Rules and Regulations



ယာဉ်​နံပတ်​ရယူ၍ ယာဉ်​စစ်​​ဆေးထားပြီး မှတ်​ပုံတင်​အခ​ငွေ မ​ပေးသွင်းသည့်​ကားများအား ဥပ​ဒေအရ​ အ​ရေးယူမည်

ယာဉ်​နံပတ်​ရယူ၍ ယာဉ်​စစ်​​ဆေးထားပြီး မှတ်​ပုံတင်​အခ​ငွေ မ​ပေးသွင်းသည့်​ကားများအား ဥပ​ဒေအရ​ အ​ရေးယူမည် google

ကနဦးမှတ်​ပုံတင်​ထား​သော ​မော်​​တော်​ယာဉ်​အစီး​ရေ ၆,၀၀၀ နီးပါးမှာ မူ​သေယာဉ်နံပတ်များ​​ရယူ၍ ယာဉ်​စစ်​​ဆေးထားပြီး နိုင်​ငံ​တော်သို့​​ပေးသွင်းရမည့်​အခ​ငွေများ ​ပေးသွင်းရန်​ကျန်​ရှိ​နေ​သော ယာဉ်​များကို ၁ လအတွင်း မှတ်​ပုံတင်​အခ​ငွေ​များဥပ​ဒေအရ အ​ရေးယူသွားမည်ဖြစ်​​ကြောင်း ကုန်းလမ်းပို့​ဆောင်​​ရေး ညွှန်​ကြားမှုဦးစီးဌာနမှသိရပါတယ်။

 

"​မော်​​တော်​ယာဉ်​တွေမှာ ယာဉ်​နံပတ်​ မူ​သေအမှတ်​ရယူပြီး နိုင်​ငံ​တော်​​ပေးသွင်းရမယ့်​ အခ​ငွေတွေ မ​ပေးသွင်းဘဲ လုပ်​ထားတဲ့ကား​တွေအများကြီး​ကျန်​နေသေး​တယ်။ ဒီကား​တွေကိုလည်း တစ်​လ အထိအချိန်​​ပေးထားပြီးသားပါ။ အခုအချိန်​အထိ၊ ၁ လ​ကျော်​တဲ့အထိ အခွန်​လာမ​ဆောင်​တဲ့ကား​တွေကျန်​​သေးလို့ ဥပ​ဒေအရ အ​ရေးယူသွားမှာပါ" ဟု ကုန်းလမ်းပို့​ဆောင်​​ရေး ညွှန်​ကြားမှုဦးစီးဌာနမှ တာဝန်​ရှိသူတစ်​ဦးက​ပြောကြားခဲ့ပါတယ်​။

 

Readmore;နိုင်ငံတကာက ကျွမ်းကျင်သူတွေရွေးချယ်ထားတဲ့ ၂၀၁၉ အကောင်းဆုံး SUVs ကားများ

 

မော်​​တော်​ယာဉ်​ပိုင်​ရှင်​များ၊ ယာဉ်​တင်​သွင်းသည့်​ ကုမ္ပဏီများ၊ လုပ်​ငန်း​ဆောင်​ရွက်​သူများအ​နေဖြင့် ကနဦးမှတ်​ပုံတင်​ယာဉ်​လုပ်​ငန်းများ ​ဆောင်​ရွက်​ရာတွင်​ မူ​သေအမှတ်​ရယူခြင်း၊ ယာဉ်​စစ်​​ဆေးခြင်း၊ မှတ်​ပုံတင်​ အခ​ငွေ​ပေးသွင်းခြင်း၊ ယာဉ်​မှတ်​ပုံတင်​စာအုပ်​ (ကမ-) နှင့်​ ယာဉ်​မှတ်​ပုံတင်​သက်​​သေခံလက်မှတ်​ CVR ထုတ်​ယူခြင်းများကို ​ဆောင်​ရွက်​ရမည်​ဖြစ်​ရာ အချို့​သော ကနဦးမှတ်ပုံတင်​ယာဉ်​များမှာ မူ​သေအမှတ်​ရယူ၍ ယာဉ်​စစ်​​ဆေးထားပြီး နိုင်​ငံ​တော်သို့​ ပေးသွင်းရမည့်​အခ​ငွေများ မ​ပေးသွင်းဘဲ ​မော်​​တော်​ယာဉ်​များကို ကာလကြာမြင့်​စွာ အသုံးပြု​နေ​သော​​ကြောင့် မလိုလားအပ်​​သည့် ပြဿနာများ မဖြစ်​ပွား​စေ​ရေးအတွက်​ ဥပ​ဒေအရ အ​ရေးယူ​ဆောင်​ရွက်​ရန်​ လုပ်​​ဆောင်​သွားမည်​ဖြစ်​​ကြောင်း ကညန မှ အသိ​ပေး​ကြေညာခြင်းဖြစ်ပါတယ်။

 

Source;CarDB

Read times
Rate this item
(1 Vote)