Rules and Regulations



မီးပွိုင့်အလယ်ရောက်မှ မီးနီသွားခဲ့ရင်ဘယ်လိုလုပ်မလဲ

မီးပွိုင့်အလယ်ရောက်မှ မီးနီသွားခဲ့ရင်ဘယ်လိုလုပ်မလဲ googe

အစကတော့ မီးစိမ်းလို့မောင်းလာခဲ့တာ မီးပွိုင့်အလယ်နားလောက်လဲရောက်ရော အဲ့ ရုတ်တရက်ပဲဗျာ မီးနီသွားပါလေရော။

 

ဒီတော့ ဘယ်လိုလုပ်ရမလဲ ရှေ့ဆက်သွားရမှာလား နောက်ဆုတ်ရမှာလား ၊ ကဲ ဘယ်လိုလုပ်ရမလဲ......

 

အရင်ဆုံးမီးပွိုင့်အကြောင်းလေးပြောကြရအောင်

 

မီးပွိုင့်တွေဟာ တစ်ခုနဲ့တစ်ခု ဧရိယာအကျယ်အဝန်း မတူညီကြပါဘူး။ တချို့ပွိုင့်က ဟိုဘက်ထိပ် ဒီဘက်ထိပ် အတော်ကိုဝေးပါတယ်။ နေရာဒေသအလိုက်ပေါ့။

 

နောက်တစ်ခု မီးပွိုင့်စနစ်ပါ။ ဒါလဲမတူညီကြပါဘူး။ အရှေ့အနောက်လမ်း တောင်မြောက်လမ်း ဒီနှစ်ခုထဲမှာမှ ဒီဘက်ကစိမ်းတာအကြာကြီး ဟိုဘက်ကြစိမ်းတာခဏလေး ဒါမျိုးတွေတွေ့ဘူးမှာပါ။ ဒီဘက်ကဘာလို့အကြာကြီးစိမ်းရတာလဲ မှတ်လို့လွယ်အောင်ပြောပါ့မယ်။ အဲ့ဘက်က လမ်းအသုံးပြုသူတွေများလို့ပါ။ ဟိုဘက်ကလား ရှင်းနေပီလေ။လမ်းအသုံးပြုသူနည်းလို့ပေါ့။

 

အဲ့ဒီလို မီးပွိုင့်ဟာ နီပီးရင်စိမ်းမယ် အဝါမခံဘူး။ အဲ့ စိမ်းပီးရင်ပြန်နီမယ် ဒီအချိန်မှာတော့ အဝါခံပါပီ။ မှိတ်တုတ်မှိတ်တုတ် ဒါမှမဟုတ် ငြိမ်နေတဲ့အဝါပါ။ ဘယ်လောက်ကြာသလဲ။ ၃ စက္ကန့် သို့မဟုတ် ၅ စက္ကန့်ပေါ့။ တချို့ပွိုင့်တွေမှာတော့ အစိမ်းလေးဟာ ၃စက္ကန့်ခုန်ပါတယ်။

 

ကား/ဆိုင်ကယ်ကိုမောင်းနှင်လာပီး အဲ့ဒီမှာ မီးနီလို့ရပ်မယ်ဆိုရင် ရပ်မျဉ်းဆိုတာလေးတွေရှိတယ်။ လမ်းပေါ်မှာဆေးရေးအမှတ်အသားနဲ့ဆွဲထားတာ အဖြူရောင်မျဉ်းကြောင်းလေးနဲ့ တားထားတဲ့မျဉ်းကြောင်းပါ။

 

အဲ့ဒီနောက်မှာ ယာဉ်ကိုရပ်ရတာ ကျော်မရပ်ရပါဘူး။ မီးပွိုင့်ကစိမ်းနေတာ မောင်းလာတဲ့အချိန် ပထမ မီးဝါပါ့မယ် မီးဝါပီဆိုရင် အရှိန်လျှော့ရမယ်။ ရပ်နိုင်က ရပ်ရပါမယ်လို့ဥပဒေမှာဆိုထားပါတယ်။ မရပ်မိလို့မီးပွိုင့်အလယ်လောက်ရောက်မှ မီးနီသွားတယ်ဆိုရင်တော့ စောစောက ယာဉ်တွေရပ်ဖို့ဆွဲထားတဲ့ ရပ်မျဉ်းကိုကျော်သွားပီမို့ ရှေ့ဆက်မောင်သွားပါ။ နောက်ပြန်မဆုတ်ပါနဲ့။ ရပ်မျဉ်းကျော်နေပီဆိုရင် ဆက်မောင်းပါလို့ပြောချင်တာပါ။ အဲ့မီးနီနေတာသိသိကြီးနဲ့ဖြတ်ရင်တော့မရဘူးပေါ့။

 

ခုပြောတာက မီးပွိုင့်အလယ်ရောက်မှ မီးနီသွားခဲ့ရင်ကိုပြောတာပါ။ တစ်ခုမှတ်ထားစေချင်တာက မီးဝါရင် အရှိန်လျှော့ပါ။ ရပ်နိုင်က ရပ်ပါ လုမမောင်းပါနဲ့။

 

Credit; ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ

Read times
Rate this item
(3 votes)