါက ကွေ့တော့မယ်လို့ပြောတာဖြစ်ပြီး ဘရိတ်မီးတွေကတော့ ကိုယ်အရှိန်လျောပနေပြီးလို့ ပြောတာ့ ဖြစ်ပါတယ်။ ဒါကြောင့် ဂရုစိုက်ရပါမယ်။ မီးလုံး လစ်သွားရင် မြန်မြန် လဲပါ။ ကြားထဲမှာ မလဲရသေးအချိန်မှာ ပြတင်းပေါက်ဖွင့် လက်လေးပြပြီး အချက်ပြပါ။ လက်ညိုးတစ်ချောင်းနဲ့ အဆင်ပြေနိုင်ပါတယ်။ မီးလုံးကို ကိုယ်တိုင်လဲမယ်ဆိုရင် ဖန်သားကို လက်နဲ့ မကိုင်ပါနဲ့ ဖန်သားအပြင်မှာ ဆေးသုတ်ပေးထားပါတယ်။ လက်နဲထိရင် ဆေးပေါ်မှာ လက်က အညစ်အကြေးတွေနဲ့ ဆီတွေ စွန်းတတ်ပါတယ်။

 

နည်းနည်းပါးပါး ပေတာ ရေးကြီးခွင်ကျယ်လုပ်နေတယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ ကားမီးသီးတွေ ထွန်းထားချိန်မှာ အပူချိန် မြင့်တက်တာက အရမ်းမြန်ပါတယ်။ ရှိန်နေအောင် ပူတာပါ။ ဆီပေတဲ့အခါ တစ်ခြား နေရာတွေထက် ပိုပူပါတယ်။ ဒီအခါ အပူကာဖို့အတွက် သုတ်လိမ်းပေးထားတဲ့ ဆေးကလည်း မကယ်နိုင်တော့ဘူး။ အပူကြောင့် ဖန်သားမှာ အက်ကြောင်းသေးသေးတွေ ဖြစ်သွားစေမယ်။ သိပ်ကြာကြာမခံဘဲ ကျွမ်းတော့ မှာ ဖြစ်ပါတယ်။ ဒါကြောင့် မီးလုံး အောက်ပိုင်းက သတ္တုသားကနေ ကိုင်တွယ်သင့်ပါတယ်။

 

 

Credit; CG GPS Myanmar

Read times
Rate this item
(3 votes)