Rules and Regulations



ရန်ကုန်တိုင်းဒေသကြီ:ပြင်ပသို့ ခရီးသွားလာခြင်းမပြုရန် တားမြစ်အမိန့်ထုတ်ပြန်

ရန်ကုန်တိုင်းဒေသကြီး ၄၄ မြို့နယ်တွင် နေထိုင်သူလျက်ရှိသူများအနေဖြင့် ကျန်းမာရေးနှင့် အရေးကြီးကိစ္စမှအပ

စက်တင်ဘာလ ၁၁ ရက်နေ့မှ အောက်တိုဘာလ ၁ ရက်နေ့အထိ ခရီးသွားလာမှု တားမြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရက အမိန့်ထုတ်ပြန် ကြေညာထားပါသည်။

“ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများသို့ အသိပေးကြေညာချက်"

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်ပသို့ ခရီးသွားရာဇဝင်မရှိဘဲ ပြည်တွင်းကူးစက်မှုအဖြစ် သုံးသပ်ရသော COVID-19 ဓာတ်ခွဲအတည်ပြုလူနာများအား (၂၄.၈.၂၀၂၀) ရက်နေ့တွင် စတင်တွေ့ရှိ ခဲ့ရာ (၈.၉.၂၀၂၀) ရက်နေ့အထိ လူနာ(၆၅၆)ဦးအထိ ရှိလာကြောင်း တွေ့ရှိရပါသဖြင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ Stay at Home သတ်မှတ်ထားသော မြို့နယ်အပါအဝင် မြို့နယ်(၄၄)မြို့နယ် (ကိုကိုးကျွန်းမြို့နယ်မပါ)တွင် နေထိုင်သူများအနေဖြင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်နှင့် အရေးကြီးကိစ္စရပ် များမှအပ ရန်ကုန်တိုင်းဒေသကြီးပြင်ပသို့ (၁၁.၉.၂၀၂၀) ရက်နေ့မှ (၁.၁၀.၂၀၂၀) ရက်နေ့အထိ ခရီးသွား ရောက်ခြင်းမပြုရန် တားမြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့

 ygn_outbound_no.jpg

Read times
Rate this item
(0 votes)