Rules and Regulations

10.1.2019 မှစလို့ သက်တမ်းတိုးတာပဲဖြစ်ဖြစ် အပျောက်လျှောက်လို့ပဲဖြစ်ဖြစ် မူလမြန်မာအက္ခရာနှင့်ဖေါင်းကြွနံပါတ်ပြားအား အပ်နှံစေပြီး အသစ်ထုတ်ပေးတဲ့အင်္ဂလိပ်အက္ခရာနံပါတ်ပြားမှာ ပုံပါအတိုင်း "ယ"နေရာမှာ "W" လို့ပြောင်းလဲပြီး မူလလိုင်စင်ပြုလုပ်ရာပြည်နယ်/တိုင်း အမှတ်အသားဖြစ်တဲ့ NPW(နေပြည်တော်) MDY(မန္တလေး) MON(မွန်) KCN(ကချင်)SHAN(ရှမ်း) စသည်ဖြင့်မြို့အတိုကောက် အင်္ဂလိပ်စာလုံးလေးတွေ ဝှီးတက်တွင်မပါရှိသော်လည်း နံပါတ်ပြားမှာပါလာပါတယ်။
ကနဦးမှတ်​ပုံတင်​ထား​သော ​မော်​​တော်​ယာဉ်​အစီး​ရေ ၆,၀၀၀ နီးပါးမှာ မူ​သေယာဉ်နံပတ်များ​​ရယူ၍ ယာဉ်​စစ်​​ဆေးထားပြီး နိုင်​ငံ​တော်သို့​​ပေးသွင်းရမည့်​အခ​ငွေများ ​ပေးသွင်းရန်​ကျန်​ရှိ​နေ​သော ယာဉ်​များကို ၁ လအတွင်း မှတ်​ပုံတင်​အခ​ငွေ​များဥပ​ဒေအရ အ​ရေးယူသွားမည်ဖြစ်​​ကြောင်း ကုန်းလမ်းပို့​ဆောင်​​ရေး ညွှန်​ကြားမှုဦးစီးဌာနမှသိရပါတယ်။
တချို့ဆို ချလန်ဖြတ်ခံထားရတာ နှစ်နဲ့ချီနေပြီ ချလန်ကလဲ ဘယ်နားသိမ်းထားလို့သိမ်းထားမှန်းမသိတော့ ၊ ခုမှသတိရလို့ရှာကြည့်တော့မတွေ့တော့ဘူး။
ရန်ကုန်တိုင်းဒေသကြီးတွင် "ခ" ယာဉ်မောင်းလိုင်စင်ဖြေဆိုရာတွင် ယာဉ်မောင်းသင်တန်းဆင်းလက်မှတ် မလိုအပ်တော့ဘဲ ကညနမှ ဖွင့်လှစ်သည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးသင်တန်းအား တက်ရောက်ပြီး ဖြေဆိုနိုင်သည့်စနစ်အား ပြောင်းလဲလိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကညနမှ သတင်းရရှိပါသည်။
ရာသီဥတုကြောင့် အနက်ရောင်စတေကာကပ်ချင်နေတဲ့ ယာဉ်မောင်းတွေရှိကြပါလိမ့်မယ်။ စတေကာအမဲကြီးတွေကပ်လို့ အမြဲတမ်းစည်းကမ်းလိုက်နာခဲ့တဲ့ ယာဉ်မောင်းတွေဖြစ်တဲ့အတွက် စည်းကမ်းဖေါက်ရာကျသွားမှာကို စိုးရိမ်းနေတဲ့ယာဉ်မောင်းကောင်းတွေလည်းရှိနေပါလိမ့်မယ်။
ဆရာရယ်"င"လိုင်စင်ရဖို့လေးအတွက်ကို"ခ"လိုင်စင်ကနေ ၅ နှစ်ကြီးတောင်စောင့်နေခဲ့ရတာ ရပီးသား"င"လိုင်စင်ကိုတော့"ခ"ပြန်မပြောင်းပါရစေနဲ့လို့ ဟုတ်ပါတယ် အဲ့ဒီလိုပြောကြတဲ့သူများကြမှာပါ။
အဓိကကတော့ ကားသေးခြင်း ကြီးခြင်းနဲ့ မဆိုင်ပါဘူး။ မိမိဟာဤကားနဲ့မည်သည့်ပစ္စည်းကိုသယ်ယူပို့ဆောင်မယ် /မပို့ဆောင်ဘူးဆိုတာနဲ့ပဲအဓိကကျပါတယ်။
လက်ရှိအသုံးပြုလျှက်ရှိသော ယာဉ်မောင်းလိုင်စင်(၁၁)မျိုးအားဖော်ပြလိုက်ပါသည်။ “ဌ”လိုင်စင်နှင့် “ASEAN” လိုင်စင်တို့ မဖော်ပြထားပါ။
ကိုယ်ကိုင်ထားတဲ့ယာဉ်မောင်းလိုင်စင်ဟာ"သ" "က" "ခ" "ဂ" "ဃ" "င" "ဟ" "စ"ဘယ်ဟာပဲဖြစ်ဖြစ်ပေါ့ အဲ့ဒီလိုင်စင်တစ်ခုခု သက်တမ်းတိုးမယ်ဆို ဘယ်လောက်ကုန်မလဲ....
ရန်ကုန်တိုင်းအတွင်း ညအချိန်တွင် စည်းကမ်းမဲ့မောင်းနှင်သော ပါဝါအိတ်ဇောတပ် ပြိုင်ကားများကို စီမံချက်ဖြင့်