Rules and Regulations



သတ်မှတ်ယာဉ်‌မောင်းလိုင်စင် မဟုတ်သော်လည်းအရေးမယူပါ

သတ်မှတ်ယာဉ်‌မောင်းလိုင်စင် မဟုတ်သော်လည်းအရေးမယူပါ facebook

သူငယ်ချင်း မင်းမှာရှိတာက သင်မောင်းလိုင်စင်(သ) အိမ်မှာရှိတဲ့ကားလေးလဲမောင်းကြည့်ချင်လို့ ဆိုင်ကယ်လေးလဲ စီးကြည့်ချင်လို့ ချိန်ရွယ်နေတာခဏခဏ ဒါပေမဲ့ သတ်မှတ်လိုင်စင်မဟုတ်လို့ (သ)ဖြစ်နေလို့ အရေးယူခံရမှာမို့ ကားလဲမောင်းကြည့်မရ ဆိုင်ကယ်လဲစီးမရ အဲ့ဒီလိုဖြစ်နေရင် အရေးလဲယူမရ (သ)သင်မောင်းနဲ့ ကားမောင်းလို့လဲရ ဆိုင်ကယ်စီးလို့လဲရအောင် ဒီလိုလေးလုပ်။

 

သူငယ်ချင်း အိမ်စီးကားမျိုးကို သင်မောင်းနဲ့မောင်းမယ်ဆိုရင် လွတ်နေတဲ့မင်းဘေးကထိုင်ခုံမှာ (ခ)ယာဉ်မောင်းလိုင်စင် သက်တမ်း(၂)နှစ်ရှိသူတစ်ဦးဦးရှိနေပါစေဘေးခုံမှာ (ခ)သက်တမ်း(၂)နှစ်ရှိသူပါလာရင် (ခ)ထက်မြင့်သောလိုင်စင်ရှိ‌နေရင် သူငယ်ချင်းဟာ(သ)လိုင်စင်နဲ့ အိမ်စီးကား နံပါတ်အနက် မောင်းလို့ရပြီ သင်ယူနေတယ်ဆိုတဲ့သဘောနဲ့မောင်းတာပေါ့ အဲ့ အခြားလူပိုတော့ ပါလာလို့မရဘူးနော် သင်နေတာမို့လို့လေ။ (သင် ဟူသောစာလုံး ရှေ့ နောက်ပါရှိရမည် သတ်မှတ်လမ်းကြောင်းအတိုင်းမောင်းရမည်ဟု ဆိုထားသော်လည်း ယခုမှု အများအားဖြင့်ခွင့်ပြု)


သူငယ်ချင်း ဆိုင်ကယ်ရော စီးကြည့်မလား ဒါလဲ စောစောကလိုပဲ သူငယ်ချင်းနောက်မှာ (က)ယာဉ်မောင်းလိုင်စင်(၂)နှစ်သက်တမ်းရှိသူပါလာရင် (က) ထက်မြင့်သည့်လိုင်စင်ရှိသူပါလာရင် သူငယ်ချင်းဟာ(သ)နဲ့ ဆိုင်ကယ်စီးလို့ရပြီ ဆိုင်ကယ်စီးသင်ယူနေတယ်ပေါ့။


သူငယ်ချင်း မင်းဘော်ဒါက သူ့ကားမှာ စပယ်ယာခဏလုပ်ပေးဖို့ အကူညီတောင်းနေတယ် မင်းမှာကလည်း စပယ်ယာလိုင်စင်ကမရှိ စပယ်ယာလိုင်စင်မရှိဘဲ စပယ်ယာလုပ်ရင်လည်း အရေးယူခံရအုံးမယ် ဒါပေမဲ့မင်းမှာ (င)ယာဉ်မောင်းလိုင်စင်ရှိတယ်မို့လား ဒါဆိုရင်တော့ စပယ်ယာလိုက်လို့ရပြီ။ ကားတစ်စီးမှာ လက်ရှိမောင်းသူကလဲ(င) မင်းမှာကလည်း(င) အဲ့ဒီလို(င)လိုင်စင်နှစ်ခုပါရင် စပယ်ယာလိုင်စင်မလိုတော့ဘူး (င)လိုင်စင်နှစ်ခုဆို တစ်ခုက စပယ်ယာအဖြစ်လိုက်လို့ရတယ်။


ကဲ သတ်မှတ်လိုင်စင်မဟုတ်တဲ့သူငယ်ချင်းရေ အိမ်စီးကားလေး ဆိုင်ကယ်လေး သင်ယူရင်းမောင်းကြည့်နိုင်ပါပြီနော် မင်းက သတ်မှတ်လိုင်စင်မရှိသေးပေမဲ့ မောင်းတက်သူဖြစ်နေလို့ငါပြောပြတာနော် မမောင်တက်သေးဘဲ မစီးတက်သေးဘဲ စည်းကမ်းတွေနားမလည်သေးဘဲနဲ့တော့ စမ်းမကြည့်နဲ့ပေါ့ကွာ။


(ကျွန်တော့်ကိုချစ်သော ကျွန်တော်မှချစ်သော ယာဉ်မောင်းများနှင့်အမှတ်တရ (DMG) )

 

Zawgyi


 


 


 


 


 


 

 

Credit; ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ

Read times
Rate this item
(3 votes)