Rules and Regulations



ရန်ကုန်မြို့ အောင်ဇေယျတံတား ကွန်တိန်နာယာဉ် ဖြတ်သန်းမှု တင်းကျပ်တားမြစ်

ကွန်တိန်နာတင်ယာဉ်များ အောင်ဇေယျတံတား အသုံးပြုခြင်းအပေါ် တံတားခံနိင်ရည်အရ တင်းကျပ် တားမြစ်ခြင်း ရှိပါသဖြင့်

ရွှေပြည်သာတံတားကို အသုံးပြုရန် နှိုးဆော် အသိပေးထားပါသည်။ 


အကြောင်းအရာ၊ အောင်ဇေယျတံတားပေါ်မှ တန်ပိုယာဉ် သတ်မှတ်တန်ချိန် (၃၆)တန် ထက်ကျော်လွန်သည့် ယာဉ်များဖြတ်သန်းခြင်းမပြုလုပ်ကြပါရန် အသိပေးအကြောင်းကြားခြင်း၊

အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်နှင့် လှိုင်သာယာ မြို့နယ်များသို့ ဆက်သွယ်ထားသော အောင်ဇေယျတံတားမှ ဖြတ်သန်းသွားလာရာတွင် တံတား၏ ခံနိုင်ရည်အရ ယာဉ်+ကုန် (ခွင့်ပြု) သတ်မှတ်တန်ချိန်(၃၆)တန်အတွင်းသာ ဖြတ်သန်း မောင်းနှင်ကြရန် သက်ဆိုင်ရာတာဝန်ရှိသူများမှ ဆက်သွယ်အကြောင်းကြားလာပါသည်။ ။

၂။ သို့ဖြစ်ပါ၍ အသင်းဝင်ဂိတ်များအနေဖြင့် မိမိတိတ်ရှိ မော်တော်ယာဉ်များအား အောင်ဇေယျတံတားမှ ဖြတ်သန်းသွားလာရာတွင် သတ်မှတ်တန်ချိန်ထက် ပိုမိုသောယာဉ်များအား ဖြတ်သန်းမောင်းနှင်ခြင်းမပြုစေရန်နှင့် တံတားခွင့်ပြုတန်ချိန်ထက် ကျော်လွန်သော ယာဉ်များရှိပါက အခြားဖြတ်သန်းမောင်းနှင်ခွင့်ရှိသည့် (ရွှေပြည်သာ) တံတားဘက်မှ ဖြတ်သန်းမောင်းနှင်ကြပါရန် နှိုးဆော်အသိပေးအကြောင်းကြားအပ်ပါသည်။

စန်းလွင်

(အထွေထွေအတွင်းရေးမှူး)

 မြန်မာနိုင်ငံကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်း

 

 

CONTAINER_TRUCK.png

 

Read times
Rate this item
(0 votes)