Rules and Regulations



ဖောင်းကြွနံပါတ်ပြားကိစ္စ လွှတ်တော်တွင် ဆွေးနွေး

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၄ ရက်နေ့တွင်ပြုလုပ်ခဲ့သော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်

အရေးပေါ်အစည်းအဝေး (၂/၂၀၂၀) တွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှ “ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ်နှင့် အခြားစက်တပ်ယာဉ်ဖောင်းကြွနံပါတ်ပြားများ အသစ်ပြောင်းလဲတပ်ဆင်ရာတွင် မည်သည့်စနစ်ဖြင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရန် နိုင်ငံတော်မှ မည်ကဲ့သို့အကျိုးအမြတ်ရသည်” ဟူသောမေးခွန်းကို ရန်ကုန်တိုင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြန်လည်ဖြေကြားခဲ့သည်။

"မော်တော်ယာဉ်မှတ်ပုံတင် နံပါတ်ပြား(Registration Number Plate of a Motor Vehicle) ဆိုသည်မှာ မော်တော်ယာဉ်၏ မှတ်ပုံတင်အမှတ်ကိုဖော်ပြလျက် မော်တော်ယာဉ်၏ အရှေ့နှင့်အနောက်တွင် တပ်ဆင်အသုံးပြုရန်လည်းကောင်း၊ မော်တော်ဆိုင်ကယ်၏ မှတ်ပုံတင်အမှတ်ကို ဖော်ပြလျက် မော်တော်ဆိုင်ကယ်၏အနောက်တွင် တပ်ဆင်အသုံးပြုရန်လည်းကောင်း၊ ဦးစီးဌာနက ထုတ်ပေးထား သော နံပါတ်ပြားကိုဆိုလိုသည်" ဟု ဖော်ပြထားပါကြောင်း၊
မော်တော်ယာဉ်မှတ်ပုံတင်နံပါတ်နှင့် အရည်အသွေး၊ အရွယ်အစား၊ လုံခြုံမှုအချက်အလက်များကို ဌာနကသတ်မှတ်ပေးပြီး တင်ဒါ အောင်မြင်သည့် ကုမ္ပဏီက ရိုက်နှိပ်၍ မှာယူသည့် သက်ဆိုင်ရာရုံးများသို့ ပစ္စည်းအရောက်ပို့ စနစ်ဖြင့် ဆောင်ရွက်ပေးခြင်း ဖြစ်ပြီး မှတ်ပုံတင်ထားသောယာဉ်တွင် မော်တော်ယာဉ်ဖောင်းကြွနံပါတ်ပြားကို ဌာနကစိစစ်ပြီး Lock Seal နှင့်အတူ တပ်ဆင်ပေးခြင်းဖြစ်ပါကြောင်း၊ လုံခြုံမှုအဆင့်အတန်းဝင် ဖောင်းကြွနံပါတ်ပြားလုပ်ငန်းကို ၅ နှစ်တစ်ကြိမ် တင်ဒါစနစ်ဖြင့်ခေါ်ယူ၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ခွင့်ပြုချက်ဖြင့်သာ ရွေးချယ်ဆောင်ရွက်လျက်ရှိပါကြောင်း၊
လက်ရှိတွင် နေပြည်တော်၊ ရန်ကုန်မြို့ (မြင်သာရုံး၊ ရွာသာကြီးရုံး၊ ထောက်ကြန့်ရုံး) ၊မန္တလေးမြို့၊ တောင်ကြီးမြို့၊ မော်လမြိုင်မြို့တို့တွင် ဖောင်းကြွနံပါတ်ပြားထုတ်လုပ်သည့် စက်ရုံ (၇) ရုံ ရှိပြီး လုံခြုံမှုအဆင့်အတန်းဝင် ပစ္စည်းများဖြစ်သောကြောင့် လုံခြုံရေးအစီအမံအရ စက်ရုံအဆောက်အဦကို ဌာနပိုင်ရုံးဝင်းအတွင်း၌ပင် ရင်းနှီးမြှုပ်နှံသူအစီအစဉ်ဖြင့် ဆောက်လုပ်စေခဲ့ပြီး ဖောင်းကြွနံပါတ်ပြားထုတ်လုပ်သည့် စက်ရုံနှင့် ထုတ်လုပ်ရာတွင် အသုံးပြုသည့် စက်ပစ္စည်းကိရိယာများကို တင်ဒါအောင်မြင်သူက ရင်းနှီးစိုက်ထုတ် ကျခံဆောင်ရွက်စေခဲ့ပြီး နိုင်ငံတော်က ဖောင်းကြွနံပါတ်ပြား၏ တန်ဖိုးကိုသာပေးချေပါကြောင်း၊
၁၃.၃.၂၀၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် ၃/၂၀၂၀ က လက်ရှိတင်ဒါအောင်မြင်သည့် Shwe Dain (S &S) Co.,ltd နှင့်ဈေးနှုန်းလျှော့ချအဆိုပြုချက်နှင့် နောက်ထပ်သက်တမ်း ၅နှစ် သတ်မှတ်၍ တစ်နှစ်တစ်ကြိမ် စာချုပ်ချုပ်ဆိုရန် ကိစ္စကို မူအားဖြင့် သဘောတူခဲ့ပြီး နိုင်ငံတော်သမ္မတရုံးကို ဆက်လက်တင်ပြခဲ့ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ စီးပွားရေးကော်မတီသို့ တင်ပြဆောင်ရွက်ရန် အကြောင်းကြားလာပါသဖြင့် ၂၈.၅.၂၀၂၀ နေ့တွင် စီးပွားရေးရာကော်မတီသို့ ဆက်လက်တင်ပြ ထားပါကြောင်း၊
နိုင်ငံတကာတွင်အသုံးပြုနေသည့် မော်တော်ယာဉ်နံပါတ်ပြားများနည်းတူ လုံခြုံရေးဆိုင်ရာအချက်အလက် (Security Feature) ၅ ခုကို ၁၁.၁.၂၀၁၉ ရက်နေ့မှစ၍ ထပ်မံတိုးမြှင့်ထည့်သွင်းရိုက်နှိပ်ပေးလျက်ရှိပြီး လုံခြုံရေးဆိုင်ရာအချက်အလက်များကို သိရှိစစ်ဆေး နိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများကို အသိပေးထားပြီးဖြစ်ပါကြောင်း၊
ဖောင်းကြွနံပါတ်များကို ရောင်းချခြင်း၊ တင်ဒါအောင်ကုမ္ပဏီသို့ ပေးချေခြင်းနှင့် နိုင်ငံတော်မှရရှိခြင်း အခြေအနေများမှာ
မော်တော်ယာဉ် ၊
ရေတွက်ပုံ (စုံ)၊ ဈေးနှုန်း (၁၀,၀၀၀)ကျပ်၊ ပေးချေနှုန်း (၈,၅၀၀)ကျပ်၊ ရရှိငွေ (၁,၅၀၀) ကျပ်၊
ထရော်လာဂျီ၊
ရေတွက်ပုံ(စုံ)၊ ဈေးနှုန်း (၁၀,၀၀၀) ကျပ်၊ ပေးချေနှုန်း (၈၅၀၀) ကျပ် ၊ ရရှိငွေ (၁၅၀၀)၊
သုံးဘီးမော်တော်ဆိုင်ကယ် ၊
ရေတွက်ပုံ (စုံ) ၊ဈေးနှုန်း (၅,၀၀၀) ကျပ်၊ ပေးချေနှုန်း (၃,၅၀၀ ) ကျပ်၊ ရရှိငွေ ( ၁,၅၀၀ )ကျပ် ၊
မော်တော်ဆိုင်ကယ် ၊
ရေတွက်ပုံ (ချပ်) ၊ ဈေးနှုန်း (၂,၅၀၀)ကျပ်၊ ရရှိငွေ (၁,၇၅၀)ကျပ်၊ ပေးချေနှုန်း(၇၅၀)ကျပ် ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

ေဖာင္းႂကြနံပါတ္ျပားကိစၥ လႊတ္ေတာ္တြင္ ေဆြးေႏြး


၂၀၂၀ ျပည့္ႏွစ္၊ ဇြန္လ ၄ ရက္ေန႔တြင္ျပဳလုပ္ခဲ့ေသာ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ အေရးေပၚအစည္းအေဝး (၂/၂၀၂၀) တြင္ လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးမွ “ရန္ကုန္တိုင္းေဒသႀကီးအတြင္း ေမာ္ေတာ္ယာဥ္ႏွင့္ အျခားစက္တပ္ယာဥ္ေဖာင္းႂကြနံပါတ္ျပားမ်ား အသစ္ေျပာင္းလဲတပ္ဆင္ရာတြင္ မည္သည့္စနစ္ျဖင့္ ပြင့္လင္းျမင္သာစြာ ေဆာင္႐ြက္ရန္ ႏိုင္ငံေတာ္မွ မည္ကဲ့သို႔အက်ိဳးအျမတ္ရသည္” ဟူေသာေမးခြန္းကို ရန္ကုန္တိုင္း လွ်ပ္စစ္၊ စက္မႈလက္မႈႏွင့္ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ေဒၚနီလာေက်ာ္က ျပန္လည္ေျဖၾကားခဲ့သည္။

"ေမာ္ေတာ္ယာဥ္မွတ္ပုံတင္ နံပါတ္ျပား(Registration Number Plate of a Motor Vehicle) ဆိုသည္မွာ ေမာ္ေတာ္ယာဥ္၏ မွတ္ပုံတင္အမွတ္ကိုေဖာ္ျပလ်က္ ေမာ္ေတာ္ယာဥ္၏ အေရွ႕ႏွင့္အေနာက္တြင္ တပ္ဆင္အသုံးျပဳရန္လည္းေကာင္း၊ ေမာ္ေတာ္ဆိုင္ကယ္၏ မွတ္ပုံတင္အမွတ္ကို ေဖာ္ျပလ်က္ ေမာ္ေတာ္ဆိုင္ကယ္၏အေနာက္တြင္ တပ္ဆင္အသုံးျပဳရန္လည္းေကာင္း၊ ဦးစီးဌာနက ထုတ္ေပးထား ေသာ နံပါတ္ျပားကိုဆိုလိုသည္" ဟု ေဖာ္ျပထားပါေၾကာင္း၊
ေမာ္ေတာ္ယာဥ္မွတ္ပုံတင္နံပါတ္ႏွင့္ အရည္အေသြး၊ အ႐ြယ္အစား၊ လုံၿခဳံမႈအခ်က္အလက္မ်ားကို ဌာနကသတ္မွတ္ေပးၿပီး တင္ဒါ ေအာင္ျမင္သည့္ ကုမၸဏီက ႐ိုက္ႏွိပ္၍ မွာယူသည့္ သက္ဆိုင္ရာ႐ုံးမ်ားသို႔ ပစၥည္းအေရာက္ပို႔ စနစ္ျဖင့္ ေဆာင္႐ြက္ေပးျခင္း ျဖစ္ၿပီး မွတ္ပုံတင္ထားေသာယာဥ္တြင္ ေမာ္ေတာ္ယာဥ္ေဖာင္းႂကြနံပါတ္ျပားကို ဌာနကစိစစ္ၿပီး Lock Seal ႏွင့္အတူ တပ္ဆင္ေပးျခင္းျဖစ္ပါေၾကာင္း၊ လုံၿခဳံမႈအဆင့္အတန္းဝင္ ေဖာင္းႂကြနံပါတ္ျပားလုပ္ငန္းကို ၅ ႏွစ္တစ္ႀကိမ္ တင္ဒါစနစ္ျဖင့္ေခၚယူ၍ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန ခြင့္ျပဳခ်က္ျဖင့္သာ ေ႐ြးခ်ယ္ေဆာင္႐ြက္လ်က္ရွိပါေၾကာင္း၊
လက္ရွိတြင္ ေနျပည္ေတာ္၊ ရန္ကုန္ၿမိဳ႕ (ျမင္သာ႐ုံး၊ ႐ြာသာႀကီး႐ုံး၊ ေထာက္ၾကန႔္႐ုံး) ၊မႏၲေလးၿမိဳ႕၊ ေတာင္ႀကီးၿမိဳ႕၊ ေမာ္လၿမိဳင္ၿမိဳ႕တို႔တြင္ ေဖာင္းႂကြနံပါတ္ျပားထုတ္လုပ္သည့္ စက္႐ုံ (၇) ႐ုံ ရွိၿပီး လုံၿခဳံမႈအဆင့္အတန္းဝင္ ပစၥည္းမ်ားျဖစ္ေသာေၾကာင့္ လုံၿခဳံေရးအစီအမံအရ စက္႐ုံအေဆာက္အဦကို ဌာနပိုင္႐ုံးဝင္းအတြင္း၌ပင္ ရင္းႏွီးျမႇဳပ္ႏွံသူအစီအစဥ္ျဖင့္ ေဆာက္လုပ္ေစခဲ့ၿပီး ေဖာင္းႂကြနံပါတ္ျပားထုတ္လုပ္သည့္ စက္႐ုံႏွင့္ ထုတ္လုပ္ရာတြင္ အသုံးျပဳသည့္ စက္ပစၥည္းကိရိယာမ်ားကို တင္ဒါေအာင္ျမင္သူက ရင္းႏွီးစိုက္ထုတ္ က်ခံေဆာင္႐ြက္ေစခဲ့ၿပီး ႏိုင္ငံေတာ္က ေဖာင္းႂကြနံပါတ္ျပား၏ တန္ဖိုးကိုသာေပးေခ်ပါေၾကာင္း၊
၁၃.၃.၂၀၂၀ ရက္ေန႔တြင္ က်င္းပျပဳလုပ္ခဲ့သည့္ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန၊ စီမံခန႔္ခြဲေရးေကာ္မတီ အစည္းအေဝးအမွတ္စဥ္ ၃/၂၀၂၀ က လက္ရွိတင္ဒါေအာင္ျမင္သည့္ Shwe Dain (S &S) Co.,ltd ႏွင့္ေဈးႏႈန္းေလွ်ာ့ခ်အဆိုျပဳခ်က္ႏွင့္ ေနာက္ထပ္သက္တမ္း ၅ႏွစ္ သတ္မွတ္၍ တစ္ႏွစ္တစ္ႀကိမ္ စာခ်ဳပ္ခ်ဳပ္ဆိုရန္ ကိစၥကို မူအားျဖင့္ သေဘာတူခဲ့ၿပီး ႏိုင္ငံေတာ္သမၼတ႐ုံးကို ဆက္လက္တင္ျပခဲ့ရာ လုပ္ထုံးလုပ္နည္းႏွင့္အညီ စီးပြားေရးေကာ္မတီသို႔ တင္ျပေဆာင္႐ြက္ရန္ အေၾကာင္းၾကားလာပါသျဖင့္ ၂၈.၅.၂၀၂၀ ေန႔တြင္ စီးပြားေရးရာေကာ္မတီသို႔ ဆက္လက္တင္ျပ ထားပါေၾကာင္း၊
ႏိုင္ငံတကာတြင္အသုံးျပဳေနသည့္ ေမာ္ေတာ္ယာဥ္နံပါတ္ျပားမ်ားနည္းတူ လုံၿခဳံေရးဆိုင္ရာအခ်က္အလက္ (Security Feature) ၅ ခုကို ၁၁.၁.၂၀၁၉ ရက္ေန႔မွစ၍ ထပ္မံတိုးျမႇင့္ထည့္သြင္း႐ိုက္ႏွိပ္ေပးလ်က္ရွိၿပီး လုံၿခဳံေရးဆိုင္ရာအခ်က္အလက္မ်ားကို သိရွိစစ္ေဆး ႏိုင္ရန္ သက္ဆိုင္ရာတာဝန္ရွိသူမ်ားကို အသိေပးထားၿပီးျဖစ္ပါေၾကာင္း၊
ေဖာင္းႂကြနံပါတ္မ်ားကို ေရာင္းခ်ျခင္း၊ တင္ဒါေအာင္ကုမၸဏီသို႔ ေပးေခ်ျခင္းႏွင့္ ႏိုင္ငံေတာ္မွရရွိျခင္း အေျခအေနမ်ားမွာ
ေမာ္ေတာ္ယာဥ္ ၊
ေရတြက္ပုံ (စုံ)၊ ေဈးႏႈန္း (၁၀,၀၀၀)က်ပ္၊ ေပးေခ်ႏႈန္း (၈,၅၀၀)က်ပ္၊ ရရွိေငြ (၁,၅၀၀) က်ပ္၊
ထေရာ္လာဂ်ီ၊
ေရတြက္ပုံ(စုံ)၊ ေဈးႏႈန္း (၁၀,၀၀၀) က်ပ္၊ ေပးေခ်ႏႈန္း (၈၅၀၀) က်ပ္ ၊ ရရွိေငြ (၁၅၀၀)၊
သုံးဘီးေမာ္ေတာ္ဆိုင္ကယ္ ၊
ေရတြက္ပုံ (စုံ) ၊ေဈးႏႈန္း (၅,၀၀၀) က်ပ္၊ ေပးေခ်ႏႈန္း (၃,၅၀၀ ) က်ပ္၊ ရရွိေငြ ( ၁,၅၀၀ )က်ပ္ ၊
ေမာ္ေတာ္ဆိုင္ကယ္ ၊
ေရတြက္ပုံ (ခ်ပ္) ၊ ေဈးႏႈန္း (၂,၅၀၀)က်ပ္၊ ရရွိေငြ (၁,၇၅၀)က်ပ္၊ ေပးေခ်ႏႈန္း(၇၅၀)က်ပ္ ျဖစ္ေၾကာင္း” ေျပာၾကားခဲ့သည္။

Read times
Rate this item
(2 votes)