Rules and Regulations



ယာဉ်တိုက်မှုကြောင့်ထိခိုက်ဒဏ်ရာရသူများအား ယာဉ်ထိန်းရဲအလာကိုစောင့်နေစရာမလိုဘဲဆေးရုံပို့နိုင်

ယာဉ်တိုက်မှုကြောင့်ထိခိုက်ဒဏ်ရာရသူများအား ယာဉ်ထိန်းရဲအလာကိုစောင့်နေစရာမလိုဘဲဆေးရုံပို့နိုင် google

ကိုယ့်ရှေ့မှာယာဉ်တိုက်မှုဖြစ်လို့ ထိခိုက်ဒဏ်ရာရသူတွေ အပြင်းအထန်ဒဏ်ရာရနေတဲ့သူတွေ တွေ့ခဲ့ရင် ရဲတို့ ယာဉ်ထိန်းရဲတို့ကိုစောင့်နေစရာမလိုဘဲ နီးစပ်ရာဆေးခန်း၊ ဆေးရုံးကိုပို့ဆောင်ပေးရင်း အသက်ကယ်လို့ရပါပြီ။

 

ယာဉ်တိုက်မှုကြောင့်ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ဆေးရုံအချိန်မှီပို့ဖို့ နေရာကနေရွှေ့တဲ့အခါ လူနာနေရာရွှေ့လို့ဆိုပီး အရေးယူလို့မရပါဘူး။ ဒဏ်ရာပြင်းထန်းလို့စိုးရိမ်ရတဲ့အရေးပေါ်လူနာတွေကို ဆေးရုံအချိန်မှီရောက်စေဖို့ ကူညီတဲ့နေရာမှာ ဘယ်သူမှတားပိုင်ခွင့်မရှိပါဘူး။ နှောင့်နှေးအောင် ကြံကြာအောင်လဲဘယ်သူမှလုပ်လို့မရပါဘူး။

 

ကူညီနေတာကို နှောင့်ယှက်တဲ့သူ နှောင့်နှေးကြံကြာအောင်လုပ်တဲ့သူကို တစ်နှစ်ထက်မပိုတဲ့ထောင်ဒဏ် ဒဏ်ငွေတစ်သိန်း ဒဏ်နှစ်ရပ်လုံးသတ်မှတ်ထားတာမို့ တွေဝေးတွေးတောခြင်းမရှိပဲ လူ့အသက်တစ်ချောင်းကို ကူညီမှုနဲ့ ကုသိုလ်ယူအသက်ကယ်လိုက်ပါ။

 

ဟိုးအရင်တုန်က အစိုးရဆေးရုံကိုသာ လူနာကိုပို့ဆောင်ရတာဖြစ်ပေမဲ့ အခုတော့ နီးစပ်ရာဆေးရုံ ဆေးခန်းကြိုက်တဲ့နေရာ ပို့ဆောင်နိုင်ပါတယ်။ လူနာပို့ဆောင်လိုက်တဲ့ပုဂ္ဂလိကဆေးရုံ ကိုယ်ပိုင်ဆေးခန်းတွေကလဲ သူတို့ကုပေးလို့ရတယ်ဆိုတာ သိပြီးပါပြီ။ ကုပေးပြီးမှသာ သက်ဆိုင်ရာအစိုးရဆေးရုံကို စာရွက်စာတမ်းတွေနဲ့ မဖြစ်မနေလွှဲပြောင်းပေးရမှာပါ။

 

ဒါကြောင့် မိမိရှေ့မှာ ယာဉ်တိုက်မှုကြောင့်ထိခိုက်ဒဏ်ရာရသူတွေ တွေ့ကြုံခဲ့ရင် လူနာအသက်တာအဓိက ဆေးရုံ ၊ ဆေးခန်းအချိန်မှီရောက်ရေးသာအဓိကမို့ မည်သူ့ကိုမှစောင့်နေစရာမလိုဘဲ ကူညီမှုနဲ့အသက်ကယ်လိုက်ပါ။

 

Credit; Nay Myo Thu Ya

Read times
Rate this item
(1 Vote)