Rules and Regulations



အမြန်လမ်း ကီလိုကျော် ဒဏ်ငွေ ကျပ် တစ်သိန်း

၂၀၂၀ခုနှစ် မေလ(၂၆) ရက်နေ့တွင်  ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့်

မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေကို  ပြည်ထောင်စုလွတ်တော်မှ  သတ်မှတ်ပြဋ္ဌာန်း ခဲ့ပါသည် ။

ထုတ်ပြန် ပြဋ္ဌာန်းလိုက်သည့်  ဥပဒေ  ပါ  အမည်အဓိပ္ပါယ်ဖော်ပြချက်များ /ရည်ရွယ်ချက် /လုပ်ငန်းတာဝန်များ /မှတ်ပုံတင်ခြင်း /အယူခံခြင်း/လိုင်စင် /လျော်ကြေးငွေ ပေးဆောင်ခြင်း များ အပါအဝင်  စည်ကမ်းထိန်းသိမ်းခြင်းနှင့် အရေးယူခြင်း  နှင့် ပြစ်ဒဏ်များ  ကို  အသေးစိတ် ဖော်ပြ ထားရှိပြီး  ပြည်သူ အများ သိရှိစေရန် သတင်းစာ  နှင့် ရုပ်/သံ များမှထုတ်ပြန်ပြီးဖြစ်ပါသည်။

သို့ဖြစ်ပါရျ်     ဥပဒေ သစ်အရ   အမြန်လမ်းမ ပေါ်တွင်   မော်တော်ယာဉ်ဆိုင်ရာ  ပြစ်မှုများနှင့် သတ်မှတ်အရှိန်နှုန်း ကျော်လွန်မောင်းနှင် ခြင်းများအတွက်  သက်ဆိုင်ရာ  တရားရုံးများမှ  ချမှတ်ပြစ်ဒဏ်  များ  သည် ယခင်ကထက် ပိုမို   ကြီးလေး သတ်မှတ် စီရင် ရမည်ဖြစ်သဖြင့်    အမြန်လမ်းမတလျောက်   သွားလာကြမည့်ခရီးသွားပြည်သူများ  အနေဖြင့် တရားရုံးတွင် ထိရောက်ပြစ်ဒဏ်  မခံယူရစေရေးအတွက်   ယာဉ်ကို အန္တရာယ်ကင်းစွာ သတ်မှတ်အရှိန်အတိုင်းသာ မောင်းနှင်ကြပါရန်နှင့်  သတ်မှတ်ထားသည့် ဥပဒေ များကို အလေးထားလိုက်နာ ခြင်းဖြင့်  အမြန်လမ်းမကြီးရဲတပ်ဖွဲ့  တပ်ဖွဲ့ဝင်မျာနှင့်အတူ ပူးပေါင်းပါဝင်  ကူညီဆောင်ရွက်ပေးနိုင်ကြပါရန်   ပြည်သူ အကျိုးရှေးရှု၍ သတိပေး ဖော်ပြအပ်ပါသည်ဟု  အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန်ကြေညာထားပါသည်။

ဥပဒေအသစ်အရ သတ်မှတ်အရှိန်နှုန်း ကျော်လွန်မောင်းနှင် ခြင်းအတွက် ဒဏ်ကြေးမှာ ယခင်က ကျပ် ငါးသောင်း ဖြစ်ပြီး ယခုအခါ ကျပ်တစ်သိန်း ဖြစ်ပါသည်။

စီမံချက် စတင်ခဲ့သည့် ဇွန်လ (၁) ရက်နေ့တွင်   အမြန်လမ်းမတွင်  သတ်မှတ် အရှိန်နှုန်း ကျော်လွန် မောင်းနှင်ယာဥ်  (၃၉) စီးကို  စစ်ဆေး ရရှိသဖြင့်  တရားဥပဒေ နှင့်အညီ လိုအပ်သလို ပြစ်ဒဏ် ချမှတ်နိုင်ရေး  တရားရုံးသို့  အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ဝင်များမှ စေလွတ် ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

 

 

 

Read times
Rate this item
(3 votes)