Rules and Regulations



မော်တော်ယာဉ်နည်းဥပဒေနှင့် ရာဇသတ်ကြီးဥပဒေ

မော်တော်ယာဉ်နည်းဥပဒေနှင့် ရာဇသတ်ကြီးဥပဒေ facebook

ယာဉ်စည်းကမ်း လမ်းစည်းကမ်းချိုးဖေါက်လျှင် မော်တော်ယာဉ်နည်းဥပဒေအရအရေးယူသည်။

 

ဥပမာ-

ဆိုင်ကယ်စီးဦးထုပ်မဆောင်း၍ ချလန်ဖြတ်ခံရခြင်း

မော်တော်ဆိုင်ကယ်သုံးယောက်စီး၍ချလန်ဖြတ်ခံရခြင်း

ဖြူနီကျားကားရပ်သဖြင့်ချလန်ဖြတ်ခံရခြင်း

ဝန်ပိုတင်၍ချလန်ဖြတ်ခံရခြင်း

အစွန်းထွက် ၃ ပေ ၃ လပ်မကျော်သော်လည်း ဖြူနီးကျားအဝိုင်း/သတိပေးအရာချိတ်ဆွဲမထား၍ချလန်ဖြတ်ခံရခြင်း

လိုင်စင်မပါ၍ချလန်ဖြတ်ခံရခြင်း စသည်ဖြင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းချိုးဖေါက်သူများကို မော်တော်ယာဉ်နည်းဥပဒေဖြင့်ချလန်ဖြတ်အရေးယူပါသည်။

 

ယာဉ်မတော်တဆမှုဖြစ်သော် ရာဇသတ်ကြီးဥပဒေဖြင့်အရေးယူပါသည်။

 

ဥပမာ-

အရမ်းသို့မဟုတ်ဘေးဖြစ်စေအောင်မောင်းခြင်း ၂၇၉

ထိုသို့မောင်းနှင်မှုကြောင့်သာမန်ဒဏ်ရာရ ၃၃၇

ပြင်းထန်ဒဏ်ရာရ ၃၃၈

လူသေဆုံး ၃၀၄-က

ချလန်ဖြတ်ခံရတယ်ဆိုတာ ယာဉ်စည်းကမ်းချိုးဖေါက်တဲ့အတွက် မော်တော်ယာဉ်နည်းဥပဒေနဲ့အရေးယူခံရခြင်းပါ။

 

Credit; ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ

Read times
Rate this item
(1 Vote)