Rules and Regulations

မြန်မာအက္ခရာနံပါတ်ပြား ပျောက်ဆုံးပါက တစ်ပတ်အတွင်း အင်္ဂလိပ်အက္ခရာ ဖောင်းကြွနံပါတ်ပြား ပြန်ထုတ်  ပေးမည်ဖြစ်ကြောင်းသိရသည်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ ၁၉ ရက်နေ့အထိ တစ်ပတ်အတွင်း ယာဉ်မောင်းဦးရေနှစ်ရာကျော်ကို Alcohol Tester ဖြင့်စစ်ဆေးအရေးယူနိုင်ခဲ့ကြောင်းသိရသည်။
ရန်ကုန်မြို့တွင်းပြေးဆွဲလျက်ရှိသော YBS ဘတ်စကားများ၏ မှတ်တိုင်အလိုက်ကောက်ခံရမည့် နှုန်းထားများကို ရက်ပိုင်းအတွင်းထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်းသိရသည်။
အခွန်ပေးဆောင်ရန် ကျန်ရှိသည့် ကားကုမ္ပဏီပိုင်ရှင်ကို ဆိပ်ကမ်းမှ ကားထုတ်ယူခွင့် ပိတ်မည်ဖြစ်ပြီး ပြည်ပထွက်ခွာခွင့်လည်း တားမြစ်မည်ဖြစ်ကြောင်းသိရသည်။
YBS စနစ်တွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၈၀ ရာခိုင်နူန်းသည် စည်းကမ်းဖောက်ဖျက်မှုများ ရှိနေကြသည်ဟု ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ ပြောကြားချက်အရသိရသည်။
ပြည်ပမှ မော်တော်ယာဉ်တင်သွင်းသော စည်းကျပ်တပ်ဖိုး(CIF) ဈေးနှုန်းသစ်များကို ၂၀၁၇ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက်နေ့တွင်ထုတ်ပြန်လိုက်ကြောင်းသိရသည်။
မြို့ပြင်လမ်းကြောင်းများတွင် ပြေးဆွဲလျှက်ရှိသော ဒိုင်နာနှင့် ဘီအမ်ခရီးသည်တင်ယာဉ်များကို ဧပြီလ ၁၆ ရက်အထိသာပြေးဆွဲခွင့်ရမည်ဖြစ်ကြောင်းသိရသည်။
ဇန်န၀ါရီ ၁ ရက်နေ့မှစ၍ ဘီးခွန်ပေးဆောင်ခြင်းကို ကညန သက်တမ်းအတိုင်းပြောင်းလဲလိုက်သောကြောင့် ဘီးခွန်သက်တမ်းပြုလုပ်ချိန်တွင် ယာဉ်သက်သေခံကတ်ပြား(အ၀ိုင်း)နှင့် ကမ-၃ စာအုပ်တို့ပြသနိုင်မှသာ ဘီးခွန်ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။
၁၉၉၅ မိုဒယ်အောက် City Bus နှင့် BM ၃၇၄ စီးကို အပ်နှံခွင့်ပြုထားပြီး တစ်ပတ်အတွင်း အစီးရေ ၄၈ စီးလာရောက်အပ်နှံခဲ့ကြောင်းသိရသည်။
ရန်ကုန်မြို့တွင် ယနေ့ပြောင်းလဲပြေးဆွဲနေသည့် အများပိုင်ဘတ်စ်ကားစနစ်သစ်မှာ စီမံအုပ်ချုပ်မှုနှင့် ယာဉ်လိုင်းတံဆိပ်သာအပြောင်းအလဲဖြစ်ကြောင်းသိရသည်။