Rules and Regulations



online booking နဲ့ကားလိုင်စင်သက်တမ်းတိုးမယ်

online booking နဲ့ကားလိုင်စင်သက်တမ်းတိုးမယ် google

အနည်းဆုံး ၃ ရက်ကြိုတင်ပြီး booking ယူရပါတယ်။ booking ယူလို့အဆင်ပြေသွားပြီဆိုရင် Appointment letter လေးကို print ထုတ်ပြီး ယူသွားရပါတယ် မှတ်ပုံတင်မိတ္တူ တစ်စောင် လိုအပ်ပါတယ်။

 

မြန်မာ့အာမခံမှာ ပရီမီယံကြေးဆောင်ပါ (သို့) သက်ဆိုင်ရာ ကညနရုံး (မြင်သာ ၊ အင်းစိန်) တို့မှာ ဆောင်လို့ရပါတယ်။ မိမိ booking ပြုလုပ်ထားတဲ့ မနက်ပိုင်း (သို့) ညနေပိုင်းမှာ ကညနရုံးကို သွားပါ။

 

၁- ကားတန်းစီပါ။

၂- သက်တမ်းတိုးပုံစံစာရွက်ရယူဖို့

ကောင်တာ (၁) မှာ ယာဉ်မှတ်ပုံတင်စာအုပ်+ appointment letter + မှတ်ပုံတင်မိတ္တူ တို့ကို ပြပါ။ ပုံစံစာရွက် ရပြီဆိုလျှင် ကားစစ်ဆေးလို့ရပါပြီ။

၃- ယာဉ်+စက် ခဲခြစ်ပြီးရင် ကားမှန်မှာ Vehicle Inspection စတစ်ကာလေး ကပ်ပေးပါလိမ့်မယ်။

၎- စစ်ဆေးခံပြီးရင် ဓါတ်ပုံရိုက်ဖို့ နေရာကိုသွားပြီး ကားကို ဓါတ်ပုံရိုက်ပါ ဓါတ်ပုံရိုက်တဲ့အတွက် ၅၀၀ ကျပ် ဆောင်ပေးရပါတယ်။ အဲ့ဒါတွေ ပြီးသွားရင်တော့ ကားကို တစ်နေရာရာမှာ သွားရပ်ထားလိုက်လို့ ရပါပြီ။

၅- စစ်ဆေးခံထားပြီးတဲ့ စာရွက်တွေကို ကောင်တာ(၂) မှာ စစ်ပါ။ ကောင်တာ (၃) မှာ စာအုပ်နှင့် စာရွက်စာတမ်းများကို ထပ်ပါ။ ကောင်တာ (၄) မှာ သက်တိုးအတွက် ကျသင့်ငွေကို ပေးဆောင်ပါ။ ကောင်တာ (၅) မှာ စည်ပင် ဘီးခွန် နှင့် ညအိပ်ခွန် (လိုအပ်လျှင်) ပေးဆောင်ပါ။ ငွေသွင်းပြီးလျှင် ကောင်တာ (၂) ကို စာအုပ်နှင့် စာရွက်များကို ပြန်ပေးပါ။

 

ပြီးသွားပြီဆိုလျှင်တော့ ကောင်တာ (၅) ဘေးက အခန်းထဲမှာ ထိုင်စောင့်ပါ။

 

၁၅ မိနစ်လောက်စောင့်ပြီးရင်တော့ ယာဉ်မှတ်ပုံတင်စာအုပ်နဲ့ wheel tax ရပါပြီ။ ကိုယ်ပိုင်ယာဉ်တစ်စီးအတွက် ၂ နှစ်သက်တမ်းတိုးကုန်ကျငွေက 

 

ပရီမီယံ - ၁၀၀၀၀ ကျပ်

ယာဉ်သက်တမ်းတိုး - ၃၆၂၀၀ ကျပ်

ကားဓါတ်ပုံ - ၅၀၀ ကျပ်

ဘီးခွန်+ညအိပ်ခွန် - ၁၀၂၀၀ ကျပ် တို့ပဲ ကုန်ကျပါတယ်ဗျာ။

 

မှတ်ချက်။ ရန်ကုန်နှင့်မန္တလေး၌သာ booking ရှိပါသည်။ ကိုယ်တိုင်မလုပ်ဖူးပါ မျှဝေခြင်းသာဖြစ်၍ သိရှိသူများမှမေးခွန်းများကို ကူညီဖြေကြားပေးပါရန်။

 

Online Booking System စနစ်တကျကျင့်သုံးပုံ အဆင့်ဆင့်ကို ဒီနေရာမှ ဝင်ရောက်ကြည့်ရူနိုင်ပါတယ်။

 

မော်တော်ယာဉ်Online Booking System စနစ်တကျကျင့်သုံးပုံ အဆင့်ဆင့် 

 

Credit; Htunhla Aung

Read 112 times
Rate this item
(2 votes)