Rules and Regulations



ဝင်ငွေခွန် ၃ ရာခိုင်နှုန်းကနေ ကားလောကအတွက် ဘာတွေထူးခြားလာမလဲ…?

ဝင်ငွေခွန် ၃ ရာခိုင်နှုန်းကနေ ကားလောကအတွက် ဘာတွေထူးခြားလာမလဲ…? google

ယနေ့ ၂၀၁၉ခုနှစ် စက်တင်ဘာလ ၁၉ ရက် နေ့ခင်း ၁နာရီခွဲကနေ ဒုတိယအကြိမ်မြောက်ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက်ပုံမှန်အစည်းအဝေးကိုကျင်းပခဲ့ပါတယ်။

 

အဆိုပါ အစည်းဝေးမှာတော့ ၁ ကျပ်ကနေ သိန်း ၁,၀၀၀ အထိအတွက် ၀င်ငွေခွန်ကောက်ခံမှုကို ၃ ရာခိုင်နှုန်းအဖြစ် အဆိုပြုတင်သွင်းခဲ့ရာမှာ ထောက်ခံမဲ ၅၀၃မဲ၊ ကန့်ကွက်မဲ ၁၂ မဲနဲ့ ကြားနေ ၂မဲတို့နဲ့ အဆိုပြုအောင်မြင်ခဲ့ကြောင်းသိရပါတယ်။ အထူးကုန်စည်ခွန်ကတော့ ယမန်နှစ်ကအတိုင်း ဆက်လက်ကောက်ခံဖို့အတည်ပြုခဲ့ပါတယ်။

 

 

ယခုအဆိုပြုအောင်မြင်ခဲ့သော ၀င်ငွေခွန် -

 

၁ ကျပ် မှ ၁ဝဝ,ဝဝဝ,ဝဝဝ အထိ ဝင်ငွေခွန် ၃ %

၁ဝဝ,ဝဝဝ,ဝဝ၁ မှ ၃ဝဝ,ဝဝဝ,ဝဝဝ အထိ ဝင်ငွေခွန် ၅%

၃ဝဝ,ဝဝဝ,ဝဝ၁ မှ ၁,ဝဝဝ,ဝဝဝ,ဝဝဝ အထိ ဝင်ငွေခွန် ၁ဝ%

၁,ဝဝဝ,ဝဝဝ,ဝဝ၁ မှ ၃,ဝဝဝ,ဝဝဝ,ဝဝဝ အထိ ဝင်ငွေခွန် ၁၅%

၃,ဝဝဝ,ဝဝဝ,ဝဝ၁ နှင့် အထက် ဝင်ငွေခွန် ၃၀%

 

ဒါကြောင့် ကားလောကအတွက် ဘာတွေဖြစ်လာနိုင်မလဲ

 

 

ကားလောကအတွက် လက်ရှိမှာကောက်ခံနေတာက ၁၅ရာခိုင်နှုန်းပါ။ ၃ ရာခိုင်နှုန်းဖြစ်သွားလို့ အသစ်ဘယ်မောင်း (brand new) တွေဈေးကျသွားမယ်။ ဒီတော့ brand new ၀ယ်လိုအားတက်လာနိုင် ပါတယ်။ ဒါရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ တစ်ပတ်ရစ်ညာမောင်း (used) တွေ ၀ယ်လိုအားမကျရင်တောင်မှ ဈေးအတော်အသင့်ကျသွားနိုင်ပါတယ်။ ဒါကြောင့် ၀င်ငွေခွန်လျှော့ချသတ်မှတ်မှုက တစ်ပတ်ရစ်ကားဈေး ကွက်အတွက် ရိုက်ခေတ်မှုတွေရှိလာနိုင်တယ်ဆိုပြီး ကားလောကမှာသုံးသပ်ပြောဆိုနေကြတာတွေရှိပါတယ်။

 

 

Myanmar Automobile Equipment Directory

Read times
Rate this item
(7 votes)