Rules and Regulations



သင့္ကားအားမူလရံုးမဟုတ္ဘဲအျခားေနရာမွာ ဘယ္ႏွစ္ႀကိမ္အထိသက္တမ္းတိုးႏိုင္ပါသလဲ

သင့္ကားအားမူလရံုးမဟုတ္ဘဲအျခားေနရာမွာ ဘယ္ႏွစ္ႀကိမ္အထိသက္တမ္းတိုးႏိုင္ပါသလဲ google

ရန္ကုန္လိုင္စင္ (YGN)၊ မႏၲေလးလိုင္စင္ (MDY)၊ ေနျပည္ေတာ္လိုင္စင္ (NPT)၊ စစ္ကိုင္းလိုင္စင္ (SGG) စတဲ႔ ကားအသီးသီးဟာ လိုင္စင္သက္တမ္းကုန္လို႔ သက္တမ္းတိုးၾကတဲ႔အခါ ရန္ကုန္လိုင္စင္ဟာလည္း ရန္ကုန္ထိကားယူသြားစရာမလို၊ မႏၲေလးလိုင္စင္ဆိုရင္လည္း မႏၲေလးကိုကားယူသြားစရာမလိုဘဲ မိမိလက္ရွိ ရွိေနတဲ႔ကညနမွာ တျခမ္းစစ္ ခရီးလြန္စစ္ျခင္းျဖင့္သက္တမ္းတိုးျခင္းေဆာင္ရြက္ႏိုင္တာေၾကာင့္ မူလရံုးထိကားသယ္ေဆာင္သက္တမ္းတိုးရတဲ႔ဒုကၡကို ကင္းေဝးေစပါတယ္။

 

ဟုတ္ပါတယ္။ မိမိေရာက္ေနတာကေတာင္ႀကီးမွာ မိမိကားက ရန္ကုန္လိုင္စင္ကား သက္တမ္းကကုန္ေတာ့မယ္ ရန္ကုန္ထိဒီကားကိုေမာင္းသြားၿပီးသက္တမ္းတိုးရမွာဆိုရင္ မိမိကမအားတာ လုပ္ငန္းကိစၥဘာညာနဲ႔ အေတာ္ဒုကၡမ်ားမယ္ေလ။ အခုေတာ့ အဲ႔ဒီရန္ကုန္လိုင္စင္ကားလည္း မိမိရွိေနတဲ႔ ဒီေတာင္ႀကီးမွာဘဲ တျခမ္းစစ္ ခရီးလြန္စစ္ မူလရံုးျဖစ္တဲ႔ရန္ကုန္ကို စာရြက္စာတမ္းပို႔ေစျခင္းျဖင့္ ကားေမာင္းသြားစရာမလိုဘဲ သက္တမ္းတိုးျခင္းကိစၥၿပီးသြားတယ္ေလ အလုပ္မရႈပ္ေတာ့ဘဲ အေတာ္အဆင္ေျပသြားတာေပါ့။

 

ဒါကို ကြ်န္ေတာ္မိဘျပည္သူမ်ားလည္း သိထားၿပီးသားပါ။ အခုေျပာျပခ်င္တာက အဲ႔ဒီလို မိမိကားကိုမူလရံုးထိကားေမာင္းသြားစရာမလိုဘဲ အျခားေနရာမွာ ဘယ္ႏွစ္ႀကိမ္အထိသက္တမ္းတိုးႏိုင္ပါသလဲဆိုတာကိုေျပာျပခ်င္တာပါ။မိမိကားကို မူလရံုးမဟုတ္ဘဲ မိမိရွိေနရာ ကညနမွာ ႏွစ္ႀကိမ္သက္တမ္တိုးခြင့္ရွိပါတယ္။ ႏွစ္ႀကိမ္ျပည့္သြားတာနဲ႔သံုးႀကိမ္ေျမာက္မွာေတာ့မျဖစ္မေနဆိုင္ရာလိုင္စင္အလိုက္သက္ဆိုင္ရာရံုးထိကားေမာင္းသြားၿပီးသက္တမ္းတိုးရမွာပါ။

 

 

အဲ႔လို တစ္ခါမူလရံုး သက္တမ္းတိုးၿပီးတာနဲ႔ ေစာေစာကလို အျခားေနရာမွာ ႏွစ္ႀကိမ္ျပန္ရျပန္ေရာ ဒီေတာ့ ႏွစ္ႀကိမ္အျခားတိုးၿပီးတိုင္း တစ္ႀကိမ္မူလရံုးတိုးေပါ့ ႏွစ္တစ္ ႏွစ္တစ္ေပါ့ဗ်ာ။ဒီေတာ့ ႏွစ္ႀကိမ္တိတိ မိမိႀကိဳက္ႏွစ္သက္ရာမွာ သက္တမ္းတိုးထားတဲ႔ကားပိုင္ရွင္မ်ား တတိယအႀကိမ္ဆိုရင္ေတာ့ မူလရံုးမွာပဲ သက္တမ္းတိုးရမွာဆိုတာ ႀကိဳတင္ေျပာျပလိုက္ပါတယ္ခင္ဗ်ာ။

 

Credit; ဒုရဲအုပ္ေဌးလြင္()ေနမ်ိဳးသူရ

 

Unicode

 

ရန်ကုန်လိုင်စင် (YGN)၊ မန္တလေးလိုင်စင် (MDY)၊ နေပြည်တော်လိုင်စင် (NPT)၊ စစ်ကိုင်းလိုင်စင် (SGG) စတဲ့ ကားအသီးသီးဟာ လိုင်စင်သက်တမ်းကုန်လို့ သက်တမ်းတိုးကြတဲ့အခါ ရန်ကုန်လိုင်စင်ဟာလည်း ရန်ကုန်ထိကားယူသွားစရာမလို၊ မန္တလေးလိုင်စင်ဆိုရင်လည်း မန္တလေးကိုကားယူသွားစရာမလိုဘဲ မိမိလက်ရှိ ရှိနေတဲ့ကညနမှာ တခြမ်းစစ် ခရီးလွန်စစ်ခြင်းဖြင့်သက်တမ်းတိုးခြင်းဆောင်ရွက်နိုင်တာကြောင့် မူလရုံးထိကားသယ်ဆောင်သက်တမ်းတိုးရတဲ့ဒုက္ခကို ကင်းဝေးစေပါတယ်။


ဟုတ်ပါတယ်။ မိမိရောက်နေတာကတောင်ကြီးမှာ မိမိကားက ရန်ကုန်လိုင်စင်ကား သက်တမ်းကကုန်တော့မယ် ရန်ကုန်ထိဒီကားကိုမောင်းသွားပြီးသက်တမ်းတိုးရမှာဆိုရင် မိမိကမအားတာ လုပ်ငန်းကိစ္စဘာညာနဲ့ အတော်ဒုက္ခများမယ်လေ။ အခုတော့ အဲ့ဒီရန်ကုန်လိုင်စင်ကားလည်း မိမိရှိနေတဲ့ ဒီတောင်ကြီးမှာဘဲ တခြမ်းစစ် ခရီးလွန်စစ် မူလရုံးဖြစ်တဲ့ရန်ကုန်ကို စာရွက်စာတမ်းပို့စေခြင်းဖြင့် ကားမောင်းသွားစရာမလိုဘဲ သက်တမ်းတိုးခြင်းကိစ္စပြီးသွားတယ်လေ အလုပ်မရှုပ်တော့ဘဲ အတော်အဆင်ပြေသွားတာပေါ့။


ဒါကို ကျွန်တော်မိဘပြည်သူများလည်း သိထားပြီးသားပါ။ အခုပြောပြချင်တာက အဲ့ဒီလို မိမိကားကိုမူလရုံးထိကားမောင်းသွားစရာမလိုဘဲ အခြားနေရာမှာ ဘယ်နှစ်ကြိမ်အထိသက်တမ်းတိုးနိုင်ပါသလဲဆိုတာကိုပြောပြချင်တာပါ။မိမိကားကို မူလရုံးမဟုတ်ဘဲ မိမိရှိနေရာ ကညနမှာ နှစ်ကြိမ်သက်တမ်တိုးခွင့်ရှိပါတယ်။ နှစ်ကြိမ်ပြည့်သွားတာနဲ့သုံးကြိမ်မြောက်မှာတော့မဖြစ်မနေဆိုင်ရာလိုင်စင်အလိုက်သက်ဆိုင်ရာရုံးထိကားမောင်းသွားပြီးသက်တမ်းတိုးရမှာပါ။


အဲ့လို တစ်ခါမူလရုံး သက်တမ်းတိုးပြီးတာနဲ့ စောစောကလို အခြားနေရာမှာ နှစ်ကြိမ်ပြန်ရပြန်ရော ဒီတော့ နှစ်ကြိမ်အခြားတိုးပြီးတိုင်း တစ်ကြိမ်မူလရုံးတိုးပေါ့ နှစ်တစ် နှစ်တစ်ပေါ့ဗျာ။ဒီတော့ နှစ်ကြိမ်တိတိ မိမိကြိုက်နှစ်သက်ရာမှာ သက်တမ်းတိုးထားတဲ့ကားပိုင်ရှင်များ တတိယအကြိမ်ဆိုရင်တော့ မူလရုံးမှာပဲ သက်တမ်းတိုးရမှာဆိုတာ ကြိုတင်ပြောပြလိုက်ပါတယ်ခင်ဗျာ။

 


Credit; ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ

Read times
Rate this item
(1 Vote)